Headphone - TopicsExpress



          

Headphone တွေနဲ.ပတ်သက်ပြီးတော့ ကျွန်တော်အမြင်ကို နည်းနည်းပြောဆွေးနွေးကြည့်ချင်တယ်။ အခု ခေတ်စားနေတဲ့ Beat by Dr.Dre, AKG စတဲ့ Headphone တွေကို အနုပညာရှင်တွေ များသေားအားဖြင့် နာမည်ကြီး DJ တွေကနေပြီးတော့သုံးပြတယ် အဲလိုသုံးပြတော့ သူတို.ကိုကြိုက်တဲ့ ပရိတ်သတ်တွေ ပြီးတော့ ဂီတပညာရှင်တွေက လိုက်သုံးကြတယ် အဲတော့ အဲဒီ Headphone တွေက အရမ်းရောင်းရတယ် မြန်မာငွေ ၃သိန်းလောက်ဆိုရင် Beat by Dr.Dre, AKG စတဲ့ Headphone တွေကိုဝယ်သုံးလို.ရနေပြီ။ ဒါပေမဲ့ Quality ကတော့ကွာမယ်လို.ထင်တယ်။ ဥပမာ Tiesto သုံးတဲ့ AKG Headphone ကိုပဲ ကျန်တဲ့သူတွေက သူသုံးလို.လိုက်သုံးတယ် ဒါပေမဲ့ Quality ကျတော့ Tiesto သုံးတဲ့ Quality မရလောက်ဘူး။ Tiesto လို အောင်မြင်ကျော်ကြားတဲ့ Trance DJ သမားတစ်ယောက်က ၃သိန်းတန် Headphone ကိုမသုံးလောက်ဘူးလို.ထင်တာပဲ။ သူတို.လို ကျော်ကြားတဲ့ အနုပညာရှင်တွေအတွက် သီးသန်. Quality တစ်မျိုးနဲ.ထုတ်ပေးလောက်တယ်။ ပိုက်ဆံကလည်းအများကြီးပေးရလိမ့်မယ်။ သူတို.ကိုယ်တိုင်အဲဒီပိုက်ဆံကိုပေးချင်မှပေးရလိမ့်မယ် သူတို.ကို အဲဒီ Headphone ထုတ်တဲ့ Company တွေကနေ သီးသန်.ထုတ်ပြီးလက်ဆောင်ပေးတာမျိုးဖြစ်ဖို.များတယ်။ ဥပမာ AKG နဲ. Tiesto ပေါင်းပြီး အကျိုးတူ စီးပွားရေးလုပ်တာမျိုးတို.၊ Beat နဲ. Dr.Dre ပေါင်းပြီး အကျိုးတူစီးပွားရေးလုပ်တာမျိုးတို.ကိုပြောတာပါ။ အဓိကပြောရမည်ဆိုလျင် Headphone အမျိုးစားချင်တူလျင်တောင် Quality က ၃သိန်းတန်က ၃သိန်းတန်လောက်သာ ရမှာဖြစ်ပြီး Tiesto တို.၊ Dr.Dre တို.နားထောင်နေတဲ့ Quality လို Headphone မျိုးမရနိုင်ဘူးလို.ထင်ပါတယ်။
Posted on: Sat, 17 Aug 2013 14:02:45 +0000

Trending Topics



Recently Viewed Topics




© 2015