Samsung - TopicsExpress



          

Samsung နှင့်ယှဉ်ပြိင်ခြင်းကို မြှင့်တင်ရန် LG မှ မျက်နှာပြင်ခုံးစမတ်ဖုန်း ထုတ်လုပ် Tuesday, October 29, 2013 အဓိကပြိုင်ဖက်ဖြစ်သူ Samsung Electronics Co နှင့် အမီလိုက်နိုင်ရန်အတွက် တောင်ကိုရီးယားနိုင်ငံ ၏ အခြားလျှပ်စစ်ကုမ္ပဏီတစ်ခုဖြစ်သော LG Electronics Inc မှာလည်း မျက်နှာပြင်ခုံးစမတ်ဖုန်းအား လွန်ခဲ့သောတနလာင်္နေ့တွင် စတင်ထုတ်လုပ်ခဲ့သည်။ ဈေးကြီးသော စမတ်ဖုန်းဈေးကွက်အတွင်းသို့ တဖြည်းဖြည်းချင်း ၀င်ရောက်နိုင်ချေရှိသော မျက်နှာပြင်ခုံး စမတ်ဖုန်း ပြုလုပ်ခြင်းမှာ ဖုန်းထုတ်လုပ်သူများအတွက် ဈေးကွက်စစ်ဆင်ရေး မျက်နှာပြင်သစ် တစ်ရပ် ဖြစ်လာပြီဖြစ်သည်။ ၎င်းစမတ်ဖုန်းများမှာ လက်ရှိစမတ်ဖုန်းများနှင့် နှိုင်းယှဉ်ပါက ပို၍ကိုင်တွယ်ရလွယ်ကူသော်လည်း မဖြစ် မနေပါရှိရမည့် Features များ မပါရှိသေးသည့်အတွက် မကြာမီအချိန်များအတွင်း သုံးစွဲသူများပြားလာ နိုင်ချေမရှိဟု လေ့လာသုံးသပ်သူများက ပြောကြားထားပြီးဖြစ်သည်။ ယင်းအပြင် ထုတ်လုပ်မှုစရိတ်များ မှာလည်း အလွန်အမင်း မြင့်မားလျက်ရှိသည်။ Samsung နှင့် LG တို့မှ ထုတ်လုပ်သည့် မျက်နှာပြင်ခုံးစမတ်ဖုန်းများမှာ တောင်ကိုရီးယားဈေးကွက်အတွင်း၌သာ ရှိနေသေးပြီး သုံးစွဲသူများ၏အကြိုက်အားလေ့လာနေဆဲဖြစ်သည်။ Samsung အနေဖြင့် လူကြိုက်များသည့် Galaxy Note မူကွဲတစ်ခုအား ယခုလ အစောပိုင်းတွင် ထုတ် လုပ်ခဲ့သည့်အတွက် ၎င်းမှာကမ္ဘာပေါ်တွင် ပထမဆုံးသော မျက်နှာပြင်ခုံးစမတ်ဖုန်းထုတ်လုပ်သူဖြစ် လာပြီဖြစ်သည်။ LG မှ ယခုသီတင်းပတ်တနလာင်္နေ့တွင် ထုတ်လုပ်လိုက်သည့်စမတ်ဖုန်းမှာ မျက်နှာပြင်အကျယ် ခြောက်လက်မရှိသည်။ ယင်း ဖုန်းအားလာမည့်လတွင် တောင်ကိုရီးယား၏ စမတ်ဖုန်းဖြန့်ဖြူးရောင်းချသည့် လုပ် ငန်းသုံးခုမှတစ်ဆင့် ရောင်းချသွားမည်ဖြစ်သည်ဟုလည်းLG က ပြောကြားထားသည်။ ဒေါင်လိုက်ခုံးထားသော မျက်နှာပြင်မှာ ရုပ်သံများကြည့်ရှုရန် ပို၍သင့်တော်ပြီး ဖုန်းဘက်ထရီကိုလည်း ဖုန်းပုံစံအား အထောက်အကူဖြစ်စေရန်အတွက် ခုံးထားသည်ဟုLG က ပြောကြားလိုက်သည်။ သို့သော် ဖုန်းဘက်ထရီအပြင်chip board နှင့် အခြားသောအစိတ်အပိုင်းများအား ပျော့လွယ်ပြင်လွယ် ကိရိယာများအဖြစ် ပြောင်းလဲနိုင်ရန်မှာ စိန်ခေါ်မှုတစ်ရပ်အဖြစ် ဆက်လက်ရှိနေဆဲပင်ဖြစ်သည်။ Mizzima - News in Burmese
Posted on: Tue, 29 Oct 2013 03:43:59 +0000

Trending Topics



Recently Viewed Topics




© 2015