Myo Set -ရဟန်းဆိုတာ - TopicsExpress



          

Myo Set -ရဟန်းဆိုတာ ရဟန်းလိုပဲ စဉ်းစားပါတယ်။ ဒါကို ထပ်ခါထပ်ခါပြောဖူးပါတယ်။ -ရဟန်းဆိုတာ ဘာသာရေးခေါင်းဆောင်ဖြစ်ပါတယ်။ မိမိဘာသာကွယ်မှာစိုးရိမ်ပါတယ်။ နိုင်ငံရေးသမားလို မဟုတ်ပါ။ရဟန်းတော်တစ်ပါးကြည့်တဲ့ရှုထောင့်နဲ့ နိုင်ငံရေးသမားတစ်ဦးကြည့်တဲ့ရှုဒေါင့် မတူညီပါ။ -ဒါကြောင့် ရဟန်းတော်တွေရဲ့ အိုင်ဒီယိုလိုဂျီကို နိုင်ငံရေး Spectrum ကနေကြည့်ရင် ကွန်ဆာဗေးတစ်ဝါဒီများနဲ့ဆင်ပါတယ်။ -မြန်မာမှာသာမဟုတ် သက်ဆိုင်ရာ ခရစ်ယာန်နိုင်ငံ၊ မွတ်ဆလင်နိုင်ငံတွေမှာလဲ ထိုနည်းလည်းကောင်းပါပဲ။ ခိုမေနီတို့ဆိုတာ လက်ယာစွန်းဆန်သွားလို့ Fundamentlists အစွန်းရောက်ဝါဒီတွေလို့ အပြောခံရပါတယ်။ -ဒါကြောင့် ဒါကို စည်းခြားကန့်သတ် Secular လုပ်ထားဖို့လိုတယ်၊ ရဟန်းတော်တွေကို နိုင်ငံရေးအတွက်အသုံးမချကြဖို့ လိုတယ်...။ ဒါကို သံဃာတော်တွေကိုယ်တိုင်ကလဲအသုံးချမခံရလေအောင် နားလည်ဖို့လိုပါတယ်။ -နိုင်ငံရေးဟာ လှည့်ကွက်တွေများလွန်းလှပါတယ်။ ကစားကွက်ဟာ ရိုးစင်းပါတယ်။ လူတွေသိပ်ကြောက်တဲ့ အမျိုးပျောက်မယ့်ကိစ္စနဲ့ကိုင်လိုက်တာပါပဲ။
Posted on: Sun, 16 Jun 2013 03:02:50 +0000

Trending Topics



Recently Viewed Topics




© 2015