Paing Thu Htet လူဆိုတာ တိရစ္ဆာန် - TopicsExpress



          

Paing Thu Htet လူဆိုတာ တိရစ္ဆာန် တစ်မျိုးလို့ ပြောရင် ခင်များတို့ လက်ခံမလားဗျာ။ Like · · Follow Post · 6 hours ago near Iowa City, IA, United States ကျနော်ကတော့ လက်ခံတယ်။ လူဆိုတာ တိရစ္ဆာန်လို့ ပြောရင် လက်ခံလေ့ သိပ်မရှိကြဘူး။ လူက တိရစ္ဆာန်တော့ ဟုတ်တယ်။ ဒါပေမယ့် လူနေရာက ကြည့်ရင် တခြား တိရစ္ဆာန်တွေနဲ့ ကိုယ်နဲ့ ကြားမှာ ဘာမှန်းမသိတဲ့ဟာကြီး တစ်ခုခုနဲ့ ခြားနေသလိုမျိုး ခံစားနေကြရလို့ပဲ။ အတိုင်းအဆ မရှိတဲ့ အနုပညာ၊ တီထွင်ကြံဆမှု၊ ကူညီရိုင်းပင်းစွာ ထောက်ပံ့ကြင်နာမှု၊ ကူညီရိုင်းပင်းစွာနဲ့ တခြားလူအုပ်ကြီးကို စနစ်တကျ သတ်ဖြတ်တတ်မှု၊ စသည်ဖြင့်ပေါ့။ လူက မျောက်နဲ့မှ အမျိုးနွယ်တာ မဟုတ်ဘူး။ ဝက်တွေ၊ ခရမ်းချဉ်သီးတွေ၊ ဘတ်တီးရီးယားတွေနဲ့လည်း အမျိုး နွယ်တာပဲ။ ကျနော်တို့နဲ့ သူတို့မှာ တူညီတဲ့ ဗီဇတွေ၊ အင်ဇိုင်း ပရိုတင်းတွေ၊ လက္ခဏာရပ်တွေ ရှိနေကြတယ်။ ဇီဝသက်ရှိတွေရဲ့  ဗီဇလက္ခဏာတွေကို လေ့လာပြီး တူရာတူရာ စုပေးလိုက်ရင် ဇီဝမျိုးစိတ်တွေ အဆင့်ဆင့် ကွဲထွက်ပေါ်ပေါက်လာတဲ့ သစ်ပင်ကြီးကို တွေ့ရမှာဖြစ်တယ်။ လူသားမျိုးစိတ်ဟာ အဲဒီ့ Tree of Life ကြီးရဲ့  အကိုင်းအခက် တစ်ခုပဲ ဖြစ်တယ်။
Posted on: Sun, 03 Nov 2013 15:07:04 +0000

Trending Topics



Recently Viewed Topics




© 2015