Identity လက်တွေ့ကမ္ဘာမှာ - TopicsExpress



          

Identity လက်တွေ့ကမ္ဘာမှာ နိုင်ငံရေးလုပ်ရင် အိုင်ဒီ ခေါ် Identity ဆိုတာ လိုအပ်တယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီနိုင်ငံရေးသမားအပေါ် ယုံကြည်ပြီး မဲပေးရမယ့် ကိစ္စတွေရှိတယ်။ တိုတိုဆိုရရင် Impact တွေရှိတယ်။ ဒါကြောင့် လိုအပ်တယ်။ ဒီ Identity ဟာ ဒီလူ လူကောင်းလား၊ လူဆိုးလား ဆိုတာကို ပြမယ့်ကိစ္စလဲဖြစ်တယ်။ ဒါ့အပြင် ဒီလူအပေါ်ယုံကြည်မှု တည်ဆောက်ဖို့ကလဲ လိုသေးတယ်။ ဒါကြောင့်မရှိမဖြစ်လိုအပ်တယ်။ လက်တွေ့ကမ္ဘာအပြင်လောကမှာ။ Facebook လို ကမ္ဘာအတုမှာ ID အစစ်ဖြစ်၇င်လဲ ဖြစ်မယ်။ အတု ဖြစ်ရင်လဲ ဖြစ်မယ်။ အစစ်ပေမယ့် မပြတာလဲ ဖြစ်ရင်လဲ ဖြစ်မယ်။ ဒါပေမယ့် သူ့ရဲ့ Identity နဲ့ပတ်သက်တဲ့ impact ဟာ အကန့်အသတ်ရှိတယ်။ လက်တွေ့လူမှုဘဝနဲ့ ချိတ်ဆက်မထားရင် အကောင့်တစ်ခု ပိတ်သိမ်းတာနဲ့ဇာတ်သိမ်းသွားပြီဖြစ်တယ်။ င်္ဒီလို ကမ္ဘာအတုမှာ သုံးစွဲသူအမျိုးမျိုး သူ့ခံယူချက်နဲ့သူ သုံးနေကြတဲ့အခိုက်မှာ -အစစ်အမှန် အိုင်ဒီပြလို့ Credibility ရှိတဲ့လူ -အစစ်အမှန် အိုင်ဒီမပြလို့ Credibility မရှိတဲ့လူ ဆိုတဲ့ကောက်ချက်ဟာ ပုဂ္ဂိုလ်ခင်လို့ တရားမင်တယ် ဆိုတဲ့ သဘောသွားပါပဲ။ ဒီလူဟာ ယုံကြည်ရတန်၏..ဒီလူဟာ ဘယ်မိသားစုက ဘယ်သို့ဘယ်ပုံ၊ ဘယ်ဘက်ဂရောင်းက မို့လို့ ဒီလို ဖြစ်တန်၏ ဆိုပြီး ချတဲ့ကောက်ချက်ဟာ Assumptions ခေါ် မရေရာသောကောက်ချက်အမျိုးအစားပါပဲ။ ပုဂ္ဂိုလ်ခင်လို့ တရားမင်တာ ကောင်း၏ ဆိုး၏ အထူးပြောဖို့မလိုပါဘူး။ အမျိုးမျိုးသော အဆိုအမိန့်တွေရှိပြီးသား။ ထပ်ပြောဖို့ မလိုအောင်ပြည့်စုံစွာ ရှိပြီးသား။ ဆန့်ကျင်ဘက်အနေနဲ့ တရားမင်လို့ ပုဂ္ဂိုလ်ခင်တယ် ဆိုတာမျိုးကို ဒီလိုနေရာမှာ ပြန်စဉ်းစားလိုက်ရင် လူတစ်ယောက်ဘယ်သူ၊ ဘယ်ဝါ၊ ဘယ် ဘက်ဂရောင်း ဆိုတာထက် သူ့စဉ်းစားပုံ၊ ပြုမူပုံ စတာတွေဟာ လေးနက်သလား၊ ပေါ့တန်သလား စသဖြင့် စူးစမ်းပြီးမှ နှစ်လိုခြင်းမျိုးပေါ့လေ။ ဒီလို နှစ်လိုခြင်းမှာ First Impression လို့ခေါ်တဲ့ လူကိုကြည့်ပြီးမသေမချာ ကောက်ချက်ချတာတွေမပါဘူး။ နောက် မိသားစု၊ ဘက်ဂရောင်း၊ ဂိုဏ်းဂဏ တွေမပါဘူး။ ဘောင်မဲ့တယ်။ လောကကြီးထဲက တစ်ကယ့်ကမ္ဘာအစစ်မှာ အလုပ်လုပ်ကြမယ်ဆိုရင် Identification ဆိုတာ လိုအပ်ချက်အနေနဲ့ သဘာဝအရကို ဖြစ်ထွန်းလာပြီးသား။ မရှိလို့မရပါဘူး။ လောကအတုဖြစ်တဲ့ ဖေ့စ်ဘုတ်မှာ Identity ဟာ မရှိမဖြစ် လိုအပ်ချက်မဟုတ်သေးဘူး။ လိုသူတွေလဲ ရှိသလို မလိုသေးသူတွေလဲရှိမယ်။ သူ့လိုအပ်ချက် အတိုင်းအတာနဲ့သူပေါ့လေ။ ဒီလိုဟာကို ငြင်းနေရင်တော့ အတုကို အတုမှန်း အစစ်ကို အစစ်မှန်း မသိဘူး ဆိုတဲ့ သဘောသွားကိုပြပါတယ်။ Identity မဖော်ပြလို့ နိုင်ငံရေးတွေ မရေးသင့်ပါ....ှုဘယ်ပါတီကလဲ၊ ဒါမှမဟုတ် ဘယ်ဘက်ကလဲ ဆိုတာ မပြလို့ နိုင်ငံရေး မရေးသင့်ပါ လို့ ပြောတဲ့ ကိစ္စတွေကတော့ ပုဂ္ဂိုလ်မင်မှ တရားခင်ချင်သူတွေ သဘောဖြစ်ပါလိမ့်မယ်။ ပုဂ္ဂိုလ်ခင်လို့ တရားမင်တဲ့ သူတွေ အင်အားကြီးတဲ့အခါမှာ ဘာဖြစ်မလဲ။ သူတို့ခင်စရာပုဂ္ဂိုလ်မရှိရင် တရားဆိတ်သုန်းပါမယ်။ ဒါက ဘာကိုပြတာလဲ ဆိုတော့ သူနေ့၇ာနဲ့သူဆိုတာလေးပါ။ သခင်အောင်ဆန်း ဟိုင်နန်ကျွန်းသွားတဲ့ကာလမှာ မျက်နှာမဖော်ဘဲ သွားတဲ့အတွက် မဖြစ်သင့် ဆိုတာ ဖြစ်မလား။ သူ့အချိန်၊ သူ့အခါ၊ သူ့နေရာနဲ့သူပေါ့လေ။ ကာလ၊ ဒေသ၊ ပယောဂ ဆိုတဲ့အချက်တွေနဲ့ ချိန်ထိုးစဉ်းစားရတယ်ဆိုတာ။ ဥာဏ်ဆိုတာ နေရာတကာမှာ စကားပြောပါတယ်။ ပြည့်တန်ဆာအိမ်မှာ အဘိဓမ္မာသွားဟောတယ် ဆိုတဲ့ ဥပမာဟာ ဒီလို ကာလ၊ ဒေသ၊ ပယောဂ တွေကို ထည့်မစဉ်းစားတတ်သော ဥာဏ်မဲ့မှုမျိုးအတွက် ဥပမာကောင်းတစ်ခုပါ။ ကမ္ဘာအတုမှာ သူ့ရဲ့ကန့်သတ်ချက်ကဘာလဲ။ တစ်ကယ့်လောကကြီးက ဘာလဲ။ ခွဲသိနိုင်ရင်တော့ ကောင်းပါတယ်။ ခွဲမသိဘဲ ပြောတဲ့အခါကျရင် ရယ်ချင်စရာတွေထွက်ထွက်လာတတ်တာပေါ့လေ။
Posted on: Sat, 18 Jan 2014 19:27:33 +0000

Trending Topics



Recently Viewed Topics




© 2015