HTC နဲ့ - TopicsExpress



          

HTC နဲ့ ကျနော် မှန်တာပြောရင် ချစ်သူတိုင်း ညားကြပါစေဗျာ... HTC ကို စိတ်မ၀င်စားခဲ့ဘူး... စိတ်မ၀င်စားဆို ကိုင်မှ မကိုင်ခဲ့တာဆိုတော့ကာ... Samsung ဘဲ သုံးခဲ့ ဆားဗစ်လုပ်ခဲ့.. အဲလိုနဲ့ တစ်ရက် FB ပေါ်က ကိုရခိုင်Soe Htet နဲ့ ဘိရုမာ Zarni Tun တို့ ရောက်လာပြီး HTC Desire Bravo (boot dead) လေးလာပေးသွားတယ်... လုပ်လို့ရရင် လုပ်ပေးပါပေါ့... နဂိုကမှ စိတ်မ၀င်စားတော့ ဒီတိုင်း ဘာမှ မလုပ်ဘဲ တစ်လလောက်ပစ်ထားတယ် မှတ်ကရော... ငိငိငိ ဒီလိုနဲ့ လွန်ခဲ့တဲ့ တစ်ပတ်က Gtalk က ညီတစ်ယောက် HTC Sensation XL တစ်လုံးကို အော်ဖစ်ရှယ် 4.1 တင်ချင်လို့ဆိုပြီး ရောက်လာပြန်ရော... ဒီတစ်လုံးကတော့ မလုပ်လို့မဖြစ်တော့ဘူး... စက်က နိုးနေတာကိုး ၀ိုင်ဖိုင်လေးဘဲ မရတာဆိုတော့ official rom ruu လေးတင်လိုက်ရင် ကိစ္စန ပြီးပြီလေ ... အဲဒါနဲ့ ဒါဆိုလည်း လုပ်ပေးမယ်ထားခဲ့ဆိုပြီး... အဲစက်လည်း ထုံးစံအတိုင်းဘဲ ငါးရက်လိုက် ပစ်ထားလိုက်တယ်... ဟီးးး ကဲ Official Rom လေး အဲမှားလို့ Official Rom ကြီးကို ဒေါင်းပြီး တင်လိုက်တာ ဘယ်ရမလည်း တိုင်ပတ်ရောပေါ့... ဆမ်ဆောင်းလို အိုဘင်လေးသုံးရုံနဲ့ ရမယ်ထင်ခဲ့တာကိုး... ငိငိငိ Error ပေါင်းများစွာ မရိုးနိုင်အောင် တတ်လာတယ်... ခွီးးးးးးးး ဒေါသအမျက် ချောင်းချောင်းထွက်နေပြီ... RUU ဖိုင်က exe ဖိုင်ဆိုတော့ %temp% မှာ မွှေနှောက်ကြည့်တော့ rom.zip ကိုတွေ့ပါလေရော... ဘယ်ရမလည်း ဥာဏ်ကြီးရှင်အတွေးနဲ့ CWM တင်ပြီး ကစ်ထည့်လိုက်တာ.. Error နောက်တစ်မျိုးပြောင်းသွားတယ်... ငိငိငိ ဘာမှ မှမဆိုင်ထှာကိုးဗျ... ကဲ ထူးဘူး fastboot ကနေဘဲ flash မယ်ဆိုပြီး တွယ်ပြန်တယ်... ပြောင်းသွားတယ် Error အမျိုးအစား... ခွီးးး နည်းနည်းပေါက်လာပြီ... ဒါနဲ့ rom.zip ကို 7zip နဲ့ဖွင့်ကြည့်တော့ android-info.txt ကိုတွေ့ပါလေရော ဒါနဲ့ ဘာများပါလိမ့်လို့ စပ်စုလိုက်တာ... modelid တွေ cidno တွေ တွေ့လိုက်ရတာမှာ အတွေးတစ်ချက်လင်းသွားတယ်... ဒါဆို ဒါတွေကို ဖုန်းမှာ ရှာကြည့် တိုက်ကြည့်လိုက်မှ လုံးလုံးလွဲနေတာတွေ့ရပါလေရော... အဲဒါမှ ခက်ပြီ အဲဒီ့နံပါတ်တွေနဲ့ ပေးထားတဲ့ RUU မှ မရှိတာ... ခက်တာက အဲဒီ့ဖုန်းက custom rom တင်ထားတာကြောင့်လားမသိဘူး mainid ပျောက်နေရော... သေဘီဆရာ ဒါဆို အကုန် ဒေါင်းရမှာပေါ့ညှော်... မနည်းဘူး 9 ဂစ်ကျော်တယ်... တတ်နိုင်ဘူး အကုန်ဆွဲရတော့တာပေါ့... အဲမှာ တစ်ချက်တွေးမိလိုက်တယ်... ရေးထားတာက txt နဲ့ဆိုတော့ ပြင်လို့ ရနိုင်မယ်... ပြင်ကြည့်မယ်... ပြင်တယ်... zip ပြန်လုပ်တယ်.. Error တတ်တယ်... မီးဖိုချောင်ထဲကနေလည်း ပြင်တယ်... မရဘူး... အွန်လိုင်းမှာ တတ်ရှာတော့ Sigtoo ဆိုတာကို source code ဘဲတွေ့တယ်... ဒါနဲ့ compile လုပ်တော့ လာပြန်ဘီ compile မှာတင် အယ်ယာတတ်နေပြန်ရော.. တော်ဘီ ဒီ source ကိုတော့ trace မလုပ်တော့ဘူး... တစ်ခြားနည်းလမ်းရှာမယ်ဆိုပြီး ဆွဲထားသမျှ ruu အကုန် ဖြည်.. အဲဒီ့ txt ကို ဖွင့်ကြည့်တာ... ကံကောင်းခြင်တော့ သွားတူနေတာ တစ်ခုတွေ့ပါလေရော... ၀မ်းသာအားရနဲ့ တင်လိုက်တာပေါ့... ရဘူးဗျ... ဗြဲးးးးးးးးးးးးးးးးးးးးးးးး ဒါနဲ့ အဲဒီ့စက်ကို reset ရိုက်ထည့်လိုက်တာ... soft bike ဖြစ်သွားပါလေရော... fastboot ဘဲရတော့တယ်... ငိငိငိ အရော်ဇယားတော့ ကပ်ပြီ ပိုက်ပိုက် စုဖို့ပြင်နေဘီ... အဲမှာ fastboot မှာတစ်ခု သတိထားမိသွားတာက unlock ဖြစ်နေတာဘဲ.. စက်ရုံထွက်တွေအတိုင်းဘဲ lock ပြန်လုပ်ပြီး စမ်းကြည့်မယ်ပေါ့... ဒါနဲ့ fastboot oem lock , fastboot oem rebootRUU ဆိုပြီး RUU လေးတင်လိုက်တာ.. ဇွပ်ကခနဲတောင် မြည်လိုက်သေးတယ်.. ငိငိငိ စိတ်ဝင်ချားတွားတယ်... ဘာလို့ အဲလောက် ဇယားရှုပ်ထားတာလည်း... ဒါနဲ့ လာခဲ့ ကစိုးထက် ဆိုပြီး သူပေးထားခဲ့တဲ့ ဘုဒက်အလုံးကို စိတ်ပါလက်ပါ ပယ်ပယ်နှယ်နှယ်ဗြင်းလိုက်တာ... box ဆိုလို့ တစ်ရူးဘောက်ဘဲရှိတဲ့ ကျနော်.. အဲဒီ့ဘုဒက် screen တောင် မလင်းတဲ့ မန်းလေးသားထုတ်ထားတဲ့ HTC က အိကနဲမြည်ပြီး တတ်လာပါလေသတည်... စိန်ခေါ်ခြင်းကို ပျှော်မွေ့တဲ့ ကျနော် HTC ကို သိပ်ချစ်သွားပြီကွယ်...
Posted on: Thu, 01 Aug 2013 12:23:28 +0000

Trending Topics



Recently Viewed Topics




© 2015