First Look : Oppo Neo တရုတ် ဖုန်း - TopicsExpress



          

First Look : Oppo Neo တရုတ် ဖုန်း ထုတ်လုပ်သူ Oppo က Neo ကို တရားဝင်ကြေညာလိုက်ပါတယ်။ ၄.၅ လက်မ IPS LCD Display တပ်ဆင်ထားပြီး ထိတွေ့မှု ကို အာရုံခံနိုင်တဲ့စွမ်းရည် က အလွန်ကောင်းမွန်ပါတယ်။ လက်အိတ် ၀တ်ဆင်ထားရင်တောင် ထိတွေ့မျက်နှာပြင်ကို အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် Resolution က နည်းပါးပြီး 854x480 Pixel ဖြစ်ပါတယ်။ တစ်လက်မ ကို Pixel သိပ်သည်းဆ (၂၁၇) ဖြစ်ပါတယ် လို့ GSM Arena မှာ ရေးသားထားပါတယ်။ Oppo Neo ဟာ စွမ်းဆောင်ရည်အလယ်အလတ်ရှိပြီး ဈေးသက်သာတဲ့ဖုန်းဖြစ်ပါတယ်။ 1.3GHz Dual-Core CPU ကို အသုံးပြုထားပါတယ်။ အလေးချိန် (၁၃၀) ဂရမ် ရှိပြီး အတိုင်းအတာ အပြည့်အစုံမှာ 132 x 65.8 x 9.2mm ဖြစ်ပါတယ်။ Android 4.2 Jelly Bean နဲ့ Oppo ရဲ့ ကိုယ်ပိုင် ColorOS Skin ကို တွဲဖက်အသုံးပြုမှာဖြစ်ပါတယ်။ အနောက်ဘက် မှာ 5MP Camera နဲ့ အရှေ့ဘက် မှာ 2MP Camera တပ်ဆင်ထားပါတယ်။ အနောက် ကင်မရာ က 720p အရည်အသွေးရှိတဲ့ ဗီဒီယို တွေ ရိုက်ကူးပေးနိုင်ပါတယ်။ 1900mAh Battery တပ်ဆင်ထားပါတယ်။ Neo မှာ Quick Reach ပါရှိပြီး Gesture-Based Feature ဖြစ်ပါတယ်။ ဖုန်းရဲ့မျက်နှာပြင်ကို လက်နဲ့ ပွတ်ဆွဲပြီး အလုပ်များစွာပြုလုပ်နိုင်တာဖြစ်ပါတယ်။ Oppo Neo ကို Dual SIM ထုတ်လုပ်ထားတယ်လို့ သိရပါတယ်။ အင်ဒိုနီးရှား မှာ ဒေါ်လာ (၂၁၅) နဲ့ ရောင်းချပေးမှာဖြစ်ပါတယ်။ နောက်ထပ်ရောင်းချမယ့် နိုင်ငံများကို Oppo က ထုတ်ဖော်ပြောဆိုခြင်းမရှိပါ။ mmconsumerguide/?p=2980 KTY mmconsumerguide | The Best Reviews & Ratings Website in Myanmar ဘာပဲဝယ်ဝယ် Myanmar Consumer Guide ဖတ်ပြီးမှ ဝယ်ပါ။ LIKE (y) SHARE ✓ LOVE
Posted on: Thu, 16 Jan 2014 03:20:29 +0000

Trending Topics



Recently Viewed Topics




© 2015