Face of Myanmar - TopicsExpress



          

Face of Myanmar မော်ဒယ်လ်ပြိုင်ပွဲ ဒုတိယအကြိမ် ပြုလုပ်မည် 5/8/2013 တောင်ကိုရီးယားနိုင်ငံတွင် ၂၀၁၄ ခုနှစ် ဇန်နဝါရီလ၌ ကျင်းပမည့် Asia New star မော်ဒယ်လ်ပြိုင်ပွဲ ဒုတိယအကြိမ် ပြုလုပ်မည် မော်ဒယ်လ်ပြိုင်ပွဲတွင် သွားရောက် ယှဉ်ပြိုင်ရန်အတွက် မြန်မာနိုင်ငံ ကိုယ်စားပြု မော်ဒယ်လ်များ ရွေးချယ်မည့် ဒုတိယအကြိမ် Face of Myanmar မော်ဒယ်လ်ပြိုင်ပွဲ ဒုတိယအကြိမ် ပြုလုပ်မည် မော်ဒယ်လ်ပြိုင်ပွဲ ကို မြန်မာနိုင်ငံမှ Aqua Land ကုမ္ပဏီနှင့် Korea Model Association တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် အောက်တိုဘာလအတွင်း ပြုလုပ်သွားမည် ဖြစ်ကြောင်း Aqua Land ကုမ္ပဏီမှ အရောင်းမြှင့်တင်ရေး မန်နေဂျာ ဒေါ်ပွင့်ဖြူက The Voice သို့ ပြောကြားသည်။ အဆိုပါ ပြိုင်ပွဲကို အသက် ၂၅ နှစ်အောက် အမျိုးသား၊ အမျိုးသမီးများ ပါဝင်ယှဉ်ပြိုင်နိုင်ပြီး၊ ပြိုင်ပွဲဝင် လျှောက်လွှာများကို သြဂုတ်လ ၂၅ ရက် နောက်ဆုံးထား၍ Coreana၊ Enprani၊ Mizon နှင့် Beauty Plan အလှကုန်များ ရောင်းချသော ကောင်တာများတွင် ထုတ်ယူနိုင်ကြောင်း၊ ပြိုင်ပွဲအတွက် ပထမအဆင့် လူရွေးချယ်ပွဲနှင့် ဆီမီးဖိုင်နယ်အဆင့် လူရွေးချယ်ပွဲများကို သြဂုတ်လ ၃၀ ရက်နှင့် စက်တင်ဘာလ ၂၂ ရက်တွင် Junction square နှင့် နောက်ဆုံးအဆင့် ပြိုင်ပွဲကို အောက်တိုဘာလ ၂၆ ရက်နေ့တွင် Strand ဟိုတယ်တို့၌ ပြုလုပ်သွားမည် ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။ Face of Myanmar ပြိုင်ပွဲတွင် ဆုကြေးအဖြစ် Main Title ဆုရရှိကြသော အမျိုးသား၊ အမျိုးသမီး မော်ဒယ်များအတွက် ကျပ်ဆယ်သိန်းစီနှင့် Aqua Land ကုမ္ပဏီမှ ဖြန့်ချိသော အလှကုန်ပစ္စည်း အရောင်းမြှင့်တင်ပွဲများတွင် ပါဝင်ခွင့်၊ ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆို လုပ်ကိုင်ခွင့်များ ပေးသွားမည်ဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံတွင် ၂၀၁၄ ခုနှစ် ဇန်နဝါရီလတွင် ကျင်းပမည့် Asia New Star မော်ဒယ်လ်ပြိုင်ပွဲ တွင် မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်ခွင့်ရမည် ဖြစ်ကြောင်း ဒေါ်ပွင့်ဖြူက ဆိုသည်။ ပထမအကြိမ် Face of Myanmar ပြိုင်ပွဲတွင် ပထမဆုနှင့် တောင်ကိုရီးယားနိုင်ငံတွင် ကျင်းပသော Asia New Star ပြိုင်ပွဲတွင် Grand Prize ဆု ရရှိထားသော မော်ဒယ်လ် ထွန်းကိုကိုကလည်း “ဒီပြိုင်ပွဲက မော်ဒယ်လ်တွေအတွက် တကယ်ကို စစ်မှန်တဲ့ ပြိုင်ပွဲတစ်ခုပါ။ တချို့ပြိုင်ပွဲတွေဆို နိုင်ငံခြားမှာ ပြိုင်ခွင့်ရမယ်ပြောပြီး ဖြစ်မလာတဲ့ပွဲတွေ ရှိခဲ့ဖူးတယ်လေ။ တောင်ကိုရီးယားမှာ သွားရောက် ယှဉ်ပြိုင်ဖို့ အတွက်ကတော့ နိုင်ငံတကာက မော်ဒယ်လ်တွေနဲ့ ပြိုင်ရမှာ ဖြစ်တဲ့အတွက် အသားအရေ၊ အရပ်အမောင်းကအစ ကိုယ့်ဘက်က အတတ်နိုင်ဆုံး ပြည့်စုံအောင် ကြိုတင်ပြင်ဆင်ထားရင်တော့ အကောင်းဆုံးပါပဲ” ဟု ပြိုင်ပွဲနှင့် ပတ်သက်၍ အကြံပြု ပြောကြားသည်။ The Voice Weekly
Posted on: Mon, 05 Aug 2013 08:35:20 +0000

Trending Topics



Recently Viewed Topics




© 2015