SEA Games အားကစားပွဲကာလ - TopicsExpress



          

SEA Games အားကစားပွဲကာလ လေယာဉ်စင်းလုံးငှား ဝန်ဆောင်မှု ပေးမည် ================================= ရန်ကုန်၊ စက်တင်ဘာ ၂၆ ဒီဇင်ဘာလတွင် ကျင်းပမည့် SEA Games ပြိုင်ပွဲကာလတွင် MAI လေကြောင်းလိုင်းက စင်းလုံးငှား ဝန်ဆောင်မှု ပေးသွားမည် ဖြစ်ကြောင်း စက်တင်ဘာလ ၂၄ ရက်နေ့တွင် အဆိုပါ လေကြောင်းလိုင်းက တရားဝင် သတင်းထုတ်ပြန်သည်။ ယင်းကာလအတွင်း ပြည်တွင်းအတွက် ပုံမှန်အချိန်ဇယားဖြင့် ပြေးဆွဲသည့် ခရီးစဉ် မရှိသော်လည်း SEA Games အားကစားသမားများ အတွက်သာမက ပရိသတ်များအတွက် လိုအပ်ပါက ပြည်တွင်းတွင် စင်းလုံးငှား ဝန်ဆောင်မှု ပေးသွားမည် ဖြစ်ကြောင်း ယင်းလေကြောင်းလိုင်းမှ အရောင်းမန်နေဂျာ ဒေါ်အေးမရသာက ပြောကြားသည်။ ယင်းလေကြောင်းလိုင်း အနေဖြင့် SEA Games အတွက် ရန်ကုန်-နေပြည်တော်၊ ရန်ကုန်-မန္တလေး၊ မန္တလေး-နေပြည်တော် ခရီးစဉ်များအတွက် စင်းလုံးငှား ပြေးဆွဲခွင့် ရရှိထားကြောင်း ၎င်းက ဆိုသည်။ လာမည့် အောက်တိုဘာလတွင် ရန်ကုန်-ဗုဒ္ဓဂယာ-ရန်ကုန် ပုံမှန်ခရီးစဉ်များအပြင် စင်းလုံးငှား ခရီးစဉ်များ၊ ရန်ကုန်-ဂျက်ဒါး-ရန်ကုန် တိုက်ရိုက် ဟာ့ခ်ျဘုရားဖူး စင်းလုံးငှား ခရီးစဉ်များကိုလည်း စီစဉ် ပျံသန်းပေးမည် ဖြစ်ကြောင်း MAI လေကြောင်းလိုင်းမှ စုံစမ်းသိရှိရသည်။ အဆိုပါ လေကြောင်းလိုင်းသည် Air Bus လေယာဉ်များဖြင့် ယခု စက်တင်ဘာလတွင် ရန်ကုန်-နေပြည်တော်-ရန်ကုန် ပြည်တွင်း ခရီးစဉ်များကို ပုံမှန်ပြေးဆွဲလျက်ရှိပြီး လက်ရှိတွင် လေယာဉ် ကိုးစင်းဖြင့် ဝန်ဆောင်မှုပေးလျက် ရှိကြောင်း သိရသည်။ Via: The Voice Weekly
Posted on: Fri, 27 Sep 2013 09:39:00 +0000

Trending Topics



Recently Viewed Topics




© 2015