Kid’s Menu and Size, Taste, Waste - TopicsExpress



          

Kid’s Menu and Size, Taste, Waste project-syndicate.org/commentary/on-the-massive-costs-of-food-wastage-and-loss-by-jose-graziano-da-silva-and-achim-steiner အပေါ်က Topic က Waste Not, Want Not ဆိုတဲ့အကြောင်းဖြစ်ပြီး၊ စာရေးသူ ရေးချင်တဲ့ Topic နဲ့ တိုက်ရိုက်တော့ မပတ်သက်ပါဘူး။ ဒါပေမယ့် အစားအသောက်တွေ လွှင့်ပစ်ရတာနဲ့ ပတ်သက်ပြီးတော့ အတူတူပါပဲ။ ရှေးယခင်တုန်းက ပိုက်ဆံကိုင်တဲ့လူတွေက လူကြီးတွေ။ အပြင်ထွက်စားကြရင်လဲ မိသားစုနဲ့ လူကြီးကပဲ ရှင်းကြတယ်။ အခု ပိုက်ဆံကိုင်တဲ့ အသက်တွေက တဖြည်းဖြည်းနဲ့ နိမ့်လာတယ်။ ပြီးတော့ အိမ်ထဲမှာ စားတာထက် အပြင်မှာထွက်စားတဲ့ ရာခိုင်နှုန်းလဲ များလာမလားလို့ စဉ်းစားမိပါတယ်။ အာရှက တိုင်းပြည်တွေကကျတော့ Security Safe မဖြစ်လို့ ကိုယ့်ဘာသာကိုယ် အပြင်မှာ အုပ်စုလိုက်ထွက်စားတာ အနောက်နိုင်ငံနဲ့ တိုးတက်ပြီးသား တိုင်းပြည်တွေလောက် သိပ်မများနိုင်ဘူးလို့ ထင်ပါတယ်။ နောက် factor တွေကတော့ အပြင်ဆိုင်တွေက ဈေးကြီးမယ်၊ စားမကောင်းဘူး၊ ကောင်းကောင်းမချက်ထားဘူး စတဲ့စတဲ့ စားသောက်ဆိုင်လောက သိပ်မတိုးတက်သေးတာတို့ ဘာတို့လဲ ပါမယ်ထင်ပါတယ်။ low budget စားသောက်ဆိုင်တို့၊ ကလေးကစားကွင်း ဆိုင်ထဲမှာရှိတဲ့ မိသားစု စားသောက်ဆိုင်တို့၊ သွားရေးလာရေးအဆင်မပြေတာတို့ စတဲ့စတဲ့ other factor တွေလဲ ပါမယ်ထင်ပါတယ်။ ဒါပေမယ့် Tourist အနေနဲ့ မိသားစုနဲ့ သွားမယ်ဆိုရင် သိသာပါတယ်။ ကလေး Menu မရှိခြင်း။ ကလေးဆိုတော့ အပြင်စာ စားလို့ရတဲ့ အရွယ်ကနေစပြီး၊ လူကြီးလောက် မစားနိုင်သေးတဲ့အရွယ်လို့ပဲ ခေါ်ရမလား... ဒါက Size ပြဿနာ။ နောက်တစ်ခုက Taste ပြဿနာ။ နောက်တစ်ခုက Waste ပြဿနာ။ မိသားစု သွားစားကြမယ်ဆိုရင် ဒီ (၃)ခု အမြဲလာတယ်။ ကလေးမကုန်လို့ အမေတွေက ပထမဆုံး မစားချင်တာ စားကြတယ်။ (အိမ်ဖော်တွေပါ ခေါ်တဲ့အိမ်ဆိုရင် အိမ်ဖော်တွေက စားကြရတယ်။ အိမ်ဖော်တော်တော်များများက ကလေးချစ်တော့ စားပေးကြတာ များပါတယ်။ သူတို့ကို အမြဲချီးကျူးပါတယ်။ လေးစားပါတယ်။ ကိုယ်ကလဲ အဲဒါအမြဲဖြစ်လို့ပါ။) နောက်တစ်ခုက ကလေးစားနိုင်မယ့်အရသာဆိုတော့ လူကြီးပါးစပ်နဲ့ တည့်ချင်မှ တည့်မယ်။ အကြိုက်ချင်းလဲ တူချင်မှ တူမယ်။ နောက်တစ်ခုက ကလေးဆိုတော့ တစ်မျိုးတည်းမဟုတ်ပဲ၊ dessert တို့၊ drink တို့ပါ မှာတက်ချင်ကြတယ်။ ပြီးတော့ ဟိုဟာနည်းနည်း ဒီဟာနည်းနည်းပေါ့။ ထုံးစံအတိုင်းပေါ့။ အဲဒါနဲ့ Volume တွေ များသွားကော။.....ဒါက Waste ပြဿနာ။ ဒီတော့ သွားစားလို့ မကုန်ရင် အမြဲ အိမ်ပြန် Parcel ထုတ်တယ်။ ဘယ်သူတွေ ရှက်ရှက်၊ မတက်နိုင်ဘူးလေ။ ပိုက်ဆံကုန်ပြီး၊ အမှိုက်ဖြစ်ခံမလား။ စားစရာကို ရိုသေရတယ်လို့ ဆိုဆုံးမစကားလဲရှိတယ်။ ပြီးတော့ နေခဲ့တဲ့တိုင်းပြည်မှာ ကိုယ့်ပန်းကန်ထဲက အစားအသောက်ကို အကုန်ကုန်အောင်စားမှ ဆိုတဲ့ ထုံးစံလဲ ရှိတယ်။ (မြန်မာပြည်မှာဆိုရင်တော့ pet တွေရှိတက်ကြတော့၊ မပစ်ရတာ များပါတယ်။ ဒီလိုဆိုတော့လဲ ကိုယ့်တိုင်းပြည်က တော်သွားပြန်ကော...) ဒီတော့ Parcel ပေးမထုတ်တဲ့ဆိုင်ဆိုရင် နောက်တစ်ခါသွားစားရင် 2nd Choice ဆိုပြီး ကိုယ့်ဘာသာကိုယ် Ranking ချပစ်လိုက်တယ်။ Kid Menu မရှိခြင်းဟာလဲ Waste တွေ ထွက်စေတယ်ဆိုတာကို သိစေချင်ပါတယ်။ အတိုင်းအတာအရ များမများတော့ မသိပေမယ့်... အားလုံး Happy Out-Eating ဖြစ်ကြပါစေ။ (ဘာမဆို နည်းနည်းလေးကနေ စကြရအောင်။)
Posted on: Mon, 21 Oct 2013 13:21:51 +0000

Trending Topics



Recently Viewed Topics




© 2015