Facebook မှာ Poke တယ်ဆိုတာ Facebook ရဲ - TopicsExpress



          

Facebook မှာ Poke တယ်ဆိုတာ Facebook ရဲ့  Timeline ဗားရှင်းအသစ်မှာလည်း Poke ဆိုတဲ့ function လေးပါတယ်။ လူတစ်ယောက်ကို Poke လုပ်တယ်၊ Poke လုပ်တယ် ဆိုတာ အစက သေသေချာချာ မသိပါဘူး။ နည်းနည်းလေးတော့ သိပါတယ်။ စစချင်း သိထားတုန်းက Poke တယ်ဆိုတာ စတယ်လို့သိထားခြင်း ဖြစ်ပါတယ်။ စာတွေပြန်ရှာ ဖတ်ကြည့်တော့လည်း Poke တယ်ဆိုတာ စတာပါပဲ။ ဇူကာဘတ် အနေနဲ့ Timeline အသစ်မိတ်ဆက်ပွဲတုန်းက Poke အကြောင်းကို ပြောပြခဲ့ပါတယ်။ Poke တယ်ဆိုတာ လူတစ်ယောက်ယောက် ကို ကိုယ့်ကို သတိထားမိအောင်0 လက်သွားတို့တဲ့ သဘောဖြစ်ပြီး သူ Poke, ကိုယ် Poke နဲ့ တစ်ဖက်က မရပ်မချင်း Poke War ဖန်တီးနိုင်တယ်လို့ ဆိုပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် မခင်သေးသူများ၊ ခင်ချင်သူများအတွက် အပျော်တန်း သုံးဖို့ထားထား တာလေးပါ။ ခင်ပြီးသား Friend တွေလည်း အားအားနေ လိုက် Poke နိုင်ပါတယ်။ Friend List ထဲ ရှိပြီးသား သူငယ်ချင်းတွေလည်း တစ်ယောက်တစ်လည့် Poke နိုင်ပါတယ်။ ဒီတော့ ကိုယ်က Friend မဖြစ်သေးတဲ့ သူတစ်ယောက်ယောက်ကို သွား Poke ပြီဆိုရင် အ Poke ခံရသူအနေနဲ့ လာ Poke တဲ့ သူရဲ့  Wall ကို အတားအဆီးမရှိ ဝင်ကြည့်လို့ရပါပြီ။ Friend List ထဲကလူတွေ မြင်ရ သလိုပဲ မြင်နိုင်မှာ ဖြစ်ပါတယ်။ သို့ပေမယ့် ဒါက ၃ ရက်အတွင်းမှာပါပဲ။ ဒီလိုနဲ့ သူက ကိုယ့်ကို လာ Poke လို့ တို့လည်း ပြန် Poke ပြီဆိုရင် နှစ်ဖက် စလုံးက တစ်ဖက်ဆီကို ၃ ရက် မြင်ခွင့်၊ ကြည့်ခွင့် ရမှာ ဖြစ်ပါတယ်။ ဒီတော့ တစ်ယောက်နဲ တစ်ယောက် ဓာတ်ပုံတွေကြည့်၊ Profile တွေဖတ်ပြီး ခင်ချင်ရင် Add လုပ်နိုင်ပြီး မခင်ချင်လည်း မ Add ပဲ နေလို့ရပါတယ်။ သို့တည်းမဟုတ် အ Poke ပြိုင်ပွဲ (Poke War) စော့ချင်တယ်ဆိုရင် လည်း ဆော့လို့ရပါတယ်။ ကိုယ်ကချည်း လိုက် Poke နေပြီး ဟိုက ပြန်မPoke ဘာလားဖြစ်နေလည်း ကိစ္စမရှိပါဘူး။ ဟိုက Block တာ ခံရရင်တော့ တစ်မျိုးပေါ့။ Poke မယ်ဆိုရင် Friend ဟုတ်ဟုတ် မဟုတ်ဟုတ် ကိုယ် Poke ချင်တဲ့ သူရဲ့  Timeline ကိုဝင် timeline cover အောက်က Message ဆိုတဲ့ စာလေးက Setting sign ကို ကလစ်နှိပ်လို့ Poke ဆိုတာလေးကို ရွေး click နှိပ်ရ မှာ ဖြစ်ပါတယ်။ ဒီတော့ ရိုးရာလေး ပရိတ်သတ်များ သိသိမသိသိ လိုက် Poke နိုင်ပါပြီ။ မှတ်ချက် - Block ခံရရင် အနော်တို့နဲ့ မဆိုင်ပါကြောင်း. :P သူငယ်ချင်းတစ်ယောက်ပို့လာတာကိုပြန်လည်ဝေမျှလိုက်ပါတယ်
Posted on: Sun, 07 Jul 2013 05:47:31 +0000

Trending Topics



Recently Viewed Topics




© 2015