Nay Myo - TopicsExpress



          

Nay Myo Zin ------------------ ဒိုက်ဦးမြို့နယ်၊ ဒရယ်မီး မြို့သစ်လေး၊ (ခ) ရပ်ကွက်၊ အိမ်ခြေ စုစုပေါင်း (၄၀၀) ခန့် ရှိရာ၊ တွင် ဒေသမှ မြေ ကို အသုံးပြုပြီး ဖွဲမီးဖြင့် အုတ်ဖုတ်လုပ်ငန်း လုပ်ဆောင်နေသူများ ကြောင့် ပတ်ဝန်းကျင် လူနေအိမ်များမှာ ဖွဲမီးခိုးများ၏ ဘေး၊ အသက်ရှုကျပ် အနံ့နံခြင်းများကို ပြင်းထန်စွာ ခံစားနေရကြောင်း။ ကလေးများ ကျမ်းမာရေး ပြင်းထန်စွာ ထိခိုက်နေမှုနှင့် ပတ်သက်ပြီး အဆိုပါ ဖွဲမီးအုတ်ဖုတ် လုပ်ငန်းများကို ရွှေ့ပြောင်းပေးပါရန် ကျေးရွာသား (၂၅) ဦး စုပေါင်း လက်မှတ်ထိုးပြီး သက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ နှင့် မြို့နယ် အုပ်ချုပ်ရေးမှူးများသို့ တိုင်ကြားပါသော်လည်း မည်သို့မျှ အရေးယူ ဆောင်ရွက်ပေးခြင်း မရှိပါကြောင်း၊ ဒေသခံ လူထု အကျိုးထက် ငွေပေးနိုင်သူ ဘက်သာ ရပ်တည်နေသည့် အုပ်ချုပ်ရေးမှူးများကို မည်သို့ တိုင်ကြားရမည်ကို သိရှိလိုပါကြောင်း ယခုပင် ကျနော်တို့ အသင်း အမည်ဖြင့် ဆက်သွယ်လာသော စစ်မှုထမ်းဟောင်း ရွာသားကြီး တဦး၏ တင်ပြချက်ကို သက်ဆိုင်ရာ ဒိုက်ဦးမြို့နယ် အုပ်ချုပ်ရေး အဖွဲ့ သိစေရန် တင်ပြလိုက်ပါသည်။ သက်ဆိုင်ရာ တာဝန်ရှိသူများ တာဝန်ရှိသူဟု အမည်ခံထားပြီး ဖြေရှင်းဆောင်ရွက်ပေးခြင်း မပြုပါက တာဝန်မရှိသော မိမိတို့က တာဝန်သိစိတ်ဖြင့် လာရောက်လေ့လာ မှတ်တမ်းတင်ပြီး အများပြည်သူထံ အစီရင်ခံတင်ပြပေးမည်ဖြစ်ပါကြောင်း မြန်မာ့လူမှုဘ၀ တိုးတက်မြင့်မားရေး အသင်း
Posted on: Mon, 27 Jan 2014 18:35:48 +0000

Trending Topics



v>

Recently Viewed Topics




© 2015