MBC ၏ ဂီတဖျော်ဖြေပွဲတွင် - TopicsExpress



          

MBC ၏ ဂီတဖျော်ဖြေပွဲတွင် SHINee အဖွဲ့မှ အကောင်းဆုံးတေးသီချင်းဆုဆွတ်ခူး MBC ၏ ဂီတဖျော်ဖြေပွဲတွင် SHINee အဖွဲ့မှ အကောင်းဆုံးတေးသီချင်းဆုကို ဆွတ်ခူးရရှိခဲ့ကြောင်း အောက်တိုဘာ ၂၆ ရက်က Music Central ၌ကျင်းပခဲ့သည့် ဂီတဆုပေးပွဲတွင် ထုတ်ပြန်ကြေညာခဲ့သည်။ ယင်းဖျော်ဖြေပွဲတွင် SHINee အဖွဲ့မှ Everybody တေးသီချင်းက IU ၏ The Red Shoes ၏ တေးသီချင်း နှင့် K. Will အဖွဲ့၏ You dont Know Love တို့ကိုကျော်ကာ အကောင်းဆုံးတေးသီချင်းဆုကို ရရှိခဲ့ခြင်းဖြစ် သည်။ ယင်းသီချင်းမှာ ကိုရီးယားနိုင်ငံအတွင်း ပရိသတ်လက်ခံမှု အများဆုံးဖြစ်သည့်အပြင် တင်ဆက်ပုံကလည်း ထူးခြားသည့်အတွက် ၎င်းကဲ့သို့ဆုပေးအပ်ရခြင်းဖြစ်ကြောင်း ဆုပေးပွဲအကဲဖြတ်ကော်မတီက ပြောကြားခဲ့သည်။ သို့သော်လည်း SHINee အဖွဲ့သည် ဂျပန်နိုင်ငံတွင် ကျင်းပသည့် ၎င်းအဖွဲ့၏ အထူးပွဲဖျော်ဖြေပွဲသို့ တင်ဆက်နေခြင်းကြောင့် ဆုအားတက်ရောက်ယူနိုင်ခဲ့ခြင်းမရှိပေ။ ထို့နောက်တွင်MBC ဂီတဖျော်ဖြေပွဲကို ဆက်လက်ကျင်းပရာIU, T-ara စသောနာမည်ကြီးများက ဖျော်ဖြေခဲ့ကြသည်။
Posted on: Tue, 29 Oct 2013 04:24:46 +0000

Trending Topics



Recently Viewed Topics




© 2015