HONGKONG – MACAU – GUANGZHOU (6D/5N) DAY 1 RGN-HONG KONG - TopicsExpress



          

HONGKONG – MACAU – GUANGZHOU (6D/5N) DAY 1 RGN-HONG KONG (B/L/D) Yangon မှ Hong Kong သို့ Dragon Air KA 251 ဖြင့် ညသန်းခေါင် 1:00 AM တွင် ထွက်ခွာမည်ဖြစ်ပြီး မနက် 6:00 AM တွင် Hong Kong International Airport သို့ ရောက်ရှိမည် ဖြစ်ပါသည်။ ထို့နောက် Hong Kong ကျွန်း၏ တောင်ဘက်ရှိ The Repulse Bay ၊ အနောက်အရပ်ရှိ Hong Kong မြို့တစ်ခုလုံးကို တွေ့မြင်နိုင်သော The Peak ဟု ခေါ်သည့် Victoria Peak နှင့် အမျိုးသား လွတ်လပ်ရေး အထိမ်းအမှတ်အဖြစ် တည်ဆောက်ထားသော ပန်းပွင့်သဏ္ဍန် ရွှေရောင်ရုပ်တုရှိသည့် Golden Bohimia Square သို့ သွားရောက် လေ့လာပါမည်။ မိမိ စိတ်ကြိုက် ဈေးဝယ်ထွက်နိုင်ရန်အတွက် Harbour City သို့ ပို့ဆောင်ပေးပြီးနောက် Victoria Habor တွင် ပြသသောA Symphony of Lights ပြပွဲကို ကြည့်ရှုပါမည်။ ပြီးနောက် Hong Kong နာမည်ကြီး သရုပ်ဆောင်များ၏ လက်ဖ၀ါးရာများကို ပြသထားရာ Avenue of Stars နှင့် The Clock Tower သို့ သွားရောက် လေ့လာပါမည်။ Hong Kong မြို့ရှိ Hotel တွင် အိပ်စက် အနားယူပါမည်။•Bohimia Square •Repulse Bay •Victoria Peak •Harbour City •A Symphony of Lights •Avenue of Stars •The Clock Tower DAY 2 HONG KONG (B/L/D): Hotel တွင် Breakfast သုံးဆောင်ပြီးနောက် ဈေးဝယ်ထွက်နိုင်ရန်အတွက် City Gate Outlet သို့ ပို့ဆောင်ပေးပါမည်။ ထို့နောက် Walt Disney Company ၏ ငါးခုမြောက် Hong Kong Disney Land တွင် သွားရောက် ကစားကြပါမည်။ ( Disney Land တွင် Lunch သုံးဆောင်ရန် food voucher ပေးပါမည်။) ည၏ အလှကို ပို၍ ထင်ထင်ရှားရှား ခံစားနိုင်ရန်အတွက် Disney Land တွင် ညစဉ်ပြုလုပ်လျှက်ရှိသော ကောင်းကင်ပြင်တွင် မီးရှူးမီးပန်းများဖြင့် အလှဆင်သည့် Disney Magic In The Sky အစီအစဉ်ကို သွားရောက် ကြည့်ရှုကြပါမည်။ Hotelသို့ ပြန်၍ အိပ်စက် အနားယူပါမည်။ •City Gate Outlet •Disney Magic In The Sky •Disney Land DAY 3 (B/L/D) HKG-MACAU:Hotel တွင် Breakfast သုံးဆောင်ပြီးနောက် Macau သို့ Turbojet Ferry ဖြင့် သွားပါမည်။ ထို့နောက် Macau ရှိ ရှေးအကျဆုံးနှင့် အထင်ရှားဆုံး ဘုရားကျောင်းဆောင်ဖြစ်သောTemple of A-MA နှင့် ကွမ်ရင်မယ်တော်ရုပ်တု Kun Iam Statue သို့ သွားရောက် လေ့လာပါမည်။ Macau ၏ ရှေးအကျဆုံး အဆောက်အအုံဖြစ်သော Ruins of St. Pauls Cathedral နှင့် The Senado Square သို့ သွားရောက်ပါမည်။Macau Tower တွင် Lunch သုံးဆောင်ပါမည်။ ညနေပိုင်းတွင် မိမိစိတ်ကြိုက် ဈေးဝယ်ထွက်နိုင်ရန် အတွက် Venetian သို့ ပို့ဆောင်ပေးပါမည်။ Macau မြို့ရှိ Hotel တွင် အိပ်စက် အနားယူပါမည်။•Kun Iam Statue •Ruins of St.Pauls Cathedral •Temple of A-MA •Venetian •Macau Tower •The Senado Square DAY 4 MACAU-ZHUHAI-GUANGZHOU (B/L/D):Hotel တွင် Breakfast သုံးဆောင်ပြီးနောက် Zhuhai မြို့သို့ ကားဖြင့် သွားပါမည်။ ထို့နောက် Zhuhai မြို့၏ အထင်ကရ အမှတ်အသားဖြစ်သော Fisher Girl ရုပ်တုနှင့် Lovers Road သို့ သွားရောက် လည်ပတ်ပါမည်။ Zhuhai မှ Guangzhou သို့ ကားဖြင့်သွားပါမည်။ ခေတ်သစ်တရုတ်နိုင်ငံအား စတင် တည်ထောင်ရာတွင် အဓိကနေရာမှ ပါဝင်ခဲ့သော Dr.Sun Yat Sen ၏ အထိမ်းအမှတ်ခန်းမ ၊Guangzhou မြို့၏ အမှတ်အသားဖြစ်သောFive Ram Sculpture နှင့် Six Banyan Temple သို့ သွားရောက် လည်ပတ်ကြပါမည်။ China မြို့ရှိ အမြင့်ဆုံးTower ဖြစ်သော Canton Tower (photo stop) သို့ ဓါတ်ပုံရိုက်ရန် ပို့ဆောင်ပေးပြီးနောက် ညနေခင်းအလှအပကို ခံစားနိုင်ရန် China ရှိ တတိယ အရှည်ဆုံးမြစ်ဖြစ်သောThe Pearl မြစ်အတွင်း Zhu Jiang River Cruise စီးနင်းကြပါမည်။ Guangzhou မြို့ရှိ Hotel တွင် အိပ်စက် အနားယူပါမည်။•Fisher Girl •Zhu Jiang River Cruise •Dr.Sun Yat Sen •Lovers Road •Six Banyan Temple •Five Ram Sculpture •Canton Tower DAY 5 (B/L/D) GUANGZHOU :Hotel တွင် Breakfast သုံးဆောင်ပြီးနောက် ဈေးဝယ်ထွက်နိုင်ရန်အတွက် Beijing Walking Street သို့ ပို့ဆောင်ပေးပါမည်။ Chime Long Theme Park တွင် မိမိစိတ်ကြိုက် သွားရောက် ဆော့ကစားကြပါမည်။(၀င်ခွင့်လက်မှတ်၊ XiangJiang Safari Park နှင့် Chimelong Circus ကြည့်ရှုခွင့် ပါဝင်ပါသည်)Hotel သို့ပြန်၍ အိပ်စက် အနားယူပါမည်။ •Chime Long Theme Park •Beijing Walking Street DAY 6 GUANGZHOU-HKG-RGN (B/L/D) Hotel တွင် Breakfast သုံးဆောင်ပြီးနောက် Hong Kong သို့ ကားဖြင့် သွားပါမည်။ ဆုတောင်းသည့် အရာတိုင်း ပြည့်သည်ဟု နာမည်ကြီးသော Wong Tai Sin Temple သို့ သွားရောက်ပါမည်။ မိမိ စိတ်ကြိုက် ဈေးဝယ်ထွက်နိုင်ရန်အတွက် Nathan Road သို့ ပို့ဆောင်ပေးပြီးနောက် Ngong Ping 360ံ Cable Car ဖြင့် တရုတ်နိုင်ငံ၏ အကြီးဆုံး ဗုဒ္ဓရုပ်ပွားတော် ငါးဆူတွင် ပါဝင်သော Hong Kong မြို့၏ အကြီးဆုံး ကြေးသွန်း ရုပ်ပွားတော် Big Buddha နှင့် Po Lin Monastery သို့ သွားရောက် ကြပါမည်။ ထို့နောက် ည 9:20 PM တွင် Dragon Air KA 250 ဖြင့် ထွက်ခွာပြီး ည 11:35 PM တွင် Yangon သို့ ရောက်ရှိပါမည်။
Posted on: Wed, 20 Nov 2013 06:44:00 +0000

Trending Topics



Recently Viewed Topics




© 2015