Hawdeka Khalaylay ဆိုတဲ့ အကောင့်ဟာ - TopicsExpress



          

Hawdeka Khalaylay ဆိုတဲ့ အကောင့်ဟာ ဦးခင်ညွန့်နဲ့ လက်ရှိ အစိုးရအဖွဲ့ကို လှည့်ပါတ် ရန်တိုက်နေတာ သတိထားမိသလောက် ဒါပါဆို တော်တော်များနေပီ....... ဦးခင်ညွန့် မပြောတာတွေကို အပြောလုပ်တင်တယ်.... နောက်ကွယ်က ရည်ရွယ်ချက်တွေက ဘာလဲ အတော် စဥ်းစားစရာ ဖြစ်လာတယ်....... Hawdeka Khalaylays Photos မီတာခတွေဈေးတိုးမြှင့်သတ်မှတ်လိုက်တာဟာ ဘာသာရေးအကျပ်အတည်းထဲကို ရောက်လုဖြစ်နေတဲ့ မြန်မာနိုင်ငံကို စီးပွားရေးအကျပ်အတည်း နောက်တစ်ခုထဲကို မရောက်ရောက်အောင် တွန်းပို့လိုက်တဲ့ လုပ်ရပ်ပဲဖြစ်တယ်လို့ ဦးခင်ညွန့်မှပြောကြား မီတာခတွေဈေးတိုးမြှင့်သတ်မှတ်လိုက်တာဟာ ဘာသာရေးအကျပ်အတည်းထဲကို ရောက်လုဖြစ်နေတဲ့ မြန်မာနိုင်ငံကို စီးပွားရေးအကျပ်အတည်း နောက်တစ်ခုထဲကို မရောက်ရောက်အောင် တွန်းပို့လိုက်တဲ့ လုပ်ရပ်ပဲဖြစ်တယ်လို့ ဦးခင်ညွန့်မှပြောကြားလိုက်ပါတယ် ၊ ၂၀၀၇ ခုနှစ်တုန်းကလည်း အဲဒီလို ဆိုင်းမဆင့်ဗုံးဗဆင့် ငါတကောကော လုပ်ခဲ့လို့ ရွှေဝါရောင်တော်လှန်ရေး ဆိုတာ ဖြစ်ခဲ့ပြီးပြီ ၊ အခုလဲ အဲဒီအချိုးမျိုးချိုးနေတာ ၊ ဘာကိုဖြစ်စေချင်နေလို့ ဒီလိုမျိုးလုပ်လိုက်တာလဲ လို့ မေးရမလိုတောင်ဖြစ်နေပြီ ၊ ဒီမီတာခနှုန်းထားတွေ တိုးကောက်လိုက်တာကို သီးသန့်အမြင်နဲ့ကြည့်လို့မရဘူး ၊ လက်ရှိဖြစ်နေတဲ့ အကြောင်းအချက်တွေနဲ့ ချိတ်ဆက်ကြည့်သင့်တယ် ၊ ဒါမှ ဘယ်အခြေအနေရောက်အောင် တွန်းပို့နေသလဲဆိုတာပိုပြီးမြင်သာမယ်လေ ၊ ဦးခင်ညွန့်မှ မီတာခ ဈေးမတက်ခင် မြန်မာပြည်၏ လက်ရှိအခြေအနေများဖြစ်သော ဖွဲ့စည်းပုံပြင်ဆင်ရေးနိုးကြားလာမှု ၊ လက်သည်မမိသေးသောဗုံးဖေါက်ခွဲမှုများ ၊ ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေသော လက်ပံတောင်းတောင် အရေးအခင်း ၊ ကာချုပ်မင်းအောင်လှိုင်၏ တရုတ်ပြည် အလည်အပတ်ခရီး ၊ အမည်မဖော်ဝံ့သော ကမ္ဘာ့ဘဏ် ၁၁ ဘီလီယံ ကိစ္စ ၊ ဦးရွှေမန်း၏ ဦးသန်းရွှေ အကြောင်းပြောပြချက် ၊ ဦးသိန်းစိန်၏ အစွန်းမလွတ်ရေးနှပ်ကြောင်းပေးမှု စသည်များနှင့် ချိတ်ဆက်ကြည့်သင့်ကြောင်း ထောက်ပြခဲ့ပါသည် ၊ မီတာခဈေးတက်တယ်ဆိုတာ လိုအပ်ရင် နှစ်နဲ့ချီပြီး ကြိုတင် အသိပေးထားရမယ့် ကိစ္စမျိုးလေ ၊ ဒါကို အခုလိုမျိုး ချက်ချင်းကြီး ဈေးတက်ပစ်တော့ အထွေထွေကုန်ဈေးနှုန်းတွေ တက်ပြီး အောက်ခြေလူထု ဒုက္ခရောက်တာပေါ့ ၊ ပြောတော့ဒီမိုကရေစီ လုပ်တော့ အာဏာရှင်ပုံစံမျိုးဖြစ်နေတယ်လေ ၊ ဦးခင်ညွန့်မှ သူ၏ အမြင်ကို ထပ်မံဖြည့်စွက်ပြောပြပါသည် ၊ နိုင်ငံခြားရင်းနှီးမြုတ်နှံမှုတွေ ဘာလို့ ဝင်မလာတာလဲဆိုတာ ကမ္ဘာ့ဘဏ် စစ်တမ်းမှ အထင်းသားကြီးပေါ်နေပြီလေ ၊ ကိုယ်ညံ့လို့ဖြစ်တာကို ဟိုဟာကြောင့် ဒီဟာကြောင့် လက်ညှိုးထိုးလို့ မရတော့ဘူး ၊ ဒီအတိုင်းဆက်သွားရင် မကြာဘူး ကိုယ့်ကိုယုံတဲ့ မိတ်ဆွေတွေ ဘယ်သူမှ ရှိတော့မှာ မဟုတ်ဘူး ၊ ဒီအချိန်ဟာ မြန်မာပြည်အတွက် ရက်ရက်စက်စက် စေတနာထားရမယ့်အချိန် ရက်ရက်စက်စက် ရိုးသားရမယ့် အချိန်ဖြစ်နေပြီ ၊ အထက်ပါစကားကို ဦးခင်ညွန့်က ဂရုတစိုက်ပြောကြားခဲ့တာဖြစ်ပါတယ် ၊ ဦးခင်ညွန့် နဲ့ အင်တာဗျူးမှ အချက်အလက်များ ဖြစ်ပါတယ် ၊ — with Sa Maung and 19 others.
Posted on: Mon, 04 Nov 2013 17:51:33 +0000

Trending Topics



Recently Viewed Topics




© 2015