SQUAR ဗားရှင်း - TopicsExpress



          

SQUAR ဗားရှင်း အသစ်ထွက်ရှိခြင်း (၀.၉၃၆) Android (Download - app.mysquar, https://play.google/store/apps/details?id=com.squar.app) - SQUAR ဦးဆောင်သူများ၊ SQUAR ဝန်ထမ်းများ နှင့် တရားဝင် အပေါင်းအဖော်များ အတွက် တမူထူးခြားသော တံဆိပ်များ နှင့် တံဆိပ် ၏အသေးစိတ်အချက်အလက်များ - အသုံးပြုသူ၏ စာမျက်နှာ ကိုကောင်းမွန်အောင်ပြင်ဆင်ထားခြင်း Web (mysquar) - SQUAR ဦးဆောင်သူများ၊ SQUAR ဝန်ထမ်းများ နှင့် တရားဝင် အပေါင်းအဖော်များ အတွက် တမူထူးခြားသော တံဆိပ်များ နှင့် တံဆိပ် ၏အသေးစိတ်အချက်အလက်များ - ဘေးတန်းကို link အသစ်များနှင့် ပြန်လည်ပြင်ဆင်ထားခြင်း - Android App အတွက် တိုက်ရိုက် ဒေါင်းလုတ်ချနိုင်သော လင့်ခ် ထည့်ပေးထားခြင်း - အပေါ်ဘားတန်းကို ပြင်ဆင်ထားခြင်း - အသုံးပြုသူ၏ စာမျက်နှာ ကိုကောင်းမွန်အောင်ပြင်ဆင်ထားခြင်း တို့အပြင် ကျွန်ုပ်တို့ရဲ့ ဝန်ဆောင်မှုအသစ်ဖြစ်တဲ့ အသုံးပြုသူအချို့အား တံဆိပ်များတပ်ပေးခြင်းနှင့်ပတ်သတ်၍ SQUAR အသုံးပြုသူ သုံးယောက်အား SQUAR ဦးဆောင်သူအနေနဲ့ ပေးအပ်မှာဖြစ်ပါတယ်။ SQUAR ဦးဆောင်သူအနေနဲ့ တံဆိပ်ပေးအပ်ခြင်းခံရမည့်အပြင် SQUAR ဦးဆောင်သူအနေနဲ့ စားရင်းသွင်းခံရမည်ဖြစ်ပြီး SQUAR development အဖွဲ့နှင့်လည်း တိုက်ရိုက် ဆက်သွယ်လို့ရမယ့် သီးသန့် group chat ထဲကိုလည်း သင့်အား ထည့်သွင်းဆွေးနွေးခွင့်ပေးမည်ဖြစ်ပါသည်။ ထို့ပြင် ဝန်ဆောင်မှုအသစ်များ အသွင်အပြင်အသစ်များကိုလည်း တရားဝင် မဖြန့်ခင် စမ်းသပ်သုံးစွဲနိုင်မည်ဖြစ်ပါသည်။ သင်ဟာ SQUAR ဦးဆောင်သူဖြစ်ဖို့အတွက် သက်သေပြရန် စက်တင်ဘာလ ၁၃ရက်နေ့ ၂၀၁၃ သောကြာနေ့ထိ အချိန်ရပါတယ်။ စိတ်ဝင်စားစရာအကောင်းဆုံး စကားဝိုင်းကိုဖန်တီးပေးခြင်း နှင့် ကဏ္ဍအလိုက် အသစ်အသစ်သော သတင်းတွေ ဗဟုသုတအစုံအလင်တို့ကို မျှဝေပေး၍ လိုက်(ခ်)များများ (သို့) ကော်မန့်များများရသော အသုံးပြုသူ ၃ယောက်ကို တံဆိပ်တွေ ချီးမြှင့် ကျွန်ုပ်တို့ဘက်မှ ချီးမြှင့်ပေးမည်ဖြစ်ပါသည်။ တံဆိပ်ရပြီးရင်တော့ သင့်ဘက်မှ အကျိုးရှိစေမယ့် လူအများ စိတ်ဝင်စားစေမယ့်အရာတွေကို အဆက်မပြတ်တင်ပေးဖို့တော့လိုမယ်နော်။ ကော်မန့်တွေလည်း များများရအောင်လုပ်ရမှာပါ။ အဲလိုမှမဟုတ်ပဲ ပို့(စ်)တွေအများကြီးတင်ပြီး ကောင်မန့်တွေမရရင်တော့ သင့်အမှတ်တွေလျော့ကျသွားမှာဖြစ်ပြီး အခြားအကျိုးရှိရှိ အသုံးပြုသူကို တံဆိပ်လွှဲပြောင်းပေးမှာဖြစ်ပါတယ်။ ကျွန်ုပ်တို့ တံဆိပ်ပေးအပ်ဖို့ ဦးဆောင်သူများကို ရွေးချယ်ရာတွင် တစ်နေ့ကို အကျိုးရှိစေမယ့် စိတ်ဝင်စားစရာ အကောင်းဆုံး စကားဝိုင်းကို ဖန်တီးပေးခြင်း (သို့) အကျိုးရှိစေမယ့် စိတ်ဝင်စားစရာ အကောင်းဆုံး ပို့(စ်)သုံးခုကိုတင်ပေးခြင်း နှင့် ထိုပို့(စ်)များ၏ အောက်ခြေတွင် စိတ်ဝင်တစားပြန်လည်ဆွေးနွေး၍ ကော်မန့်များရရှိခြင်းတို့အပေါ်မူတည်၍ပေးအပ်သွားမည်ဖြစ်ပါသည်။ ကဏ္ဍအလိုက် အကျိုးရှိစေမယ့် အသစ်အသစ်သော အကြောင်းအရာများကို ပို့(စ်)တင်၍သော်လည်းကောင်း စိတ်ဝင်စားစရာကောင်းသော စကားဝိုင်းကို ဖန်တီးပေး၍သော်လည်းကောင်း လိုက်(ခ်)များများ ကော်မန့်များများယူပြီး SQUAR ဦးဆောင်သူအဖြစ် ပါဝင်ဆင်နွှဲလိုက်ရအောင်။ တံဆိပ်တွေရဲ့ အချက်အလက် အကြောင်းအရာ အစုံအလင်ကို သိရှိစေရန် mysquar/badges (သို့မဟုတ်) နောက်ဆုံး android ဗားရှင်းကို app.mysquar မှဒေါင်းလုတ်ဆွဲ၍ အသုံးပြုသူ စာမျက်နှာများမှတစ်ဆင့် ဝင်ရောက်လေ့လာ၍ သိရှိနိုင်ပါသည်။ SQUAR Team mysquar Myanmar Social Network
Posted on: Thu, 05 Sep 2013 11:10:51 +0000

Trending Topics



Recently Viewed Topics




© 2015