Nestle မြန်မာဈေးကွက်တွင် - TopicsExpress



          

Nestle မြန်မာဈေးကွက်တွင် ထုတ်လုပ်ရောင်းချမည် ကမ္ဘာ့အကြီးဆုံး စားသောက်ကုန် လုပ်ငန်းဖြစ်သော Nestle သည် မြန်မာနိုင်ငံတွင် စက်ရုံတည်ထောင်ပြီး စားသောက်ကုန်များ ထုတ်လုပ်ရောင်းချမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် Nestle Myanmar Co.,Ltd ကို ဖွဲ့စည်းခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ စက်တင်ဘာ ၁၆ ရက်တွင် ယာယီဖွဲ့စည်း မှတ်ပုံတင်ခွင့် ပြုခဲ့ကြောင်း သိရသည်။ လုပ်ငန်းများဆောင်ရွက်ရန် ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင် စတင်ကြိုးပမ်းခဲ့ခြင်းဖြစ်ပြီး လက်ရှိမြန်မာဈေးကွက်အတွင်း ရောင်းချနေသည့် Nestle ထုတ်ကုန်များသည် ထိုင်းနိုင်ငံမှတစ်ဆင့် ၀င်ရောက်နေခြင်း ဖြစ်သည်။ wp.me/p1uw9S-ceQ
Posted on: Wed, 18 Sep 2013 07:35:02 +0000

Recently Viewed Topics




© 2015