Pray for Myanmar ဦးစီးသော - TopicsExpress



          

Pray for Myanmar ဦးစီးသော ”ဘာသာရေးဓလေ့ စရိုက်များ လေ့လာရေးနှင့်ငြိမ်းချမ်းရေးနှီးနှော ဖလှယ်ပွဲ” ကို ဗိုလ်အောင်ကျော်လမ်းရှိ အစ္စလာမ် ဗလီဝတ်ကျောင်းတော် ၌ပြုလုပ် ============== ဇွန်-၁၆၊၂၀၁၃ M-Media Pray for Myanmar လူငယ်များမှဦးစီးကျင်းပသော”ဘာသာရေးဓလေ့စရိုက်များ လေ့လာရေးနှင့်ငြိမ်းချမ်းရေးနှီးနှော ဖလှယ်ပွဲ”ကို ယနေ့ မနက် ၉ နာရီတွင် ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းရှိ C.S အာရ်ကာတိဗလီတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ အခမ်းအနားတွင် သံဃာတော်များ၊ အစ္စလာမ်ဘာသာရေး ခေါင်းဆောင်များ၊ အရပ်ဖက်လူမှုအသင်း အဖွဲ့အများ၊ မီဒီယာများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိသည်။ အခမ်းအနားအစီအစဉ်အရ ရှေးဦးစွာ ဗလီဝတ်ကျောင်းတော်များ အတွင်း လှည့်လည် လေ့လာကြည့်ရှုကြပြီး သက်ဆိုင်ရှာ တာဝန်ရှိသူများမှ ဘာသာတရားများအကြောင်၊ ယခုကဲ့သို့ ဘာသာရေးဓလေ့စရိုက်များ လေ့လာရေးနှင့်ငြိမ်းချမ်းရေးနှီးနှော ဖလှယ်ပွဲ များပြုလုပ်ရခြင်းအကြောင်၊ ပဋိပက္ခများကိုမည်သို့မည်ပုံ တားဆီးကာကွယ်ကြရန် အကြောင်းအရာများ ဥိးဆောင်ဆွေးနွေးခဲ့ကြသည်။ ထိုနောက် စိတ်ပါဝင်စားသူများနှင့် သတင်းမီဒီယာမျာမှ ၄င်းတိ့ သိလိုသည်များကို မေးမြန်းရာသက်ဆိုင်ရာ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားပေးခဲသည်။ အခမ်းအနားအစီအစဉ်ကို နေ့လည်၁၁ နာရီခွဲတွင် အောင်မြင်စွာပြီးဆုံးခဲ့ကြောင်း သိရှိရပါသည်။ Pray For Myanmar Youth Network အဖွဲ့အစည်းတွင်ဘာသာပေါင်းစုံ၊ လူမှုအဖွဲ့အစည်း ပေါင်းစုံတို့မှလူငယ်များပါဝင်ပြီး မတ်လ ၂၈ ရက်နေ့က YMCA တွင်ဘာသာပေါင်းစုံ ဆုတောင်းပွဲကို ငြိမ်းချမ်းရေး လှုပ်ရှားမှုအနေဖြင့်စတင်ပြုလုပ်ခဲ့၍ “ကျွန်ုပ်ကြောင့် ဘာသာရေး ပဋိပက္ခ မဖြစ်စေရ” စာတန်းပါတီရှပ်များ၊ စတေကာများ“ဘာသာလူမျိုးမခွဲခြားမြန်မာနိုင်ငံသား” ဟူသောလက်ကမ်း ပိုစတာများကို အခမဲ့ ဖြန့်ဝေသည့် လှုပ်ရှားမှုများကို ရန်ကုန်မြို့နှင့် နယ်မြို့များတွင်ပါ စတင်ဆောင်ရွက်ခဲ့သည့် အဖွဲဖြစ်သည်။ Ref: Pray for Myanmar FB — ဘာသာရေးဓလေ့စရိုက်များလေ့လာရေးနှင့်ငြိမ်းချမ်းရေးနှီးနှောဖလှယ်ပွဲ (5 photos)
Posted on: Sun, 16 Jun 2013 11:39:35 +0000

Trending Topics



Recently Viewed Topics




© 2015