Shwe Sat Hta Gan Business Journal ( - TopicsExpress



          

Shwe Sat Hta Gan Business Journal ( ရွှေဆဌဂံဂျာနယ် ) *** ကမ္ဘာ့ရွှေဈေးကျဆင်းမှုအပေါ် မှီခိုခြင်းမရှိသည့် မြန်မာ့ရွှေဈေးကွက် *** ကမ္ဘာ့ငွေကြေးဈေးကွက်တွင် ဒေါ်လာဈေးမြင့်တက်လာခြင်းကြောင့် ကမ္ဘာ့ရွေဈေးကျဆင်းနေသော်လည်း ပြည်တွင်းရွှေဈေးမှာ သိသိသာသာ ကျဆင်းခြင်း မရှိသေးကြောင်း ရွှေလုပ်ငန်းများက ပြောဆိုသည်။ “အဓိကကတော့ အမေရိကန်ဒေါ်လာက ကမ္ဘာငွေကြေးဈေးကွက်မှာ တန်ဖိုးမြင့်တက်လာတာကြောင့် ကမ္ဘာ့ရွှေ ဈေးကျလာတာပါ။ ကမ္ဘာရွှေဈေးကျလို့ မြန်မာရွှေဈေးကျလာပေမယ့် ဒေါ်လာဈေးကြောင့် ကျသင့်သလောက် တော့မကျဘူး။” ဟု မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူးဦးဝင်းမြင့်က ပြောသည်။ ၂၀၁၃ ခုနှစ် ဇွန်လ တတိယပတ်အတွင်း ကမ္ဘာ့ရွှေဈေးကွက်တွင် ရွှေတစ်အောင်စလျှင် ကန်ဒေါ်လာ ၁၃၈၀ ဈေးကွက်ဖြစ်ပေါ်ကာ ပြည်တွင်းရွှေဈေးကွက်၌ တစ်ကျပ်သားလျှင် ၇သိန်း ၁သောင်းနှုန်းဈေးကွက် ဖြစ်ပေါ်ခဲ့သည်။ ကမ္ဘာ့ရွှေဈေးကို ဒေါ်လာဈေးဖြင့်တွက်ချက်ပါက ပြည်တွင်းရွှေဈေးကွက်တွင် ဈေးနှုန်းကျဆင်းခြင်းသည် သုံးပုံ တစ်ပုံသာရှိကြောင်း ရွှေရောင်းဝယ်ရေးလုပ်ကိုင်သူများက ပြောဆိုသည်။ “ကမ္ဘာ့ရွှေဈေးကျရင် မြန်မာရွှေဈေးက ပိုတောင်ကျရဦးမှာ။ သုံးသောင်းခွဲလောက်ကျရမှာဖြစ်ပေမယ့် ဒေါ်လာ ဈေးတက်နေတာကြောင့် ကျသင့်သလောက်မကျဘူး။ ရွှေဈေးလေးနည်းနည်းကျတော့ အရောင်းအ၀ယ် အရင် ကထက် ပိုကောင်း လာတယ်။” ဟု အောင်သမာဓိရွှေဆိုင်မှ ဦးဝင်းငယ်ကပြောသည်။ လက်ရှိ ၂၀၁၃ ခုနှစ် ဇွန်၂၂ ရက်နေ့တွင် ပြည်တွင်းရွှေဈေးကွက်၌ အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၆သိန်း ၉သောင်း ၇ထောင်ရှိပြီး ဇွန်လဆန်းပိုင်းတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၇သိန်း ၁သောင်းဝန်းကျင် ဖြင့် ဈေးနှုန်းတည်ငြိမ်ခဲ့ကြောင်းသိရှိရသည်။ ကမ္ဘာ့ရွှေဈေးကွက်မှာ ဇွန်လ ဆန်းပိုင်တွင်း တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၃၀၀ ၀န်းကျင်ဈေးကွက် ဖြစ်ပေါ်ခဲ့ပြီး ဇွန်လ ၂၂ ရက်နေ့တွင် တစ်အောင်စလျှင် ကန်ဒေါ်လာ ၁၂၉၈ သို့ဈေးနှုန်းကျဆင်းခဲ့ကြောင်း သိရှိ ရသည်။ “မနေ့ကတော့ ဒေါ်လာဈေးက ကိုးရာရှစ်ဆယ်ကျော်မှာရှိတယ်။ ဒီမှာတော့ ရွှေဈေးကျရင် ဒေါ်လာဈေးလိုက် တက်တာမျိုးဖြစ်တယ်။ ဘာကြောင့်မှန်းတော့မသိဘူး” ဟု ဘားလမ်းရှိဈေးကွက်မှ နိုင်ငံခြားငွေလဲလှယ်သူတစ်ဦးက ပြောသည်။ နိုင်ငံခြားငွေလဲလှယ်ဈေးကွက်တွင် ရက်အပိုင်းအတွင်းဈေးနှုန်းအပြောင်းလဲဖြစ်ပေါ်ခဲ့ပြီး ဇွန်လ ၂၂ ရက်နေ့တွင် ကန်တစ်ဒေါ်လာလျှင် ၉၇၉ ကျပ်သို့ ဈေးနှုန်းမြင့်တက်လာခဲ့ကြောင်း သိရှိရသည်။ ဇွန်လ(၂၄)ရက်နေ့ မြန်မာရွှေဈေးမှာ တစ်ကျပ်သားလျှင် (၆၉၅၀၀၀) ကျပ်ဝန်းကျင်ရှိနေပြီး၊ ကမ္ဘာ့ရွှေဈေး မှာ တစ်အောင်စလျှင် ကန် (၁၂၈၃) ၀န်းကျင်ရှိပြီး အမေရိကန်တစ်ဒေါ်လာလျှင် (၉၇၅)ကျပ်ဝန်းကျင်ရှိ နေသည်။ shwesathtagan/ကမ္ဘာ့ရွှေဈေးကျဆင်းမှု/ မိုးမြင့်ကျော်( မြစ်မခ )
Posted on: Wed, 26 Jun 2013 02:59:06 +0000

Trending Topics



Recently Viewed Topics




© 2015