Min Myanmar ★ မြန်မာ့ INTERNET CONNECTION - TopicsExpress



          

Min Myanmar ★ မြန်မာ့ INTERNET CONNECTION နှေးကွေးနေရခြင်း နှင့် မကြာခဏ ပြတ်တောက်နေရခြင်း အကြောင်းအရင်းမှာ > ဧရာဝတီတိုင်း ဖျာပုံမြို့ အနီး၊ အကွာအဝေး ၂ မိုင် ၁ ဖါလုံ နှင့် ၂ မိုင် ၆ ဖာလုံ အကြား၊ ကုန်းတွင်းမြေအောက်၌ မြှုပ်ထားသော Sea-Me-We 3 internet power cable ဆက်ကြောင်း လိုင်းကြိုး ပေါက်ပြဲကာ power ယိုစိမ့်မှု power leakage ဖြစ်ပေါ်နေခဲ့ခြင်းကြောင့် ဖြစ်ပါသည်။ ★ ယခုအခါ ပျက်စီးနေသော power cable ကြိုးအရှည် 500 မီတာ အား၊ ရန်ကုန်ရုံးချုပ် ပြည်ပဆက်သွယ်ရေး အင်္ဂျင်နီယာမှူး အဖွဲ့ နှင့် ဖျာပုံမြို့ ပြည်ပဆက်သွယ်ရေးရုံး လက်ထောက် အင်္ဂျင်နီယာ အဖွဲ့တို့ ပူးပေါင်း၍ အစားထိုး ပြင်ဆင်လျက်ရှိပါသည်။ ★ ပြင်ဆင်မှု အဆင့်ဆင့်အနေဖြင့် - ၁-ဖျာပုံမြို့နယ် ကုလားထိပ်ကျေးရွာ ပင်လယ်ကမ်းစပ် Beach Man Hole ရှိ Joint ဆက်ကို ဖွင့်၍ ကုန်းတွင်းပိုင်းဆက်ကြောင်း စစ်ဆေးခြင်း ၂-underground cable ကြိုးများ၏ joint အဆက်များကို Closure ဘူးများတွင် compound jelly ထည့်၍ ပြုပြင်ခြင်း ၃-Joint အဆက်များကို mega tester ဖြင့် စစ်ဆေး၍ power clear ဖြစ်ပါက beach man hole ရှိ ရေအောက် underwater cable နှင့် ကုန်းတွင်းပိုင်းရှိ underground cable တို့အား ပြန်လည် ဆက်သွယ်ခြင်း စသည်တို့ကို အဆင့်ဆင့် ဆောင်ရွက်မည် ဖြစ်ပါသည်။ ★ ဇူလိုင်လ ၃၁ ရက်နေ့တွင် မြန်မာ့ internet connection မျာုးပန်လည်ကောင်းမွန်လာမည်ဟု ယူဆရပါသည်။ ★ အကယ်၍ ထိုမျှနှင့် မကောင်းမွန်လာပါက မြန်မာနိုင်ငံနှင့် ဆက်သွယ်ထားသော Sea-Me-We 3 ပင်လယ်ရေအောက် ဆက်ကြောင်း underwater cable joint အား ဆက်လက်ပြုပြင်ရဦးမည်ဖြစ်ရာ အချိန် ၁ လခန့် ထပ်မံ ကြာမြင့်မည် ဖြစ်ပါသည်။ Min Myanmar —
Posted on: Mon, 29 Jul 2013 10:39:36 +0000

Trending Topics



Recently Viewed Topics




© 2015