Master University Myanmar 2014 Finalist - TopicsExpress



          

Master University Myanmar 2014 Finalist ပြိုင်ပွဲဝင် တစ်ဦး ရေကူးကန် တွင် သေဆုံး ========================================== သက်သျှိုင်းသူ ========================================== ရန်ကုန် ။ ။ Master University Myanmar 2014 Finalist ပြိုင်ပွဲ အတွက် စခန်းသွင်းလေ့ကျင့်နေ သူ မောင်ကျော်ဇောဟိန်း (ခ) ကောင်းမြတ် ဟိန်း သည် စခန်းသွင်း လေ့ကျင့်နေ သည့် ရေကူးကန် တွင် သေဆုံး သွားကြောင်း သိရသည်။ သေဆုံးသူမှာ အသက်၂၀ ခန့်ရှိ ပြိုင်ပွဲဝင်တစ်ဦးဖြစ်ကာ အ ဆိုပါပြိုင်ပွဲ ၀င်များ ကို Augest Myanmar Media မှ တာဝန်ယူ ကာ Yangon City Golf Resort Hotel ရေကူးကန်တွင် ဇန်န၀ါရီ၂၁ရက်က စခန်းသွင်း လေ့ကျင့်နေ စဉ်အတွင်း ယင်းကဲ့ သို့ သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။ ““မောင်ကျော်ဇောဟိန်း သေ ဆုံးမှုနဲ့ပတ်သက်ပြီး ကာယကံရှင် မိသားစုက တောင်းဆိုမှုအပေါ် မူတည်ပြီး ဖြေရှင်းသွားဖို့ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့လဲ သူ့အတွက် တအားကို စိတ်မကောင်းဖြစ်ရပါ တယ်။ စခန်းသွင်းလေ့ကျင့်ပေးတဲ့ နောက်ဆုံးရက်မှာ အခုလိုကွယ် လွန်သွားတဲ့အတွက် ၀မ်းနည်းပါ တယ်။ စိတ်လဲမကောင်းပါဘူး။ လူကြီးတွေကလဲ ကာယကံရှင်မိ သားစုကိုကျေနပ်အောင် စီစဉ်ပေး သွားမှာပါ””ဟု Augest Myanmar Media မှ တာဝန်ရှိသူတစ်ဦး က ပြောသည်။ Augest Myanmar Mediaမှ ယောက်ျာလေး ၁၈ဦးနှင့် မိန်း ကလေး၁၈ဦးကို စခန်းသွင်းလေ့ ကျင့်ပေးနေခြင်းဖြစ်ကာ မောင် ကျော်ဇောဟိန်းမှာ စခန်းသွင်းသည့် ငါးရက်အတွင်း နောက်ဆုံးနေ့ဖြစ် သော ဇန်န၀ါရီ၂၁ရက် ညတွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။ ““ဘာကြောင့် ဘယ်လိုဖြစ်ပြီး သေဆုံးတယ်ဆိုတာတော့ ရဲစခန်း က သက်ဆိုင်ရာလူကြီးတွေ စစ် ဆေးချက်အဖြေထွက်မှ သိရမှာ ပါ။ စခန်းသွင်းရက်က ဇန်န၀ါရီ ၂၂ရက် နံနက်ဆို သူတို့ကို အိမ် ပြန်ပို့ပေးဖို့ စီစဉ်ထားတာပါ””ဟု Augest Myanmar Media မှ တာ ၀န်ရှိသူတစ်ဦးက ပြောသည်။ သေဆုံးသွား သည့် တက္က သိုလ်ကျောင်း သား မောင်ကျော် ဇောဟိန်းသည် ရန်ကုန်အနောက် ပိုင်းတက္ကသိုလ်တွင် ပညာသင် ကြားနေသည့် ကျောင်းသား တစ်ဦး ဖြစ်ကြောင်း သိရသည်။
Posted on: Thu, 23 Jan 2014 06:31:47 +0000

Trending Topics



Recently Viewed Topics




© 2015