Intelligent Sleep Mask သင်ပိုမို - TopicsExpress



          

Intelligent Sleep Mask သင်ပိုမို ကောင်းမွန်စွာ အိပ်စက် နိုင်စေဖို့ ရိုးရိုးနှိုးစက်နဲ့ မတူတဲ့ သင့်ရဲ့ sleep cycle ကိုစောင့်ကြည့်ပြီး နှိုးပေးမယ့် Zizz လို့ ခေါ်တဲ့ "Intelligent Sleep Mask" ဥာဏ်ရည်ရှိ အိပ်စက် မျက်နှာဖုံး" ကကူညီ ပါလိမ့်မယ်။ ယခင် အပတ်က ပြုလုပ်ခဲ့တဲ့ TechCrunch Disrupt SF 2013 မှာ Warsaw အခြေစိုက် IQ Intelclinic ကုမ္ပဏီက သင်အိပ်ရေးဝ၊ မ၀ကို ဆုံးဖြတ်ပေးဖို့ မျက်နှာဖုံး တပ်ဆင်ထား သူရဲ့ အိပ်စက်မှု စက်ဝန်းကို (မျက်လုံး အမြန်ရွေ့ အိပ်စက်ခြင်း(REM sleep) နဲ့မျက်လုံးငြိမ် အိပ်စက် ခြင်း (NREM sleep) တို့အပါအ၀င် စောင့်ကြည့် စစ်ဆေး ပေးမယ့် sensor တွေအသုံးပြု ထားတဲ့ "ဥာဏ်ရည်ရှိ အိပ်စက် မျက်နှာဖုံး" တစ်ခုကို ပြသခဲ့ ပါတယ်။ ဒီမျက်နှာဖုံးမှာ သင့်ဦးခေါင်းကို ဖိနှိပ်မယ့် လျှပ်ခေါင်း အသေးစား လေးတွေ ပါဝင်ပြီး ပတ်ပတ်လည် မှာတော့ viscoelastic foam လို့ခေါ်တဲ့ အပျော့စား ပစ္စည်းကို သက်တောင့် သက်သာ ဖြစ်အောင် တပ်ဆင် ထားပါတယ်။ သင်အိပ်နေ၊ နိုးနေစဉ် အပြုအမူ တွေနဲ့ ပတ်သက်တဲ့ အ ချက်အလက် တွေကို ပြန်ကြည့် နိုင်ဖို့နဲ့ အိပ်နေစဉ် ယာယီ အသက်ရှု ရပ်ဆိုင်းမှု (sleep apnea) လိုပြဿနာ တွေကို ဖော်ထုတ် ဖို့အတွက် mobile application တစ်ခု နဲ့လည်း ချိတ်ဆက် ထားပါ သေးတယ်။ "သင့်ရဲ့ ဦးနှောက် လိုင်းတွေ၊ မျက်လုံး ရွေ့လျားမှုနဲ့ ကြွက်သားတင်း အားကို တိုင်းတာဖို့ လျှပ်ခေါင်း သုံးခု ရှိပါတယ်။" လို့ ပိုလန်မှာ ဆေးကျောင်း ပြီးသွားပြီ ဖြစ်တဲ့ တွဲဖက် တည်ထောင်သူ Kamil Adamczyk ကရှင်းပြ ပါတယ်။ "မျက်နှာဖုံးရဲ့ electronics တွေက amplifier တစ်ခုဆီကို အချက်ပြမှု တွေပို့မယ်။ အသိဥာဏ်တု နည်းလမ်းတွေ (artificial intelligence methods) အများအပြား ကိုသုံးပြီး အဲ့ဒီအချက် ပြမှုတွေကို ခွဲခြမ်း စိတ်ဖြာမယ်။ ပြီးမှ bluetooth ကနေ တစ်ဆင့် အချက်ပြမှု တွေကို အသုံးပြု သူရဲ့ စမတ်ဖုန်း ထဲကို ပို့ပေးမှာ ဖြစ်တယ်" လို့သူက ဆက်ပြော ပါတယ်။ IQ Intelclinic ရဲ့နောက်ထပ် တည်ထောင်သူ တစ်ဦးဖြစ်တဲ့ Krzysztof Chojnowski ကတော့ မျက်နှာဖုံး ထဲမှာ သုံးဖို့ကိုယ်ပိုင် လျှပ်ခေါင်းကို ပြုလုပ်နိုင် စေခဲ့တဲ့ အီလက်ထရောနစ် ပညာရပ်မှာ ပါရဂူဘွဲ့ ရခဲ့သူ တစ်ယောက်ပါ။ တည်ထောင်သူ တွေဟာ တက္ကသိုလ် တက်နေစဉ်မှာ အချင်းချင်း တွေ့ဆုံခဲ့ ကြပြီး မတ်၊၂၀၀၃ ကတည်းက ဒီနည်းပညာကို စတင် လုပ်ဆောင် ခဲ့ကြတာ ဖြစ်ပါတယ်။ "ဆေးကျောင်းသား တစ်ဦးမို့ အိပ်ရေး မ၀တဲ့ အချက်က ကျွန်တော့်ကို ဒီလိုကိရိယာ တစ်ခုခု တီထွင် နိုင်စေဖို့ လှုံ့ဆော် ပေးခဲ့တာပါ။ နည်းနည်း အိပ်ပြီးများများ အကျိုးရှိမယ့် ကိရိယာ တစ်ခုကို တီထွင်ပြီး လူတွေကို ကူညီဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ ကြပါ တယ်။"လို့ Adamczyk ကပြောပါတယ်။ အဲဒီရက် တွေက သူဟာ တစ်ညမှာ သုံးနာရီ လောက်ပဲ အိပ်ခဲ့ရပြီး နေ့ခင်းဖက် မှာလည်း ခဏ လောက်ပဲ တမှေးအိပ် ခဲ့ရတာပါ။ REM sleep မှာဒါမှမဟုတ် NREM sleep မှာ သင်ရောက် နေတယ် ဆိုတာကို ဖော်ထုတ် နိုင်တဲ့ applicationတစ်ခုနဲ့ ချိတ်ဆက် ထားတဲ့အတွက် ဒီကိရိယာက သင့်ကို အိပ်ခြင်းစက်ဝန်း တစ်ပတ် ပြည့်ပြီးမှ နှိုးပေးမယ့် alarm setting တွေကို ချိန်ညှိခွင့် ရစေမှာပဲ ဖြစ်ပါတယ်။ သုံးစွဲသူ တွေဟာ alarm မြည်ချိန် အတိအကျနဲ့ သိပ်မကွာဘဲ အိပ်ရေး ၀ခြင်းကို ထိခိုက်မှု နည်းစေဖို့ အတွက် application ရဲ့ setting ထဲက ဒိုင်ခွက် တစ်ခုကို လှည့်ရမှာပါ။ ဒီလိုဆိုရင် ဒီနေ့ခေတ် နှိုးစက်တွေလို ကြိုသတ်မှတ် ထားတဲ့ အချိန် အတိအကျမှာ သင့်ကို မနှိုးတော့ဘဲ အိပ်ခြင်း စက်ဝန်း တစ်ပတ် ပြည့်ပြီးမှ သင့်ကို နှိုးတော့မှာ ဖြစ်ပါတယ်။ လေယာဉ် မူးတာလိုမျိုး အိပ်ခြင်း ဆိုင်ရာ အနှောင့်အယှက် တွေကို ရှင်းလင်း တင်ပြဖို့ ဒီကိရိယာကို စီစဉ်ထား နိုင်သလို Adamczyk လုပ်သ လိုမျိုး အကျိုးရှိရှိ တမှေးလောက် မှေးပြီး တစ်နေ့မှာ အချိန် နည်းနည်းနဲ့ အကြိမ်ရေ များများ အိပ်စက်ခြင်းတွေ အတွက်လည်း အသုံးချနိုင် ပါတယ်။ TechCrunch Disrupt ရဲ့ Startup Alley မှာခင်းကျင်း ပြသခဲ့တဲ့ ရှေ့ပြေးပုံစံ တွေကို ဘက်ထရီသုံး အားဖြည့် ရပေမယ့် microUSB ကနေ အားဖြည့်လို့ ရနိုင်မယ့် ကိရိယာ တစ်ခု အတွက် အစပျိုး လုပ်ငန်းစဉ် တစ်ရပ်ကို စတင် ဆောင်ရွက် နေပါပြီ။ IQ Intelclinicဟာ ပြည်တွင်း မြှုပ်နှံမှု တွေကနေ အမေရိကန် ဒေါ်လာ ၆၅,၀၀၀ ရထားပြီး လူထု ရန်ပုံငွေ တွေကနေ ဒေါ်လာ တစ်သိန်း ရခဲ့မယ် ဆိုရင် shipping စပို့လို့ ရပါပြီ။ "Zizz" လို့ခေါ်တဲ့ ဒီကိရိယာကို ၂၂၅ဒေါ်လာနဲ့ ရောင်းချမှာ ဖြစ်ပြီး အစောပိုင်း ၀ယ်ယူသူ တွေကတော့ ဒေါ်လာ ၁၈၀နဲ့ ရမှာပါ။ အိပ်နေစဉ် ပြင်းထန်စွာ နှောင့်ယှက် ခံရမှုတွေနဲ့ ရုတ်တရက် ရောဂါဖောက် မှုတွေကို ထောက်လှမ်း နိုင်ဖို့လည်း ကုမ္ပဏီက ဆန္ဒရှိ နေပါပြီလို့ Adamczyk ကပြောပါတယ်။ ဒါပေမယ့် ဒီလိုလုပ် ဖို့ဆိုရင် အခုအချိန်မှာ မရရှိသေးတဲ့ FDA ရဲ့အသိအမှတ် ပြုမှုလို ပါလိမ့်မယ်။
Posted on: Tue, 17 Sep 2013 22:58:31 +0000

Trending Topics



Recently Viewed Topics




© 2015