SingTel မှ မြန်မာပြည်၏ - TopicsExpress



          

SingTel မှ မြန်မာပြည်၏ ကိုယ်ပိုင်ဂြိုဟ်တု ဆက်သွယ်ရေးစနစ် တည်ထောင်မှုအတွက် ကူညီပေးရန်ရှိ Wednesday, 12 June 2013 02:46 စင်ကာပူနိုင်ငံ အခြေစိုက် တယ်လီကွန်း ကုမ္ပဏီ တစ်ခုဖြစ်သည့် Sing Tel က မြန်မာနိုင်ငံ၏ ကိုယ်ပိုင်ဂြိုဟ်တု ဆက်သွယ်ရေးစနစ် တည်ထောင်ရန် ကူညီပေးသွားမည် ဖြစ်ကြောင်း SingTel ၏ International, Group Consumer CEO ဖြစ်သူ Mr.Mark Chong က ဇွန် ၁၁ ရက်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ မြန်မာနိုင်ငံကို ကူညီပေးရာတွင် မြန်မာ အစိုးရအား ဂြိုဟ်တုဆက်သွယ်ရေး စနစ်တစ်ခု တည်ထောင်ရန် ဖြစ်နိုင်ခြေ ရှိမရှိ လေ့လာရေးများတွင် ပါဝင်မည်ဖြစ်ပြီး မြန်မာကိုယ်ပိုင် ဂြိုဟ်တု လွှတ်တင်ရေးတွင်လည်း ပြည်တွင်း၌ လျှောက်ထားသည့် ဆက်သွယ်ရေး အော်ပရေတာ လိုင်စင်ရရှိသည် ဖြစ်စေ၊ မရရှိသည် ဖြစ်စေ အထောက်အကူ ပေးသွားမည်ဖြစ်ကြောင်း ဆိုသည်။ "SingTel က မြန်မာနိုင်ငံမှာ အခြေခံ အဆောက်အအုံတွေ တည်ဆောက်ပေးဖို့ထက် မြန်မာနိုင်ငံကို နိုင်ငံတကာနဲ့ ချိတ်ဆက်ပေးဖို့ပိုပြီး စိတ်ဝင်စားပါတယ်။ လိုင်စင်ရသည်ဖြစ်စေ မရသည်ဖြစ်စေ မြန်မာအစိုးရ အနေနဲ့ ဂြိုဟ်တုတစ်စင်း အောင်မြင်အောင် လွှတ်တင်ဖို့အတွက် SingTel က ကူညီပေးသွား မှာပါ" ဟု ၎င်းကဆိုသည်။ Mr. Mark Chong က ၎င်းတို့ ကုမ္ပဏီသည် မြန်မာ့ဆက်သွယ်ရေးမှ သတ်မှတ်သော တင်ဒါလိုအပ်ချက်ထက် ပိုလွန်သည့် နည်းပညာ ရှိနေပြီး ၎င်းတို့ကိုယ်ပိုင် ဂြိုဟ်တုနှစ်စင်းကိုလည်း လွှင့်တင်ထားပြီး ဖြစ်သည်ဟု ဆိုသည်။ Weeklyeleven မှကူးယူဖေါ်ပြသည်
Posted on: Wed, 12 Jun 2013 14:22:51 +0000

Trending Topics



Recently Viewed Topics




© 2015