For man, unlike any other thing organic or inorganic in the - TopicsExpress



          

For man, unlike any other thing organic or inorganic in the universe, grows beyond his work, walks up the stairs of his concepts, emerges ahead of his accomplishments. This you may say of man- when theories change and crash, when schools, philosophies, when narrow dark alleys of thought, national, religious, economic, grow and disintegrate, man reaches, stumbles forward, painfully, mistakenly sometimes. Having stepped forward, he may slip back, but only half a step, never the full step back. This you may say and know it and know it. This you may know when the bombs plummet out of the black planes on the market place, when prisoners are stuck like pigs, when the crushed bodies drain filthily in the dust. You may know it in this way. If the step were not being taken, if the stumbling-forward ache were not alive, the bombs would not fall, the throats would not be cut.Fear the time when the bombs stop falling while the bombers live- for every bomb is proof that the spirit has not died. And fear the time when the strikes stop while the great owners live- for every little beaten strike is proof that the step is being taken. And this you can know- fear the time when Manself will not suffer and die for a concept, for this one quality is the foundation of Manself, and this one quality is man, distinctive in the universe. လူသားဆိုတာ စကြာဝဋ္ဌာကြီးထဲက တခြားသက်ရှိသက်မဲ့အရာတွေနဲ့ မတူတာက သူဖန်တီးခဲ့တဲ့ လုပ်ငန်းတွေကို ကျော်လွန်ပြီး ကြီးထွားနိုင်စွမ်းရှိတယ်၊ သူ့ ယုံကြည်ချက်လှေခါးတွေကို နင်းပြီး အထက်ကို တက်လှမ်းနိုင်တယ်၊ သူ့ စွမ်းဆောင်မှုတွေရဲ့ ရှေ့ ကို ရောက်သွားနေအောင် စွမ်းဆောင်နိုင်တယ်၊ လူသားနဲ့ ပတ်သက်လာရင် ဒါတခု ပြောလို့ ရတယ်၊ သီအိုရီတွေ ပြောင်းလဲ ကျဆုံးသွားတဲ့အခါ၊ ကျောင်းတွေ ဒဿနတွေ၊ အမျိုးသားရေး၊ ဘာသာရေး၊ စီးပွားရေး စတာတွေနဲ့ ပတ်သက်လို့ ကျဉ်းမြောင်းတဲ့ လမ်းမှောင်လေးတွေက အတွေးတွေကနေ ကြီးထွားလာလိုက်၊ ပြိုကွဲသွားလိုက် ဖြစ်နေကြတဲ့အခါ၊ လူသားဟာ ရှေ့ ခရီးလမ်းကို ဆုပ်ကိုင်တယ်၊ ဒယိမ်းဒယိုင်နဲ့ ရှေ့ ကိုတိုးတယ်၊ တခါတလေလဲ လမ်းမှာကို နာကျင်စွာ လျှောက်တာပေါ့၊ ရှေ့ ကို တိုးရင်း သူ နောက်ကို ပြန်ချော်ကြတတ်ပါတယ်၊ ဒါပေမဲ့ နောက် လှမ်းဝက်ပဲ ဆုတ်တာပါ၊ ဘယ်တော့မှ ခြေလှမ်းပြည့် ဆုတ်လေ့ မရှိပါဘူး၊ ဒါကို မင်းပြောပါ၊ ပြီးတော့လဲ ကြပ်ကြပ်သိထားပါ။ မင်းဘယ်အချိန်တွေကြရင် သိထားရမလဲဆိုရင် လေယာဉ်မဲကြီးတွေထဲကနေ ဈေးတွေပေါ်ကို ဗုံးတွေ ကျလာတဲ့အခါမှာ၊ အကျဉ်းသားတွေကို ၀က်တွေလို ပြွတ်သိပ်ပြီး အထားခံရတဲ့အခါမှာ၊ ကျိုးပဲ့ပျက်စီးသွားကြတဲ့ လူ့ ခန္ဓာကိုယ်တွေ ဖုံအညစ်အကြေးတွေ ဖြစ်နေကြရတဲ့အခါမှာ၊ မင်းဘယ်လိုသိထားရမလဲ၊ ရှေ့ ကိုခြေလှမ်းတွေ မလှမ်းခဲ့ဘူးဆိုရင်၊ ရှေ့ ကိုလှမ်းချင်တဲ့ စိတ်ဓါတ်တွေ မဆာလောင်ခဲ့ဘူးဆိုရင်၊ ဗုံးဆိုတာ ကျလာမှာမဟုတ်ဘူး၊ လည်ပင်းတွေလဲ အဖြတ်ခံရမှာမဟုတ်ဘူး၊ ဗုံးကြဲတဲ့လူတွေက အသက်ရှင်နေပြီး ဗုံးတွေက ကျမလာတော့တဲ့အချိန်ကို ကြောက်ပါ၊ ဘာကြောင့်လဲဆိုတော့ ဗုံးတွေကြဲနေရတယ်ဆိုတာက စိတ်ဓါတ်တွေ ရှင်သန်နေတာကို ပြတာပဲ၊ အရင်းရှင်ကြီးတွေ အလုပ်ရှင်ကြီးတွေ ရှင်သန်နေကြပြီး ဆန္ဒပြတာတွေ ရပ်သွားပြီဆိုရင်လဲ ကြောက်ရမဲ့ အချိန်ပါပဲ၊ နှိမ်နှင်းခြင်းခံရတဲ့ ဆန္ဒပြမှုလေးတွေ အားလုံးက လူရဲ့ ရှေ့ ကို လှမ်းတဲ့ ခြေလှမ်းတွေ လှမ်းနေတုံးပဲဆိုတာကို ပြတာပါပဲ၊ ဒီကိစ္စကို သိထားပါ၊ ဘယ်အချိန်ကြရင် လူသားတွေအတွက် စိုးရိမ်ရမလဲဆိုတော့၊ လူတွေက ယုံကြည်မှုအတွက် အသေမခံတော့ဘူး၊ ဒုက္ခမခံတော့ဘူးဆိုတဲ့ အချိန်ပါပဲ၊ ဒီလို ယုံကြည်မှုအတွက် ဒုက္ခခံတာ၊ အသေခံတာဟာ လူစိတ်ဓါတ်ရဲ့ အခြေခံပဲ၊ လူရဲ့ အရည်အချင်းပဲ၊ လူကို စကြာဝဋ္ဌာထဲမှာ ထူးခြားစေတဲ့အရာပဲ
Posted on: Mon, 10 Jun 2013 15:41:52 +0000

Trending Topics



Recently Viewed Topics




© 2015