Facebook အနေဖြင့် - TopicsExpress



          

Facebook အနေဖြင့် လူငယ်များနှင့်သက်ဆိုင်သည့်ကဏ္ဍများအား ထိန်းချုပ်ရန် မိဘများမှ တောင်းဆို Ref : Jerusalam Times. ဖေ့စ်ဘွတ်ဝက်ဘ်ဆိုဒ်ပေါ်ရှိ လူငယ်များ အသုံးပြုနိုင်သည့် ကဏ္ဍများအား ထပ်မံထိန်းချုပ်မှုများ ပြုလုပ် ရန်အတွက် အစ္စရေးနိုင်ငံအတွင်း မိဘများအဖွဲ့ (INPA) မှ ယခုသတင်းပတ်တွင် စာရေးသား တောင်း ဆိုလိုက်သည်။ “ဖေ့စ်ဘွတ်အား မသင့်တော်သည့် သုံးဆွဲခြင်းနှင့် ချိုးဖောက်ခံရခြင်းများ၏ အကျိုးဆက်အဖြစ် လူငယ် များ အဆုံးစီရင်မှုများ မြင့်တက်လာနေတာကို” စိုးရိမ်နေသည့်အတွက် ယခုကဲ့သိုဖော်ပြခဲ့ခြင်း ဖြစ်သည် ဟု INPA ၏ အမှုဆောင်ရှေ့နေ Gideon Fisher မှဆိုသည်။ INPA တွင် နိုင်ငံတစ်ဝန်းလုံးရှိ ကျောင်းအသီးသီးမှ မိဘလေးသန်းခန့်ဖြင့် ဖွဲ့စည်းထားသည့် အဖွဲတစ်ဖွဲ့ ဖြစ်ပြီး အစိုးရဌာနများ၊ အစိုးရမဟုတ်သော အဖွဲ့များအပြင် တစ်သီးပုဂ္ဂလ အဖွဲ့များနှင့်လည်း ပုံမှန်လက် တွဲ လုပ်ဆောင်နေသည့် အဖွဲ့တစ်ဖွဲ့ ဖြစ်သည်။ “ဖေ့စ်ဘွတ်ပေါ်ရှိ ဆိုက်ဘာနှောင့်ယှက်မှုများ၊ အရှက်ရစေမည့် ၀စ်လစ်စားလစ်ပုံများအား ခွင့်ပြုချက်မရ ရှိပဲတင်ခြင်း နှင့် ရန်လိုသောဝါဒမှိုင်းတိုက်သော အပြုအမူများမှာ စိုးရိမ်ရဖွယ် အခြေအနေသို့ ရောက်ရှိနေ ပြီ” ဟုFisher မှ global reports တွင်ရေးသားခဲ့သည်။ ဖေ့စ်ဘွတ် အသုံးပြုခြင်းကြောင့် အဓိကကြုံတွေ့နေရသည့် ကိစ္စရပ်များနှင့် ဆက်စပ်သည့်“naked” “suicide” နှင့် “boycott” ကဲ့သို့သော အဓိက စာလုံးများအား ရှာဖွေနိုင်မည့် စနစ်များ တီထွင်အသုံးပြု နိုင်ရေးအတွက်လည်း အဆိုပြုထားသည်ဟု သိရသည်။ ဖေ့စ်ဘွတ်က ပူးပေါင်းဆောင်ရွက်မှုများအတွက် ကြိုးပမ်းလုပ်ဆောင်မှုများရှိသည့်အပြင် လူမှုရေး တာဝန်ခံမှုများလည်း ရှိသောကြောင့် လူမှုရေးဝက်ဘ်ဆိုဒ်များကို အလွဲသုံးစားပြုတာတွေနဲ့ ကျွန်တော် တို့ရဲ့ လူငယ်များအတွက် အန္တရာယ် ဖြစ်စေနိုင်သောပုံများ အရေးသားများအား တင်ထားခြင်းတို့အား လျှော့ချနိုင်မယ့် ၎င်းတို့၏ ရည်မှန်းချက်အပေါ် ယုံကြည်မှုရှိပါတယ်ဟုလည်း INPA ၏စာတွင် ဖော်ပြ ထားသည်။ “ဒီလိုဆောင်ရွက်ခြင်းမျိုးက စိုးရိမ်နေတဲ့ ပြဿနာတွေကို မှန်မှန်ကန်ကန် လက်တွေ့ကျကျ ဖြေရှင်းနိုင်မှာဖြစ်သလို တစ်ဖက်တွင်လည်း ဖေ့စ်ဘွတ် အသုံးပြုသည့် လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ ကိုယ်ရေး ကိုယ်တာကိစ္စရပ်များနှင့် လွတ်လပ်မှုများအား လေးစားလိုက်နာနိုင်မှာပါ”ဟုလည်း ယင်းစာတွင်ဖော်ပြ ထားသည်။ “ကလေးငါးယောက်ရဲ့ ဖခင်ဖြစ်တဲ့အပြင် သန်းပေါင်းများစွာသော မိဘများကို ကိုယ်စားပြုတဲ့ အဖွဲ့တစ်ဖွဲ့ ရဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ကျွန်တော့်အနေနဲ့ ဒီအရေးကိစ္စဟာ သေရေးရှင်ရေး ကိစ္စတစ်ရပ် ဖြစ်တယ်လို့မြင်ပါတယ်” ဟု Fisher မှ ရေးသားဖော်ပြခဲ့သည်။ INPA မှာ အစ္စရေးနိုင်ငံ တစ်ဝန်းလုံးရှိ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံမှ မိဘများ၏ စိုးရိမ်နေသည့် ကိစ္စရပ် များအား ကိုင်တွယ်ဖြေရှင်းနိုင်ရေးများအတွက် ဆောင်ရွက်နေသည့် ဒီမိုကရေစီနည်းလမ်းကျ ရွေး ကောက်တင်မြှောက်ထားသည့် အဖွဲ့တစ်ဖွဲ့ဖြစ်သည်ဟုလည်း ယင်းအဖွဲ့၏ ဥက္ကဋ္ဌဖြစ်သူ Fisher မှဆို သည်။ ထို့အပြင် မိမိတို့အဖွဲ့မှာ အစိုးရတာဝန်ရှိသူ များနှင့် ပူးပေါင်းကာ ပညာရေးမူဝါဒများ ဖော်ဆောင် သည့် လုပ်ငန်းများလည်း ဆောင်ရွက်နေသည်ဟု ဖော်ပြထားသည်။
Posted on: Fri, 12 Jul 2013 08:25:16 +0000

Trending Topics



Recently Viewed Topics




© 2015