Saturday, July 13, - TopicsExpress



          

Saturday, July 13, 2013 ကျောင်းသုံးစာအုပ် ပုံနှိပ်လုပ်ငန်း ပုဂ္ဂလိကသို့ ခွင့်ပြုမည် ရန်ကုန်- ၂၀၁၄-၁၅ ပညာသင်နှစ်မှ စ၍ အခြေခံပညာကျောင်းသုံး စာအုပ်များ၏ အရည်အသွေးကို မြှင့်တင်သွားမည်ဖြစ်ပြီး ကျောင်းသုံး စာအုပ်ရိုက်နှိပ်ခြင်းလုပ်ငန်းကို ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့်ပြုမည်ဖြစ် ကြောင်း ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ သတင်းရရှိ သည်။ ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနသည် အခြေခံ ပညာကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးစာအုပ် ၆၁ မျိုးကို စက္ကူနှင့် ပုံနှိပ်ချုပ်လုပ်ထုပ်ပိုး ခြင်းများ အပါအ၀င် လုပ်ငန်းများ ဆောင်ရွက်ရန် ပုဂ္ဂလိက လုပ်ငန်းရှင်များအား အိတ်ဖွင့်တင်ဒါများ ဖိတ် ခေါ်နေသည်။ မူလတန်းမှ အထက်တန်းထိ ကျောင်းသား၊ ကျောင်းသူ ရှစ်သန်းကျော်အတွက် ကျောင်းသုံးပြဋ္ဌာန်း စာအုပ်များ၏ အရည်အသွေးများကို မြှင့်တင်မည်ဖြစ်ပြီး ဈေးနှုန်းလည်း မြင့်တက်သွားမည်ဖြစ်ကြောင်း ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ “စာအုပ်အရည်အသွေးကောင်းလာမယ်။ အတွင်း စာမျက်နှာကို အင်ဒို ၇၀ ဂရမ်ဝူဖရီ (ဂျာနယ် အချော မျက်နှာဖုံးစာများတွင် ပုံနှိပ်သော စက္ကူ) အဖုံးကို အက်ကတ်အသုံးပြုနိုင်ခြင်းများရှိနေပြီး ကျောင်းသုံး စာအုပ်များအတွက် အစိုးရ၏ နှစ်စဉ် အသုံးစရိတ် ကုန်ကျမှုများ လည်း တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားနေကြောင်း သိရသည်။ မြန်မာနိုင်ငံတွင်ကျောင်းသုံး စာအုပ်များအတွက် ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်း (PPE) မှ တာဝန်ယူရိုက်နှိပ်ရသော စာအုပ်မှာ နှစ်စဉ်သန်းပေါင်း ၄၀ ကျော်ရှိ၍ အချိန်မီရိုက်နှိပ်ရခြင်း၊ ဖြန့်ဝေရခြင်းတို့ကြောင့် လုပ်ငန်းပမာဏကြီးမား နေသည်။ ကျောင်းသုံးစာအုပ် ရိုက်နှိပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းကို ပုဂ္ဂလိကသို့ ဈေးပြိုင်စနစ်ဖြင့် လုပ်ကိုင်ခွင့်ပြုလိုက်ခြင်းဖြင့် ကျောင်းသုံးစာအုပ်များ၏ အရည်အသွေးမြင့်မားလာမည်ဖြစ်သလို ပညာရေး ၀န်ထမ်းများ၏ လုပ်အားများထိခိုက်မှုလျော့ကျသွားမည်ဖြစ်သည်။ “အခြေခံပညာကျောင်းသား၊ ကျောင်းသူများအတွက် စာအုပ် ၉၃ မျိုးရှိတယ်။ အရင်က ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ပုံနှိပ်ထုတ်ဝေရေးနဲ့ ပုဂ္ဂလိက ချိတ်ဆက်ပြီး ရိုက်နှိပ်တာပါ။ အခုတော့ မူလတန်းကို ပြန်ကြားရေးဝန်ကြီးဌာနပဲ ဆက်လက်ဆောင်ရွက်မယ်။ အလယ်တန်းနဲ့ အထက်တန်းကတော့ ပုဂလိက လုပ်ငန်းတွေကို လွှဲမှာပါ”ဟု အဆိုပါ တာဝန်ရှိသူက ပြောကြားသည်။ ပညာရေးဝန်ကြီးဌာနသည် မူလတန်း ပညာရေးကို အခမဲ့ပညာရေးစနစ် ဖြစ်လာစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ကျောင်းသုံး စာအုပ်များ အခမဲ့ပေးအပ်နေသော်လည်း အလယ်တန်းနှင့် အထက်တန်း ကျောင်းသားများအနေဖြင့် ကျောင်းသားစာအုပ်များကို ၀ယ် ယူအသုံးပြုနေရသည်။ “အခုကျောင်းသုံးစာအုပ်တွေ က အရည်အသွေးတော်တော်နိမ့် နေတယ်။ စက္ကူ အရည်အသွေးတွေမြှင့်မယ်ဆိုတော့ ရုပ်ပုံတွေ ပိုပီ ပြင်ပြီး ကျောင်းသားတွေ ကောင်းကောင်းမွန်မွန် ဖတ်ရှုကြရတော့မှာပေါ့။ ဒါပေမဲ့ အခြေခံလူတန်းစားမိသားစုတွေအတွက် ပညာသင် စရိတ်က ပိုမြင့်တက်လာမှာပါပဲ”ဟု ပညာရေးလေ့လာသူတစ်ဦးက သုံး သပ်သည်။ မြန်မာနိုင်ငံရှိ မိသားစုများသည် ၎င်းတို့ဝင်ငွေ၏ ၇၀ ရာခိုင်နှုန်းကို ပညာရေးဆိုင်ရာ အသုံးစရိတ်အတွက် အသုံးပြုနေရပြီး ကျောင်းသုံးစာရေးကိရိယာကုန်ကျ စရိတ်မှာ အမြင့်မား ဆုံးဖြစ်နေကာ ကျူရှင်စာသင်စရိတ်၊ ကျောင်းလခ၊ ကျောင်းသား ပုံနှိပ်စာအုပ်စ ရိတ်များလည်း မြင့်မားနေကြောင်းပညာရေးဆိုင်ရာ စစ်တမ်းတစ်ခုတွင်ဖော်ပြထားသည်။ 7Day News Journal Thit Htoo Lwin - News
Posted on: Sat, 13 Jul 2013 10:33:43 +0000

Trending Topics



p://www.topicsexpress.com/Fiction---Prologue-J’en-ai-marre-de-ma-vie-Je-veux-en-topic-737467806279256">Fiction - Prologue : J’en ai marre de ma vie. Je veux en
A business man was at the pier of a Mexican coastal village when a

Recently Viewed Topics




© 2015