Google က ရှာလို့ရသမျှ - TopicsExpress



          

Google က ရှာလို့ရသမျှ အကုန်အလကား သုံးလို့ရသလား...... Google က ရှာလို့ရသမျှ အကုန်အလကား သုံးလို့ရသလား...... အခုတလော အတွေ့များလာတဲ့ ပြဿနာကတော့ တစ်ခြားသူတွေရဲ့ ဖန်တီးမှုတွေ၊ မူပိုင်တွေကို Google ကနေ ယူသုံးတာ၊ Google ကနေ ဒေါင်းလုပ်ဆွဲလိုက်တာနဲ့ အပြောများကြပါတယ်..... လက်ရှိအချိန်မှာ ပြဿနာမရှိနိုင်ပေမယ့် နိုင်ငံတကာ ဝင်လာချိန်မှာ ဒါတွေဟာ ဥပဒေနဲ့ ငြိစွန်းတယ်ဆိုတာ သိဖို့ လိုအပ်ပါတယ်..... ပထမဦးစွာ Google Search Engine အကြောင့် အကြမ်းမျဉ်းပြောလိုပါတယ်..... Google ဟာ အင်တာနက်ပေါ်မှာ တင်ထားသမျှ အကြောင်းခြင်းရာတွေကို ရှာဖွေသူတွေလက်ထဲ အချိန်နဲ့တပြေးညီ ပြန်လည်တင်ပြနိုင်ဖို့ ဝန်ဆောင်မှုပေးတာပါ..... Google ကနေ ရှာလို့ တွေ့လာတဲ့ ပုံတွေ၊ Cracked Programs တွေ၊ Pirated Software တွေဟာ Google ကနေ Provide လုပ်နေတာ မဟုတ်ပါ....... ဘယ်မှာရှိတယ် ဆိုတာကိုပဲ လမ်းညွှန်ပြပေးတဲ့ သဘောပါ...... မိမိရှာလိုတဲ့ဟာ ဘယ်မှာ ရှိတယ်၊ ဘာတွေကတော့ အနီးစပ်ဆုံးတူတယ် ဆိုတာကို Google ကနေ ရှာပေးတာပါ....... ဒါကြောင့် Google ကနေ ရှာဖွေရသမျှဟာ အကုန်အလကား ပေးသုံးတာ မဟုတ်ပါဘူး...... ဒါကို Google ရဲ့ Terms of Services မှာ အထင်ရှားဆုံး ဒီလို ညွှန်းဆိုထားပါတယ်.... Using our Services does not give you ownership of any intellectual property rights in our Services or the content you access. You may not use content from our Services unless you obtain permission from its owner or are otherwise permitted by law. These terms do not grant you the right to use any branding or logos used in our Services. google/intl/en/policies/terms/ အောက်က Using our Services တတိယပိုဒ်ကို ကြည့်လျင် သိနိုင်ပါတယ်.... သူရှာပေးထားတာတွေဟာ သူနဲ့ မဆိုင်ပါဘူးလို့ Google က တရားဝင် ထုတ်ပြောထားတာကို ဒီမှာလေ့လာကြည့်နိုင်ပါတယ်...... Our Services display some content that is not Google’s. This content is the sole responsibility of the entity that makes it available. ဒါကို Google ရဲ့ Terms of Services Using our Services စာပိုဒ် (၄) မှာ လေ့လာနိုင်ပါတယ်...... ဒါကြောင့် Google မှာ ရှာတွေ့သမျှ အကုန်အလကား ဒေါင်းလုပ်ဆွဲလို့ ရတယ်လို့ သတ်မှတ်လို့မရပါဘူး...... သူပြလာတဲ့ Result ထဲကမှ မူရင်းဆိုဒ်ကို သွားကြည့်ပီး အဲ့ဒိက Terms & Conditions တွေကို သေခြာ ဖတ်ကြည့်ပီးမှ စီးပွားရေး လုပ်ငန်းအတွက် သုံးလို့ ရ မရကို သေခြာလေ့လာရပါလိမ့်မယ်....... ယခုလက်ရှိ Internet မှာ အလကားပေးသုံးတဲ့ ကွန်ပျူတာ ဆော့ဝဲလ်ပေါင်း များစွာရှိပါတယ်...... အလကားရလို့ စီးပွားရေး လုပ်ငန်းမှာသုံးမယ်လို့ လုပ်လို့မရပါဘူး သူ့ရဲ့ Terms & Conditions တွေရှိပါတယ်..... များသောအားဖြင့် အလကားပေးသည့် ဆော့ဝဲလ်များဟာ Commercial Use သုံးလို့မရပါဘူး...... Commercial သုံးမယ်ဆိုရင် ထိုက်သင့်တဲ့ တန်ဖိုးပေးပြီး ဝယ်ရပါတယ်..... အဲ့ဒါကို ဘယ်မှာလေ့လာနိုင်သလဲ ဆိုရင် အဆိုပါ အလကားရတဲ့ ဆော့ဝဲလ်ကို Install လုပ်ချိန်မှာ Agree လုပ်ရတဲ့ License Agreement မှာပဲ ဖြစ်ပါတယ်..... မည်သည့် အလကားရတဲ့ ဆော့ဝဲလ်မဆို License Agreement မလုပ်ရင် Install လုပ်လို့မရပါဘူး..... ဒါဟာ ဘာကိုထိမ်းချုပ်ထားသလဲဆိုတော့ ပြဿနာတက်ချိန်မှာ မသိပါဘူးဆိုတဲ့ အငြင်းပွားဖွယ်မဖြစ်အောင် ထိမ်းချုပ်ထားခြင်းပဲ ဖြစ်ပါတယ်..... ဒါကြောင့် မြန်မာပြည်တွင်းက စီးပွားရေး လုပ်ငန်းရှင်များအနေနဲ့ စီးပွားရေးအရ အင်တာနက်ပေါ်က အချက်အလက်များ၊ အကြောင်းအရာများ၊ ဓါတ်ပုံများ၊ ဆော့ဝဲလ်များကို ယူသုံးချိန်မှာ မူပိုင်ခွင့်၊ သူ့ရဲ့ စည်းကမ်းတွေကို နားလည်နေဖို့လိုပါလိမ့်မယ်..... အဆိုပါတွေကို မလေ့လာ၊ မဖတ်ရှုပဲ သုံးချင်သလို သုံးပြီး ပြဿနာတက်ချိန်မှ မသိပါဘူးလို့ ရှောင်ထွက်သွားလို့ မရပါဘူး..... ဥပဒေမှာ မသိလို့ ကျူးလွန်တာကို ခွင့်လွှတ်ရိုးထုံးစံ မရှိတာကို သဘောပေါက်ရင်ဖြင့် ယခုထဲက ဥပဒေနဲ့အညီ နေနိုင်အောင် ကြိုးစားပါလို့ပဲ တိုက်တွန်းရင် Google Services နဲ့ Free ရတဲ့ ဆော့ဝဲလ်များ အသုံးပြုပုံအကြောင်း ရှင်းပြလိုက်ပါတယ်....... အခုတလော အတွေ့များလာတဲ့ ပြဿနာကတော့ တစ်ခြားသူတွေရဲ့ ဖန်တီးမှုတွေ၊ မူပိုင်တွေကို Google ကနေ ယူသုံးတာ၊ Google ကနေ ဒေါင်းလုပ်ဆွဲလိုက်တာနဲ့ အပြောများကြပါတယ်..... လက်ရှိအချိန်မှာ ပြဿနာမရှိနိုင်ပေမယ့် နိုင်ငံတကာ ဝင်လာချိန်မှာ ဒါတွေဟာ ဥပဒေနဲ့ ငြိစွန်းတယ် ဆိုတာ သိဖို့ လိုအပ်ပါတယ်..... ပထမဦးစွာ Google Search Engine အကြောင့် အကြမ်းမျဉ်းပြောလိုပါတယ်..... Google ဟာ အင်တာနက်ပေါ်မှာ တင်ထားသမျှ အကြောင်းခြင်းရာတွေကို ရှာဖွေသူတွေလက်ထဲ အချိန်နဲ့တပြေးညီ ပြန်လည်တင်ပြနိုင်ဖို့ ဝန်ဆောင်မှုပေးတာပါ..... Google ကနေ ရှာလို့ တွေ့လာတဲ့ ပုံတွေ၊ Cracked Programs တွေ၊ Pirated Software တွေဟာ Google ကနေ Provide လုပ်နေတာ မဟုတ်ပါ....... ဘယ်မှာရှိတယ် ဆိုတာကိုပဲ လမ်းညွှန်ပြပေးတဲ့ သဘောပါ...... မိမိရှာလိုတဲ့ဟာ ဘယ်မှာ ရှိတယ်၊ ဘာတွေကတော့ အနီးစပ်ဆုံးတူတယ် ဆိုတာကို Google ကနေ ရှာပေးတာပါ....... ဒါကြောင့် Google ကနေ ရှာဖွေရသမျှဟာ အကုန်အလကား ပေးသုံးတာ မဟုတ်ပါဘူး...... ဒါကို Google ရဲ့ Terms of Services မှာ အထင်ရှားဆုံး ဒီလို ညွှန်းဆိုထားပါတယ်.... Using our Services does not give you ownership of any intellectual property rights in our Services or the content you access. You may not use content from our Services unless you obtain permission from its owner or are otherwise permitted by law. These terms do not grant you the right to use any branding or logos used in our Services. google/intl/en/policies/terms/ အောက်က Using our Services တတိယပိုဒ်ကို ကြည့်လျင် သိနိုင်ပါတယ်.... သူရှာပေးထားတာတွေဟာ သူနဲ့ မဆိုင်ပါဘူးလို့ Google က တရားဝင် ထုတ်ပြောထားတာကို ဒီမှာလေ့လာကြည့်နိုင်ပါတယ်...... Our Services display some content that is not Google’s. This content is the sole responsibility of the entity that makes it available. ဒါကို Google ရဲ့ Terms of Services Using our Services စာပိုဒ် (၄) မှာ လေ့လာနိုင်ပါတယ်...... ဒါကြောင့် Google မှာ ရှာတွေ့သမျှ အကုန်အလကား ဒေါင်းလုပ်ဆွဲလို့ ရတယ်လို့ သတ်မှတ်လို့မရပါဘူး...... သူပြလာတဲ့ Result ထဲကမှ မူရင်းဆိုဒ်ကို သွားကြည့်ပီး အဲ့ဒိက Terms & Conditions တွေကို သေခြာ ဖတ်ကြည့်ပီးမှ စီးပွားရေး လုပ်ငန်းအတွက် သုံးလို့ ရ မရကို သေခြာလေ့လာရပါလိမ့်မယ်....... ယခုလက်ရှိ Internet မှာ အလကားပေးသုံးတဲ့ ကွန်ပျူတာ ဆော့ဝဲလ်ပေါင်း များစွာရှိပါတယ်...... အလကားရလို့ စီးပွားရေး လုပ်ငန်းမှာသုံးမယ်လို့ လုပ်လို့မရပါဘူး သူ့ရဲ့ Terms & Conditions တွေရှိပါတယ်..... များသောအားဖြင့် အလကားပေးသည့် ဆော့ဝဲလ်များဟာ Commercial Use သုံးလို့မရပါဘူး...... Commercial သုံးမယ်ဆိုရင် ထိုက်သင့်တဲ့ တန်ဖိုးပေးပြီး ဝယ်ရပါတယ်..... အဲ့ဒါကို ဘယ်မှာလေ့လာနိုင်သလဲ ဆိုရင် အဆိုပါ အလကားရတဲ့ ဆော့ဝဲလ်ကို Install လုပ်ချိန်မှာ Agree လုပ်ရတဲ့ License Agreement မှာပဲ ဖြစ်ပါတယ်..... မည်သည့် အလကားရတဲ့ ဆော့ဝဲလ်မဆို License Agreement မလုပ်ရင် Install လုပ်လို့မရပါဘူး..... ဒါဟာ ဘာကိုထိမ်းချုပ်ထားသလဲဆိုတော့ ပြဿနာတက်ချိန်မှာ မသိပါဘူးဆိုတဲ့ အငြင်းပွားဖွယ်မဖြစ်အောင် ထိမ်းချုပ်ထားခြင်းပဲ ဖြစ်ပါတယ်..... ဒါကြောင့် မြန်မာပြည်တွင်းက စီးပွားရေး လုပ်ငန်းရှင်များအနေနဲ့ စီးပွားရေးအရ အင်တာနက်ပေါ်က အချက်အလက်များ၊ အကြောင်းအရာများ၊ ဓါတ်ပုံများ၊ ဆော့ဝဲလ်များကို ယူသုံးချိန်မှာ မူပိုင်ခွင့်၊ သူ့ရဲ့ စည်းကမ်းတွေကို နားလည်နေဖို့လိုပါလိမ့်မယ်..... အဆိုပါတွေကို မလေ့လာ၊ မဖတ်ရှုပဲ သုံးချင်သလို သုံးပြီး ပြဿနာတက်ချိန်မှ မသိပါဘူးလို့ ရှောင်ထွက်သွားလို့ မရပါဘူး..... ဥပဒေမှာ မသိလို့ ကျူးလွန်တာကို ခွင့်လွှတ်ရိုးထုံးစံ မရှိတာကို သဘောပေါက်ရင်ဖြင့် ယခုထဲက ဥပဒေနဲ့အညီ နေနိုင်အောင် ကြိုးစားပါလို့ပဲ တိုက်တွန်းရင် Google Services နဲ့ Free ရတဲ့ ဆော့ဝဲလ်များ အ
Posted on: Thu, 20 Jun 2013 01:26:39 +0000

Trending Topics



Recently Viewed Topics




© 2015