NY Kogyi "၂၁ ရာစု - TopicsExpress



          

NY Kogyi "၂၁ ရာစု မြန်မာမွတ်စလင်များ၏ အခက်အခဲများ - ကနဦးအဖြေရှာခြင်း နည်းလမ်းနှင့် လျောက်လှမ်းရမည့်လမ်း" အမည်ဖြင့် ဖိုရမ်အလုပ်ရုံဆွေးနွေးပွဲ တစ်ရပ် မလေးရှားတွင် ကျင်းပမည်။ ======================== ဇွန်-၁၇၊ ၂၀၁၃ via M-Media International Institute of Advanced Islamic Studies (IAIS) မှဦးစီးပြီး မလေးရှားတွင် “Plight of Muslims in Burma in the 21st century: An initiative for solution & the way forward” ခေါင်းစဉ်ဖြင့် ဖိုရမ် ဆွေးနွေးပွဲပြုလုပ်မည်။ မလေးရှားနိုင်ငံ International Institute of Advanced Islamic Studies (IAIS) တွင် လာမည့် ဇွန်လ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့တွင် "၂၁ ရာစု မြန်မာမွတ်စလင်များ၏ အခက်အခဲများ - ကနဦးအဖြေရှာခြင်းနည်းလမ်းနှင့် လျောက်လှမ်းရမည့်လမ်း" ဟူသော အမည်ဖြင့် ဖိုရမ်အလုပ်ရုံဆွေးနွေးပွဲ တစ်ရပ် ကျင်းပမည်ဖြစ်ကြောင်းကို IAIS ၀က်ဘ်ဆိုက်တွင် ဖော်ပြထားပါသည်။ အဆိုပါဆွေးနွေးပွဲတွင် မလေးဝန်ကြီးချုပ်ဟောင်း အဟ်မဒ်ဘာဒါဝီမှ အဖွင့်မိန့်ခွန်းပြောကြားမည် ဖြစ်ကြောင်း သိရသည်။ အခမ်းအနား မိတ်ဆက်အနေဖြင့် ဖော်ပြထားချက်အကျဉ်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ "မြန်မာပြည်ရှိ မွတ်စလင်များမှာ လူမျိုးတုန်းသတ်ဖြတ်မှု၊ လူမျိုးပပျောက်ရေး လှုပ်ရှားမှု၊ ဘာသာရေးနှိပ်ကွပ်မှု၊ အဓမ္မမောင်းထုတ်မှုနှင့် ဘိုးဘွားတို့လက်ထက် ကတည်းက နေထိုင်လာသည့်မြေမှ ဆက်လက်နေထိုင်ခွင့် ပိတ်ပင်ခံရမှု စသည်များနှင့် ရင်ဆိုင်ရလျက်ရှိကြောင်း၊ ရာပေါင်းများစွာမှာ အန္တရာယ်နှင့်ရင်ဆိုင်နေရကြောင်း၊ မွတ်စလင်ထောင်ပေါင်းများစွာမှာလည်း အစွန်းရောက်ဗုဒ္ဓဘာသာများနှင့် စစ်အာဏာပိုင်များ၏ ပြဿနာရှာမှုများကို ရင်ဆိုင်နေရကြောင်း၊ ထို့ကြောင့် ၄င်းတို့၏လုံခြုံရေးမှာ အလွန်အရေးကြီးသည်နှင့်အမျှ ထိရောက်သည့် ပြောဆိုမှုများ၊ လှုပ်ရှားဆောင်ရွက်မှုများသည်လည်း အလွန်လိုအပ်လျက်ရှိကြောင်း" ဖော်ပြထားပါသည်။ ဖိုရမ်အလုပ်ရုံဆွေးနွေးပွဲ၏ ရည်ရွယ်ချက်များအဖြစ် ၁) လူမျိုးရေးအဓိကရုဏ်းများ၊ ခွဲခြားဆက်ဆံမှုများ၊ နေရာရွှေ့ပြောင်းခံရမှုများ၊ အဓမ္မနှင်ထုတ်ခံရမှုများနှင့် မြန်မာမွတ်စလင်များနှင့် စပ်လျဉ်းပြီး လိုက်လျောညီထွေ သဟဇာတဖြစ်ခြင်းကို ဆန့်ကျင်ဘက်ပြုလုပ်နေမှုများ အားလုံးကို ဂရုဓမ္မပြုရန် ၂) တိမ်းရှောင်နေရသူများအတွက် ပိုမိုကောင်းမွန်သည့် ပတ်ဝန်းကျင်ဖန်ဆီးပေးရန်။ ၄င်းတို့အား လူမျိုးတုန်းသတ်ဖြတ်မှု၏ ဓားစာခံအဖြစ် ခံရခဲ့ရမှု၊ အရှက်တကွဲအကျိုးနည်းစေဖို့ အတွက် သားကောင်များအဖြစ် ခံစားခဲ့ရမှုများအား ကုစားဖို့အတွက် ကိုယ်ချင်းစာနာစိတ်ဖြင့် ကုစားပေးရန်။ ၃) မြန်မာအာဏာပိုင်များအား မွတ်စလင်ဆန့်ကျင်လှုပ်ရှားမှုများအတွက် မှားယွင်းစွာကိုင်တွယ်ခြင်းမျိုးမရှိစေရန်အတွက် ထိရောက်သည့် ဖိအားတစ်ရပ်ဖြစ်စေရန်။ မြန်မာအာဏာပိုင်များအနေဖြင့် နိုင်ငံသားအခွင့်အရေးနှင့် လူသားဖြစ်ခြင်းအခွင့်အရေးများကို လေးစားလိုက်နာဖို့ ထိရောက်သည့် ဖိအားတစ်ရပ် ဖြစ်ပေါ်လာစေရန်။ မော်ဒရေတာအဖြစ် တွဲဖက်ပါမောက္ခ ဒေါက်တာ မုဟမ္မဒ် အာဇမ်း မုဟမ္မဒ် အဒီးလ် Deputy CEO, IAIS Malaysia က ဆောင်ရွက်မည်ဖြစ်သည်။ တက်ရောက် ဆွေးနွေးကြမည့် စပီကာများမှာ အောက်ပါအတိုင်းဖြစ်သည်။ Dr. Chandra Muzaffar, President, International Movement For A Just World (JUST) Dr. Maung Zarni, Fellow, Department Of History, Faculty Of Arts & Social Sciences, University Of Malaya Mr. Mohammad Sadek, Program Coordinator, Rohingya Arakanese Refugee Committee (RARC) Mr. Saw Clo Say, Special Advisor, Burma Muslim Community Mr. Mohamad Raimi Bin Ab Rahim, Secretary General, Muslim Youth Movement Of Malaysia (ABIM) ဖိုရမ်သို့ တက်ရောက်လိုသူများ အောက်ပါလင်ခ်တွင် Register လုပ်နိုင်ကြောင်း သိရှိရပါသည်။ iais.org.my/e/component/chronocontact/?chronoformname=19JUNE2013 IAIS Malaysia iais.org.my International Institute of Advanced Islamic Studies, Kuala Lumpur, Malaysia.
Posted on: Mon, 17 Jun 2013 12:42:35 +0000

Trending Topics



Recently Viewed Topics




© 2015