Myanmar - TopicsExpress



          

Myanmar Journal ကုန်သည်စက်မှုအသင်းချုပ် ရွေးချယ်ပွဲ ဇာတ်ရှုပ်.. ၁။ ရွေးချယ်ပွဲကိုစိတ်ကြိုက် အကွက်ဆင်လုပ်တယ်။ ၂။ ကွန်ပြူတာ error တက်တယ်ဆိုပြီး လူနဲ့ မဲရေတယ် ( မိမိဝန်ထမ်းကို စိတ်ကြိုက်သုံးတယ်) ၃။ အသင်းသားတွေကို အကြည့်မခံဘူး ၀င်ကြည့်တဲ့အသင်းသားကို မောင်းထုတ်တယ် ပြန်ခိုင်းတယ် စည်းတားထားတယ်။ ၄။ ညီလာခံ လုပ်တော့ ဘဏ္ဍာရေးအစီရင်ခံစာကို ကြိုမဝေဘူး ၊ ညီလာခံနေ့ကျမှဝေတယ်။ ၅။ ဘဏ္ဍာရေးအစီရင်ခံစာ ကို ကန့်ကွက်တော့ ၀န်ကြီးဦးဝင်းမြင့်က ၀င်ပြီး နောက်ကျမှ ညှိနှိုင်းပေးပါမယ်ပြောတယ်။ ၆။ မတရားအကွက်ဆင် ရွေးပြီးတဲ့ EC / CEC တွေကို စီမံ စီးပွား ၀န်ကြီးဌာနက အတည်ပြုပေးရမယ့်အစား စီးပွား ကူးသန်းဝန်ကြီးဌာနက ၀င် အတည်ပြုလိုက်တယ်။ ( ဇွတ်လုပ်တာ ) ရ။ ဥက္ကဌ ဦးဝင်းအောင် က USA Black list မှာ ပါနေဆဲပဲ။ ဘယ်လိုလုပ် အသင်းချုပ်ကိုဦးဆောင်မလဲ Black listed ဥက္ကဌ။ သမီး နဲ့သား က အမှုဆောင်။ မန်နေ့ဂျာလဲ အမှုဆောင်။ မိသားစုအသင်းချုပ်။ ၈။ နေပြည်တော်က အသင်းချုပ် အဆောက်အဦ ဆောက်တာ ကုန်ကျစရိတ် သိန်း သောင်းကျော်နေပြီ ၊ ရန်ကုန်က ရုံးချုပ် ၁၁ထပ် ပြင်တာ သိန်း၅၀၀၀ ခန့် ၊ စာရင်းခုထိမရှင်းသေးဘူး၊ ပရင်တာ ၅သိန်းတန်ဝယ်တာ ရှင်းပြတယ်၊ သိန်းသောင်းချီ တာတွေ စာရင်းမရှင်းဘူး။ ၉။ ငွေတွေက အသင်းသားတွေထည့်ထားတဲ့ငွေ၊ အစိုးရပိုင်မဟုတ်ပေမယ့် အများပိုင်ငွေ။ ဒါတွေကြောင့် ... စားသောက်ဆိုင်မှာတောင် ဟင်းတွေဘယ်လောက်ကောင်းကောင်း ယင်ကောင်၁ကောင်တွေ့ရင် ဆံပင်ချည် ၁ပင် တွေ့ရင် ဟင်းပွဲ ပြန်လဲပေးရတယ်.. ခုလဲ ဟင်းပွဲထဲ ယင်ကောင် ကျနေပြီ ရွေးချယ်ပွဲ ပြန်လုပ်ပေးပါ.. ဒါပဲ။ Sayar Gyi Jit
Posted on: Sun, 21 Jul 2013 13:49:18 +0000

Trending Topics



Recently Viewed Topics




© 2015