Junction Square ရှေ့တည့်၊ - TopicsExpress



          

Junction Square ရှေ့တည့်၊ အမဲတုံးလာမပစ်တော့တာ အတော်ကြာသွားပြီဖြစ်တဲ့ ကျွန်းတောလမ်းမှာကံကောင်း ထောက်မစွာကားပါကင်လေးရ လို့ဝင်ထိုးပြီးဧည့်သည်ကိုစောင့်နေရင်းအကုသိုလ်ဝင်ချင်တော့မျက်စိက J.S ရဲ့နဖူးမှာကပ် ထားတဲ့ဧရာမတီဗွီဖန်သားပြင်ပေါ်ကိုရောက်သွားပါတယ်။ ဦးစွာမြင်လိုက်ရတာကတော့ မာကြီးရှည် ဆိုတဲ့ အောက်တန်းစားနာမည်နဲ့အန်ချင်စရာရုပ်ရှင်ကားကြော်ငြာပါ။ မှတ်မိသလောက်ပြောရရင်ဆင်ဆာတင်းကျပ်မှုအထိုက် အလျောက်လျော့ပေးခဲ့ပြီဖြစ်တဲ့ ဒီ၂နှစ်လောက်အတွင်းအရှိန်အဟုန်ကောင်းစွာတိုးတက်လာတဲ့ မြန်မာ့ရုပ်ရှင်လောကကြီးနဲ့တကွအံ့မခန်းသရုပ်ဆောင် ကောင်းများရဲ့သူတို့ပြောပြောနေကျသူတို့ရဲ့ကျေးဇူးရှင်ပရိတ်သတ်ကြီး(သို့)ပြည်သူလူထုကြီးအတွက်အထူးကြိုးစားပြီးကျးဇူးဆပ်တင်ဆက်ပြသခဲ့တဲ့မဟာ့မဟာရုံတင်ကားကြီးများကတော့ ၁။ သောက်ကျိုးနည်းလူအုံခဲ့တဲ့ ဟော့ရှော့ ပွဲစားလောကစကားနဲ့ပြောရရင် တော့ ဖားတွေများလွန်းလို့ ထုတ်လုပ်ရေးက ၁ ၂ ၃ အထိ တောင်ရိုက်ခဲ့ရတယ်ဆိုပဲ။ ၂။ အလန်းဇယား ၃။ ဖလန်းဖလန်းထတဲ့အချစ် ဒီလောက်ပဲမှတ်မိပါတယ်။ ကားနာမည်တွေချရေးရတာတောင်ရှက်လွန်းလို့ပါဗျာ။ အခုလည်းလာပြန်ပါပြီ။ ၃၉ ဗိုက်ပူ တဲ့။ ရုပ်ရှင်သောက်ဆင့်ရှိလား မရှိလားမပြောနဲ့အုံး ကားနာမည်တွေကိုက ပေါက်လို့ပဲစားတွေပေးထာတာ ဒီတစ်ခါတော့မရတော့ဘူး။ လက်ကရေးချင်တာတော်တော်ယားနေပြီ။ ဒီလောက်လမ်း ဘေးဆန်တဲ့ဂလေဂချေနာမည်နဲ့ကား (ရုပ်ရှင်ဆိုတဲ့စာလုံး သုံးရမှာတောင်သနတယ်ကွာ။ ထွီ) မပူပါနဲ့။ အသင့်စောင့် ဆိုင်းနေတဲ့ဥာဏ်ကြီးရှင်ရွှေပွဲလွှာပရိတ်သတ်ကြီးများမှရုံပြည့်ရုံလျှံ၊ မှောင်ခိုလက်မှတ် စီးပွားတက်သည်အထိတာဝန်ယူအားပေးသွားကြမယ်ဆိုတာ ယုံကြည်ပါတယ်။ ပိုက်ဆံအများကြီးကုန်မှ၊ သိပ္ပံပညာတွေ၊နည်းပညာတွေအများကြီးတိုးတက်မှရုပ်ရှင်ကောင်းတာမဟုတ်ဘူးသောက်ရူးတွေရဲ့၊ ဒါဆိုမင်းတို့ Buried ကိုကြည့် ရီးပဲ ကားအစကနေအဆုံးအထိမြေ ကြီးအောက်ထဲကအခေါင်းတစ်လုံးထဲရောက်နေတယ်လို့ရည်ညွှန်းပြီးရိုက်ထားတာ။ မင်းသားမျက်နှာ၊ ဖုန်းတစ်လုံး၊ မီးခြစ်တစ်လုံး၊ စာရွက်တစ်ရွက် ရောင်ပြန်တုတ်တစ်ချောင်းကလွဲရင်သူဝတ်ထားတဲ့အင်္ကျီတောင်ကောင်းကောင်းမမြင်ရဘူး။ ၁ခါမဟုတ်ဘူး ၃ခါရှိပြီ ကြည့်တာ ဘယ်လိုလဲမမေးနဲ့ ကြည့်လိုက် အေး တစ်ခုတော့ရှိတယ်နော် မိတ်ဆွေကတစ်သက်လုံးဘိန်းမုန့်လောက်ပဲစားဖူးလာတယ်ဆိုရင်တော့ဒီ Pizza ကဘယ်လိုမှအဆင်ပြေမှာမ ဟုတ်ဘူး။ ငှက်ကထကြီး ကိုလူမင်းရေ လက်ရှိ လျှမ်းတောက်အောင်မြင်နေတဲ့ဆရာ့လောကသားတွေကို မွမ်းမံသင်တန်းလေးဘာလေးပေးချင်ပြောပါ။ Hachi နဲ့ Flukeထဲကမင်းသားနှစ် ယောက်ကျွန်တော်ခေါ်ပေးပါ့ မယ်။ ဟူးးးးး မြန်မာနိုင်ငံမှာ (ရန်ကုန်မှာ လောက်ဆိုရပါပြီ) ကျွန်တော်တို့လိုကောင်တွေသာများလာခဲ့မယ်ဆိုရင်၊ မဖြစ်နိုင်တာတွေးကြည့်တာပါ။ တစ်ကယ်သာများလာမယ်ဆို ရင်တော့လားကွာ ခုကျွန်တော် တန်းစီရေးမယ့်လူတွေအကုန်ဒေဝါလီခံရပြီသာမှတ်။ ၁။ရန်ကုန်ရှိ၃၅လမ်းမှထုတ် လုပ်ရေးတိုက်ပိုင်ရှင်များအားလုံး။အထူးအားဖြင့်စီစဉ်သူ မဝင်းဝင်းအေးနှင့်အာပေတူး ဒါရိုက်တာများအဖွဲ့၊။ (မောင်မျိုးမင်း မပါ) ၂။ Hollywood လက်မြှောက် Bollywood ထိုင်ငေးရတဲ့ ကျွန်တော်တို့ရဲ့ Myan lee wood မှထိပ်တန်း အကျော်အမော်များ၊ ၃။ ပြောရမှာတော့အားနာပါတယ် အဲ့ဒီအဖွဲ့အစည်းမှာသူငယ်ချင်းလို အစ်ကိုလိုခင်ရတဲ့လူတစ် ယောက်ကဆရာကြီးလိုလိုဘာလိုလိုဖြစ်နေတယ်။ သိရောပေါ့ မြန်မာနိုင်ငံမှာရှိသမျှအဆင့်မြင့် ဓာတ်ရှင်ရုံတွေအားလုံးရဲ့ ဘောဇိ., မှတ်မိပါသေးတယ် ခေတ်မှီအဆင့်မြင့်သမ္မတရုံကြီး ရဲ့ဖွင့်ပွဲ အုန်းအုန်းဒိုင်းဒိုင်းနဲ့ သေသွားမယ် Water World.., * ဟေ့ကောင် ဘဲရှုပ် အဲ့လိုရုပ်ရှင်မျိုးတွေကိုအမြဲ ကြည့်မယ့်မင်းတို့လိုစောက်ရူးတွေကခပ်ရှားရှားကွ မင်းနားလည်း လက်ချိုးရေလို့ရတယ် အေး* ဟုတ်ပါပြီကွာ ငါမှတ်ထားပါ့မယ် ဆက်ပြောပါ။ K.S.G ကြားလား သတိထား။ သူတို့ရုံတွေထဲကိုဝင်သွားရင်တော့ကျွန်တော့်ကောင် Thuraxor Xor ပြောသလိုပဲ၊ ဆင်ပဲဖမ်းစီးတော့မလို ကျားအမြှီးပဲပြေးဆွဲတော့မလို ခုပဲအစိမ်းလိုက်ဝါးစားတော့မလို..ချိတ်ထားတဲ့ပုံတွေကြည့်ပြီး ရူးသွားမယ်။ Dustin Hoffman, Tommy lee jones, Samuel Jackson, Robbin Williams တို့လို မှော်ဆရာကြီးတွေကစလို့ အဆင့်ဆင့် John Malkovich, Mickey Rourke, Terrence Howard အလယ် Matt Damon တို့အဆုံးးးအားပါးပါး။ ဆင်ဟိုဟာကိုခွေးမျှော်သလိုပဲ မကြာမှီလာမည်။ မသေမချင်းမျှော်လေတော့ပေါ့။ အင်းးးးးး ရုံရှေ့မှာတော့ မာကြီးရှည် ???????????????????????
Posted on: Wed, 26 Feb 2014 18:16:43 +0000

Trending Topics



Recently Viewed Topics




© 2015