SingTel အနေနဲ့ ခေတ်မီ - TopicsExpress



          

SingTel အနေနဲ့ ခေတ်မီ ဆက်သွယ်ရေးဂြိုလ်တု စနစ်များ၊ ရေအောက် ဆက်သွယ်ရေး ကေဘယ်လ်စနစ်များနဲ့ မြန်မာနိုင်ငံကို နိုင်ငံတကာ ဆက်သွယ်ရေးကွန်ယက် စနစ်ကြီးနဲ့ ဆက်သွယ် ချိတ်ဆက်သွားနိုင်မှာ ဖြစ်ကာ အနာဂတ်မှာ အကောင်အထည်ဖေါ် လုပ်ဆောင်သွားရန် ရှိနေတဲ့ နိုင်ငံတကာ ဆက်သွယ်ရေး ကွန်ယက်ဆိုင်ရာ အခြေခံ အဆောက်အအုံ တည်ဆောက်ရေး စီမံကိန်းများမှာလည်း ပါဝင်သွားနိုင်မှာ ဖြစ်ကြောင်း၊ နိုင်ငံတကာနဲ့ ဆက်သွယ်ရေးစနစ် ပိုမို ကောင်းမွန်လာခြင်းအားဖြင့် မြန်မာနိုင်ငံဟာ ပြည်ပ စီးပွားရေး လုပ်ငန်းများကို ပိုမို ဆွဲဆောင်လာနိုင်မှာ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အနေနဲ့ နိုင်ငံတကာနဲ့ ဆက်သွယ် ဆောင်ရွက်နှိုင်ရန်အတွက် အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန် မြှင့်တင်ရာမှာ SingTel ဟာ မြန်မာအစိုးရကို ဂြိုလ်တုဆက်သွယ်ရေး စနစ်တစ်ခု တည်ထောင်ရန် ဖြစ်နိုင်ခြေ ရှိမရှိ လေ့လာရာတွင် ထည့်သွင်း ပါဝင်ပေးမှာ ဖြစ်ပြီး၊ မြန်မာပိုင် ဂြိုလ်တုလွှတ်တင်ရေးတွင်လည်း အထောက်အကူ ပေးသွားမှာ ဖြစ်ကြောင်း၊ ဒါ့အပြင် SingTel ဟာ Southeast Asia-Middle East-West Europe (SEA-ME-WE) 5 ရေအောက်ဆက်သွယ်ရေး ကေဘယ်လ် ကွန်ယက်စီမံကိန်း ရေးဆွဲရာတွင်လည်း မြန်မာနိုင်ငံကို ထည့်သွင်း ပါဝင်စေမှာ ဖြစ်ကြောင်း၊ အလားတူ (SEA-ME-WE) 3 စီမံကိန်း ဆောင်ရွက်ခဲ့စဉ်ကလည်း SingTel ဟာ မြန်မာနိုင်ငံကို အထောက်အကူ ပေးခဲ့ကြောင်း၊ ကမ္ဘာတစ်လွှားက ကြီးမားကျယ်ပြန့်တဲ့ လုပ်ငန်းကြီးတွေကြောင့် ကျွန်တော်တို့ဟာ အခြေခံ အဆောက်အအုံက စပြီး တည်ဆောက်တဲ့ နေရာမှာ သူများတွေနဲ့ မယှဉ်သာအောင် ထူးခြား ကောင်းမွန်ပါကြောင်း၊မြန်မာနဲ့ စင်ကာပူဟာ အာဆီယံဒေသမှာ မိတ်ဆွေတွေ ဖြစ်ပါကြောင်း၊ ကျွန်တော်တို့က ပြည်တွင်း တယ်လီဖုန်း ဆက်သွယ်ရေး စနစ်အတွက် အခြေခံ အဆောက်အအုံ တစ်ခုတည်းကိုသာ တည်ထောင်ပေးချင်တာ မဟုတ်ပါကြောင်း၊ ကျွန်တော်တို့ရဲ့ နိုင်ငံတကာနဲ့ ဆက်သွယ်ရေး စနစ်တွေ၊ ဆန်းသစ်တဲ့ ဝန်ဆောင်မှုတွေက မြန်မာပြည်သူတွေရဲ့ လူနေမှုဘဝ အဆင့်အတန်းကို တိုးတက်စေမှာ ဖြစ်တယ်လို့ ပြောဆိုသွားပါတယ်။
Posted on: Sun, 16 Jun 2013 03:41:26 +0000

Trending Topics



Recently Viewed Topics




© 2015