Htein Lin - TopicsExpress



          

Htein Lin Aung ဟာသဖြစ်သွားတာကတော့ မကွေးဆေးတက္ကသိုလ်ရဲ့ First M.B Class ကို PSM ဌာနက Filariasis၊ Microbiology ဌာနက Hepatitis B Virus အကြောင်း TPPD အချိန်မှာ နှစ်စဉ် လာရောက်ဟောပြောလေ့ရှိပါတယ်။ တစ်နှစ်မှာ PSM ဌာနက လာရောက်ဟောပြောရင်းနဲ့ ................ ယခုရက်ပိုင်းအတွင်း ဆင်ခြေထောက်ရောဂါကာကွယ်ဆေးတိုက်ကျွေးသည့် ဒေသများမှ ဆေးသောက်သုံးခဲ့သူများတွင် ဘေးထွက်ဆိုးကျိုးရှိခဲ့ခြင်း အပေါ် ပြည်သူလူထု၏ စိုးရိမ်ထိတ်လန့် မှု ဟာ ခဏတာ Hot Issue ဖြစ်သွားခဲ့ပါတယ်။ ယခုပြသနာအပေါ် အဖွဲ့ အတွင်း Comment များကို ဖတ်ကြည့်ရာမှ မိမိ၏ ထင်မြင်ချက်များမှာ ၁။ မြန်မာနိုင်ငံမှ ဆရာဝန်အများစုအနေဖြင့် ဆင်ခြေထောက်ရောဂါကို သိသလိုလိုနဲ့ မသိဖြစ်နေသည်ဟု ထင်ပါတယ်။ Filariasis ကို First M.B Zoology, 3rd M.B Microbiology, Final Part I Preventive & Social Medicine တို့ တွင် ထည့်သွင်းသင်ကြားသော်လည်း အလားတူ Vector(Mosquito)-borneDiseases များဖြစ်သော Malaria နှင့် Dengue Fever လောက် Hot Topic မဖြစ်ပါ။ Final Part II တွင်မူ Surgery ဘာသာရပ်တွင် Filariasis as one of the causes of Hydrocele အဖြစ် သင်ကြားခဲ့ရပါတယ်။ ဆင်ခြေထောက်ရောဂါ ဖြစ်စေသော အကောင်ကို သိကြသော်လည်း သုံးသောဆေး Diethyl Carbamazine Citrate နှင့် Dose & Side effects များလည်း ကျောင်းပြန်ကုန်ကြပါပြီ။ (DEC, Dose & Side effects သည် Final Viva Board of Preventive & Social Medicine မှာ မေးလေ့ရှိပါတယ်။) ၂။ Prevalence & Incidence မြန်မာနိုင်ငံတွင် ဆင်ခြေထောက်ရောဂါ၏ prevalence & incidence နဲ့ ပတ်သက်ပြီး တိကျသော ကိန်းဂဏန်းများ ဖော်ပြခြင်းကို မသိခဲ့ပါ။ ပြည်သူလူထုအတွင်းမှာလည်း ထင်သာမြင်သာအစုလိုက်အပြုံလိုက်ဖြစ်ပွားမှု မရှိပါ။ ရောဂါ၏ Latent Period မှာလည်း ကြာမြင့်ပါတယ်။ ဤရောဂါနဲ့ ပတ်သက်ပြီး Prisoner of Conscience ဖြစ်ဖူးသော ဆရာဝန်တစ်ယောက်က မြန်မာပြည်ရှိ ထောင်သားအများစုတွင် ဆင်ခြေထောက်ရောဂါပိုးကူးစက်ခံထားရသည် ဟု သူထင်မြင်မိကြောင်း၊ ဆင်ခြေထောက်ရောဂါနဲ့ ပတ်သက်ပြီး ဖတ်ရှုလေ့လာချင်ရင် အနောက်နိုင်ငံများမှ ပြဌာန်းစာအုပ်များထက် အိန္ဒိယနိုင်ငံမှ ဆေးပညာစာအုပ်များက ပိုပြီး ပြည့်စုံတယ်လို့ လွန်ခဲ့သော သုံးနှစ်ခန့် က ဖော်ပြခဲ့ပါတယ်။ (ထောင်လုံခြုံရေးလက်စွဲဥပဒေအရ အကျဉ်းသားများ ညအိပ်သည့်အခါ ခြင်ထောင်ထောင်ခွင့် မရှိဟု သိရပါတယ်။) ကြေးမုံသတင်းစာပါဆောင်းပါးပါ ၂၀၀၁ ပတ်ဝန်းကျင်က Data အရ Survey ပြုလုပ်ခဲ့သည့် ၆၅ ခရိုင်တွင် ၄၅ ခရိုင်တွင် ဆင်ခြေထောက်ရောဂါပိုး အမြစ်တွယ်လျက်ရှိတယ်လို့ ဆိုပါတယ်။ အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာ 24 hours Filariasis Clinic များ ဖွင့်လှစ်ထားရတယ်လို့ ဆိုပြီး မြန်မာနိုင်ငံအနေနဲ့ အဲလိုအဆင့်မျိုးရောက်မသွားရအောင် ကာကွယ်ကုသခြင်းလုပ်ငန်းကို ထိထိရောက်ရောက် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ၃။Co-operation between Public Health Dept & local G.Ps. I doubted whether such co-operation and communication existed. ဆေးသောက်သုံးခဲ့သူ ပြည်သူများ ခေါင်းမူးပြီးအန်ပြီး Local G.P များထံရောက်လာခဲ့သည့်အခါ ထိုလူနာများ ဘာဆေးသောက်ခဲ့တယ်/ကျန်းမာရေးဌာနများက ဘာအစီအစဉ်ဖြင့် တိုက်ကျွေးခဲ့တယ်ဆိုတာကို ကနဦး မသိဟု ထင်ရပါတယ်။ DEC+Albandezole သောက်ထားမှန်း သိလာသောအခါတွင်လည်း ထိုဆေး၏ Side effects များကို သေချာမသိရှိသဖြင့် လူနာများကို Reassurance မပေးနိုင်ခဲ့ပါ။ (မိမိအနေဖြင့် ၇-၈တန်းကျောင်းသားဘ၀က အခုလို Mass Program ကို ကြုံဖူးပါတယ်။ ည ၉ နာရီလောက်မှာ ဆေးသောက်အိပ်တာ ည ၁၂ နာရီမှာ ခေါင်းတအားမူးပြီး ထအန်ပါတယ်။ မနက်ကျတော့ နည်းနည်းနုန်းတာမှ အပ ကျန်ပြသနာမရှိခဲ့ပါ။ အဲတုန်းက ရပ်ကွက်က ရ.ယ.က အဖွဲ့ ဝင်တွေနဲ့ ကျန်းမာရေးဝန်ထမ်းပူးပေါင်းအဖွဲ့ ကဆေးဝေပေးသွားခဲ့တာဖြစ်ပြီး ဒီဆေးဟာ မူးတတ်တယ်၊ အန်တတ်တယ်လို့ ကြိုတင်ရှင်းပြသွားခဲ့ပါတယ်။) ၄။ ပြည်သူလူထုသို့ ကြိုတင်အသိပေးမှု ၂၀၁၃ စက်တင်ဘာလ ၈ ရက်နေ့ ထုတ် ကြေးမုံသတင်းစာအထူးထုတ်အချပ်ပို ကျန်းမာရေးကဏ္ဍတွင် VBDC Control Dept မှ လက်ထောက်ညွှန်မှုးကိုယ်တိုင်ရေးသားထားသော ပညာပေးဆောင်းပါးတစ်စောင် ဖော်ပြပါရှိပါတယ်။ မြန်မာ့ရုပ်မြင်သံကြားမှလည်း လူကုန်ဆေးတိုက်ကျွေးမည့် ရက်စွဲနှင့် ဒေသများကို သတင်းအပြီးတွင် ကြေငြာခြင်းနှင့် အောက်ခြေစာတမ်းထိုးခြင်းတို့ ကို ဆောင်ရွက်ခဲ့ပါတယ်။ Flow of information is not effective. ပြည်သူအများစုသည် အစိုးရမီဒီယာများအပေါ် ယုံကြည်စိတ်ဝင်စားမှု နည်းပါးနေခဲ့ကြပြီး တဖက် သူတို့ ယုံကြည်သော ပြင်ပမီဒီယာများ(ပုဂလိကသတင်းစာ၊ ဂျာနယ်၊ ပြည်ပအသံလွှင့်ဌာနများ) တွင် ယခု Mass Filacidal Campaign အကြောင်းကို ဖော်ပြခဲ့မှု မရှိဟု ထင်မြင်ပါတယ်။ Side effects များ ပေါ်ပေါက်လာမှသာ ထိုပြင်ပမီဒီယာများတွင် ပါကုန်ကာ အုတ်အော်သောင်းနင်းဖြစ်ပြီး ပြည်သူလူထုကို စိုးရိမ်စိတ်မြင့်တက်စေခဲ့ပါတယ်။ ကျန်းမာရေးဌာန၏ Dengue Status of Myanmar အသိပေးထုတ်ပြန်ချက်ဟာ အင်္ဂလိပ်ဘာသာဖြင့်ဖော်ပြသော web page တစ်ခုတွင် သတင်းတက်ခဲ့သော်လည်း ပြည်တွင်းမီဒီယာများမှ ထိုထုတ်ပြန်မှုကို မသိရှိခဲ့သဖြင့် ကျန်းမာရေးဌာနအနေဖြင့် သတင်းအမှောင်ချထားတယ်ဟု စွပ်စွဲခံခဲ့ရပါတယ်။ ထိုနောက်ပိုင်း သွေးလွန်တုပ်ကွေးရောဂါနှင့် ပတ်သက်ပြီး ရောဂါလက္ခဏာများ၊ ဆောင်ရန်ရှောင်ရန်များ၊ ကျန်းမာရေးဝန်ထမ်းများ၏ ဆောင်ရွက်ချက်များကို ပြင်ပမီဒီယာများ ဥပမာ စံတော်ချိန်သတင်းစာ၊ ဧရာဝတီသတင်းဌာန တို့ မှ ပြန်လည်တင်ပြနိုင်ခဲ့တာကို တွေ့ ရှိရပါတယ်။ VBDC မှ အစ်မတစ်ယောက်မှ VBDC Facebook Page ထောင်ပြီး ပြည်သူလူထုသို့  အသိပေးခဲ့သော်လည်း ပညာရပ်ဆိုင်ရာ Page တစ်ခုဖြစ်နေသဖြင့် ကျယ်ပြန့် စွာမပြန့် နှံ့ ခဲ့ဟု ထင်ပါတယ်။ နှိုင်းယှဉ်ဖော်ပြလိုသည်မှာ မိမိတို့ ငယ်စဉ်ကဆောင်ရွက်ခဲ့သော Polio Eradication Campaign ဖြစ်ပါတယ်။ ပထမဆုံးစီမံချက်နှစ်တွင် ဆေးတိုက်ရက်မတိုင်ခင် သုံးလလောက်ကကြိုပြီး အစိုးရမီဒီယာများတွင် အင်တိုက်အားတိုက်ဖော်ပြခဲ့ပါတယ်။ ပိုလီယိုရောဂါ၏ ဆိုးကျိုးများကို ပြည်သူလူထုကို ကွက်ကွက်ကွင်းကွင်း မြင်စေခဲ့ပါတယ်။ ရပ်ဝေးသို့ မဖြစ်မနေအကြောင်းဖြင့် ခရီးထွက်လာသော မိသားစုများပင် ရောက်ရှိဒေသရှိ ဆေးတိုက်ကျွေးရာနေရာသို့ မိမိတို့ ၏ ငါးနှစ်အောက်ကလေးသူငယ်များကို သွားတိုက်ကြရတဲ့အထိ ကို လွှမ်းမိုးနိုင်ခဲ့တယ်။ တိုက်ကျွေးတဲ့အခမ်းအနားကိုလည်း ရုပ်မြင်သံကြားမှာ ပြတယ်။ အစိုးရက Show of Force အနေဖြင့် ဝေးလံခေါင်သီဒေသများသို့ Cold Chain မပျက်ခင်ဆေးရောက်ရအောင် ရဟတ်ယာဉ်ဖြင့် ပို့ ဆောင်ပေးတာကိုပါ ပြသခဲ့ပါတယ်။ ၅။ပြည်သူလူထုထံမှ တုံ့ ပြန့် မှု ယခင်နှစ်များ မကွေးတိုင်း၊စစ်ကိုင်းတိုင်း နှင့် မန္တလေးတိုင်းတို့ တွင် လူကုန်ဆေးတိုက်ကျွေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့သော်လည်း ဘေးထွက်ဆိုးကျိုးသတင်းတက်မလာခဲ့ပါ။ အကြောင်းရင်းများမှာ (က)ဒေသခံလူထုမှ ဆေး၏ side effects များကို သိရှိထားပြီး အလွန်ပြင်းထန်မှုမရှိဟု လက်ခံထားပြီးဖြစ်ခြင်း (ခ) ဆေးကို လူထုမှ လက်ခံရယူသော်လည်း တကယ်သောက်သုံးမှုမရှိခြင်း (ဂ) ဒေသဆိုင်ရာ တာဝန်ရှိသူများမှ လက်တွေ့ စိတ်ပါလက်ပါ ဆောင်ရွက်မှုမရှိခြင်း (ဃ) မီဒီယာများနှင့် ဒေသလူထု အလှမ်းကွာခြင်း (င) ပထမအကြိမ်တိုက်ကျွေးစဉ် နှစ်များက မီဒီယာလွတ်လပ်ခွင့် နည်းပါးခြင်း ယခုနှစ်တွင် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနသာင်္ရီတိုင်းနှင့် မွန်ပြည်နယ်တွင် ပထမအကြိမ်အဖြစ် စတင်တိုက်ကျွေးရာမှ ပြသနာသတင်းများ တက်လာခြင်းဖြစ်ပါတယ်။ အကောင်းဖက်ကကြည့်မယ်ဆိုရင် ဒါဟာ တာဝန်ရှိသူတွေ လုပ်ဆောင်မှုတကယ်ရှိတယ်၊ ပြည်သူလူထုက တကယ်သောက်တယ်ဆိုတာကို ပြသပါတယ်။ (ဟာသဖြစ်သွားတာကတော့ မကွေးဆေးတက္ကသိုလ်ရဲ့ First M.B Class ကို PSM ဌာနက Filariasis၊ Microbiology ဌာနက Hepatitis B Virus အကြောင်း TPPD အချိန်မှာ နှစ်စဉ် လာရောက်ဟောပြောလေ့ရှိပါတယ်။ တစ်နှစ်မှာ PSM ဌာနက လာရောက်ဟောပြောရင်းနဲ့ ”မကွေးဒေသဟာ ဆင်ခြေထောက်ရောဂါအဖြစ်များကြောင်း၊ မကွေးကပြန်ရင် ဆင်ခြေထောက်ပိုးပါသွားနိုင်ကြောင်း၊ အဲလိုပါမသွားရအောင် ဆရာတို့ ဌာနမှာ ဆင်ခြေထောက်ရောဂါပိုးသတ်ဆေးလာတောင်းသောက်နိုင်ကြောင်း၊ Side effects အနေနဲ့ မူးပြီးအန်တတ်ကြောင်း” ပြောသွားတယ်။ နောက်နေ့ First M.B ကျောင်းသူသုံးယောက်က PSM ဌာနကို တက်လာတယ်။ ဆေးဘယ်ကတောင်းရမလဲလည်း ဌာနမှာ မေးရဲပုံမရတာနဲ့ ပဲ “တန်တော့ ဌာနမှာထားတဲ့ Water Cooler က သောက်ရေသန့် ပုံးထဲထည့်ဖျော်ထားတာတူပါရဲ့” ဆိုပြီး ရေတွေထည့်သောက်ပြီး နည်းနည်းနုပုံပေါ်တဲ့ ၁ ယောက်က placebo effect နဲ့ ခေါင်းမူးတယ်မူးတယ်ဆိုတာကို ကျန် ၂ ယောက်က ဘေးကထိန်းလျှောက်ရင်း ပြန်ဆင်းသွားကြလေရဲ့) မိမိအနေဖြင့် အောက်ပါအချက်များကို အကြံပြုလိုပါတယ်။ ၁။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်ပြီး ပြည်သူလူထုတွင် ဖြစ်ပေါ်နေသော စိုးရိမ်ပူပန်သံသယစိတ်များကို ချေဖျက်ခြင်း ထိုသို့ ချေဖျက်ရာတွင် ကနဦးဖော်ပြခဲ့သော ပြင်ပမီဒီယာများတွင် မျက်နှာဖုံးသတင်းအနေဖြင့် ပြန်ပါရန် ကြိုးစားသင့်ပါတယ်။ ဖြေရှင်းချက်ပေးရာတွင် ဆရာဝန်များမှ ရှင်းပြသည်ထက် ကိုယ်တိုင်ခံစားခဲ့ရသူများမှ Side effects are just limited. ကို ရှင်းပြသည်က ပြည်သူလူထုပိုမိုလက်ခံမယ်လို့ ထင်ပါတယ်။ ရုပ်သံမီဒီယာများကပါ လူနာများနဲ့ အမေးအဖြေကို ရိုက်ကူးထုတ်လွှင့်တင်ပြသင့်ပါတယ်။ နောင် အခုလို ကျန်းမာရေးကိစ္စနှင့် ပတ်သက်လျှင် ဘာပဲဖြစ်ဖြစ် ကိုယ့်ဘက်ကတရားဝင်အမြန်ဖြေရှင်းနိုင်ဖို့ လိုပါမယ်။ Facebook ခေတ်မှာ အရင်ပြောနိုင်တဲ့သူရဲ့ စကားက သတင်းပရိသတ်ရဲ့ ခေါင်းထဲကို ထိုးဖောက်ဝင်ရောက်သွားပါတယ်။ ၂။ Prevalence & Incidence of filariasis သည် Significant Data ဖြစ်နေပြီဆိုတဲ့အတွက် ဆေးတက္ကသိုလ်များ၏ ပညာရေးကော်မတီနှင့်ညှိနှိုင်းပြီး First M.B Zoology Theory paper, 3rd M.B Microbiology Theory paper, Pharmacology FPI PSM Theory paper & Viva Question As a short note in FPII Medicine & Surgery Theory papers တို့ တွင် 3 or 4 Stars Question အဆင့်လောက်တော့ ထည့်ထားသင့်တယ်ဟု အကြံပြုလိုပါတယ်။ ၃။ဆင်ခြေထောက်ရောဂါ၏ ဆိုးကျိုးများကို ပြည်သူလူထုမှ ပိုမိုသိရှိအောင် ဆောင်ရွက်ခြင်း A picture tells more words than a sentence . ဆင်ခြေထောက်ရောဂါရင့်သောအဆင့်၏ ပုံများကို ပြည်သူလူထုကြည့်ရှုလေ့ရှိသော မီဒီယာများအားလုံးမှ တင်ပြသင့်ပါတယ်။ မီဒီယာကို ရန်သူအဖြစ်သတ်မှတ်မည့်အစား ပြည်သူလူထုကောင်းကျိုးအတွက် အသုံးချနိုင်ရပါမယ်။ ၄။စီမံချက်ဒေသများရှိ ပြည်သူလူထုကို ထိရောက်သောနည်းဖြင့် ကြိုတင်အသိပေးခြင်း။ အစိုးရမီဒီယာ၊ ဂျာနယ်၊ V.O.A, B.B.C, D.V.B တို့ မှ အသိပေးခြင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးမှနေပြီး လော်စပီကာဖြင့် ကြေငြာခြင်း။ ဘေးထွက်ဆိုးကျိုးများသည် အလွန်ဆိုးရွားမှု မဖြစ်နိုင်ကြောင်း ကြိုတင်ပြောကြားရမည် ဖြစ်သလို ဆေးသောက်ပြီး ဘေးထွက်ဆိုးကျိုးဖြစ်ပေါ်လာပါက မည်သူများထံ သွားရောက်ပြသသင့်ကြောင်း လည်း ကြိုတင်ရှင်းလင်းထားရမှာ ဖြစ်ပါတယ်။ (ဟာသဖြစ်သွားတာကတော့ မကွေးဆေးတက္ကသိုလ်ရဲ့ First M.B Class ကို PSM ဌာနက Filariasis၊ Microbiology ဌာနက Hepatitis B Virus အကြောင်း TPPD အချိန်မှာ နှစ်စဉ် လာရောက်ဟောပြောလေ့ရှိပါတယ်။ တစ်နှစ်မှာ PSM ဌာနက လာရောက်ဟောပြောရင်းနဲ့ ”မကွေးဒေသဟာ ဆင်ခြေထောက်ရောဂါအဖြစ်များကြောင်း၊ မကွေးကပြန်ရင် ဆင်ခြေထောက်ပိုးပါသွားနိုင်ကြောင်း၊ အဲလိုပါမသွားရအောင် ဆရာတို့ ဌာနမှာ ဆင်ခြေထောက်ရောဂါပိုးသတ်ဆေးလာတောင်းသောက်နိုင်ကြောင်း၊ Side effects အနေနဲ့ မူးပြီးအန်တတ်ကြောင်း” ပြောသွားတယ်။ နောက်နေ့ First M.B ကျောင်းသူသုံးယောက်က PSM ဌာနကို တက်လာတယ်။ ဆေးဘယ်ကတောင်းရမလဲလည်း ဌာနမှာ မေးရဲပုံမရတာနဲ့ ပဲ “တန်တော့ ဌာနမှာထားတဲ့ Water Cooler က သောက်ရေသန့် ပုံးထဲထည့်ဖျော်ထားတာတူပါရဲ့” ဆိုပြီး ရေတွေထည့်သောက်ပြီး နည်းနည်းနုပုံပေါ်တဲ့ ၁ ယောက်က placebo effect နဲ့ ခေါင်းမူးတယ်မူးတယ်ဆိုတာကို ကျန် ၂ ယောက်က ဘေးကထိန်းလျှောက်ရင်း ပြန်ဆင်းသွားကြလေရဲ့ နောက်တစ်ခုအံ့သြစရာကောင်းတာတစ်ခုက မကွေးမှာ နေခဲ့တဲ့ အစ်မတစ်ယောက်က DEC နဲ့ Mass Campaign အကြောင်း မသိဘူးဗျ။) ၅။ သက်ဆိုင်သူများကို အသိပညာပေးသင်တန်းပို့ ချခြင်း သက်ဆိုင်သူများဆိုရာတွင် ပါဝင်တိုက်ကျွေးပေးမည့် မြို့ နယ်/ရပ်ကွက်အုပ်ချုပ်ရေးတာဝန်ရှိသူများ၊စေတနာ့ဝန်ထမ်းလုပ်အားပေး ကြက်ခြေနီ၊ အရန်မီးသတ်၊ အမျိုသမီးရေးရာ၊ စိတ်ပါဝင်စားသူနိုင်ငံရေးပါတီဝင်များ သာမက ဒေသခံ G.P ဆရာဝန်များပါ ပါဝင်ပါတယ်။ ဒေသခံ G.P ဆရာဝန်များကို CME Program ပြုလုပ်ခြင်း၊ မြို့ နယ်ကျန်းမာရေးဌာနတွင် ညှိုနှိုင်းအစည်းအဝေးပြုလုပ်ဖိတ်ကြားခြင်းဖြင့်  ဆောင်ရွက်မည့်လုပ်ငန်းစဉ်အကြောင်း၊ ဆေးများအကြောင်း၊ Side effects and their treatment များကို ညှိနှိုင်းဆွေးနွေးထားသင့်ပါတယ်။ ၆။VBDC Control Dept ကို တိုးချဲ့ ဖွဲ့ စည်းခြင်း ဌာနသည် ငှက်ဖျားနှင့် သွေးလွန်တုပ်ကွေးနှစ်ခုနဲ့ တင် ရှိတဲ့ဝန်ထမ်းနဲ့ လုံးလည်ချာလည် ဖြစ်နေပြီထင်ပါတယ်။ VBDC Control Dept ကို Organization & Set up တိုးချဲ့ ထားသင့်တယ်လို့ ထင်ပါတယ်။ ၇။Vector control Culex, Aedes, Anopheles အကုန်နှိမ်နင်းရမှာပါ။ ရေမြောင်းတွေ ရေစီးရပါမယ်။ ၈။ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နောင်မိမိတို့ ဆောင်ရွက်မည့် ပြည်သူလူထုအခြေပြု ကျန်းမာရေးစီမံချက်များအတွက် ပြည်သူလူထုနားလည်သိရှိနိုင်မည့် စကားလုံးများအသုံးပြုပြီး facebook ပေါ်မှာပါ အသက်ဝင်လှုပ်ရှားနေမယ့် သတင်းထုတ်ပြန်ရေး/ပြန်ကြားရေး Task Force တစ်ခု ထားရှိသင့်ပါတယ်။ Here, my discussion is not to play blame game, but just to find the solutions. We all hope more Mass Health Campaigns in the future will be smarter and more successful. May I request all the readers to point out any error in my discussion. — with Pyei Phyo and 8 others. Like · · Unfollow Post · 44 minutes ago
Posted on: Fri, 13 Sep 2013 07:04:56 +0000

Trending Topics



Recently Viewed Topics




© 2015