Stammering - TopicsExpress



          

Stammering စကားထစ်ခြင်း ******************** (၁) ဆရာခင်ဗျား မင်္ဂလာပါ။ ကျွန်တော့်အသက် ၃၆ပါ။ ကျွန်တော် စကားနဲနဲထစ်ပါတယ်။ စိတ်လှုပ်ရှားရင် ပိုဆိုးပါတယ်။ သေချာမမှတ်မိတော့ပေမယ့် အလယ်တန်းလောက်ကတည်းက သူငယ်ချင်း တယောက်ကို နောက်ပြောင်ရင်းထစ်တာလို့ ထင်ပါတယ်။ ခု အဲ့သူငယ်ချင်းက စကားမထစ်တော့ပါဘူး။ ကျွန်တော်သိလိုတာက စကားထစ်ရခြင်းအကြောင်းအရင်းနဲ့ ပျောက်နိုင် မပျောက်နိုင် သိလိုပါတယ်။ ပျောက်နိုင်ပါက ဘယ်လိုနည်းလမ်းတွေကို လိုက်နာကျင့်သုံးရပါမည်လဲ သိပါရစေ။ အီးမေးဖြင့်သာ မေးခွန်းတွေကို လက်ခံပါက အီးမေးလေးတချက်လောက် ပေးပို့  ပေးပါခင်ဗျာ။ ကျေးဇူးတင်ပါတယ်။ (၂) ကျွန်တော်က စကားထစ်သူတစ်ယောက်ပါ အဲဒါကြောင့် စကားမထစ်ရအောင် ဘယ်လိုဆင်ခြင်သင့်တယ်ဆိုတာနှင့် ဆေးနည်း (သို့) တခြားနည်းလမ်းများရှိရင် ညွှန်ကြားမှုများပြုလုပ်ပေးနိုင်ပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ Stammering ဆိုတဲ့ စကားထစ်တာက Speech disorder စကားသာမက Communication and behavioral disorder ဆက်သွယ်မှု နဲ့ အမူအယာ ပြဿနာပါ တွဲနေတယ်။ အခက်အခဲရှိနေသူတယောက်ဟာစကားပြောဘို့ ကြိုးစားရင်း မျက်နှာနဲ့ ကိုယ်ခန္ဓာမှာသူများနဲ့ မတူတာပါ ဖြစ်လာစေတယ်။ လူတွေ ၁% ဖြစ်ကြတယ်။ ယောက်ျားတွေက ၄ ဆ ပိုများတယ်။ ဘာလို့ ဖြစ်ရတာအသေအခြာမသိသေးပါ။ Genetics မျိုးဗီဇနဲ့ Neurophysiology အာရုံကြော-ဇီဝကမ္မဗေဒ နှစ်ခုလို့ ယုံကြည်ကြတယ်။ သုတေသနတခုကတော့ အာရုံကြောထိန်းညှိပေးနိုင်မှုပါ။ မိသားစုဘဝ၊ ငယ်ငယ်က ကြီးထွားလာပုံတွေကိုပါ လေ့လာတယ်။ အကြောင်းရင်းကတယောက်နဲ့ တယောက် မတူပါ။ ဖြစ်တာလဲ တယောက်ထဲမှာတောင် တယ်လီဖုန်းနဲ့ပြောတာနဲ့ မျက်နှာချင်းဆိုင်ပြောတာမတူတတ်ပါ။ Stammering ကိုအင်္ဂလန်-ဥရောပ၊ Stuttering ကိုအမေရိကား-သြစတြေးလျားမှာသုံးတယ်။ ရောဂါလားလို့ မေးရင် Disease မဟုတ်ပါ။ Disorder သာ ဖြစ်ပါတယ်။ အဆီအငေါ်မတည့် ဖြစ်နေတာမျိုး။ အင်္ဂါတခုခုမှာ ချို့ယွင်းတာလဲ မဟုတ်ပြန်ပါ။ ဖြစ်နေတဲ့သူစိတ်သက်သာအောင် စကားလုံးရွေးပြောနေတာတော့ မဟုတ်ပါ။ ကုသရာမှာ ရောဂါတွေလို ဆေးပေးနည်းနဲ့ မရတာကိုပေါ်လွင်စေချင်လို့ ဖြစ်ပါတယ်။ Psycho speech disorder စိတ်နဲ့တော့ အသေအခြာ ဆိုင်ပါတယ်။ စကားထစ်တာဟာ ဖွံ့ဖြိုးမှုပြဿနာလဲ ဖြစ်တယ်။ ကလေးတိုင်းလိုလိုငယ်တုံးကစကားခပ်ထစ်ထစ် ဖြစ်ဘူးကြတယ်။ ကလေး ၂ဝ% လောက်မှာလာဖြစ်တယ်။ သက်သာပျောက်ကင်းနှုံးတော့ ကောင်းပါတယ်။ K, B, T, D, M ဆိုတဲ့ အသံထွက်မှာလာခက်တယ်လို့ သတိထားမိသူတွေ ရှိတယ်။ မိဘတွေကနေ “စကားဖြေးဖြေးပြောကွာ၊ ထပ်ပြောစမ်း၊” စသဖြင့် အကျင့်လုပ် မေး-ပြောနေရင် ကလေးမှာစိုးရိမ်စိတ် ကဲလာစေမယ်။ အမူအယာတွေ မတူတာလဲဒီသဘောဘဲ။ မျက်လုံးပိတ်ချီ-ဖွင့်ချီလုပ်တာ၊ ပါးစပ်ရွဲ့တာ။ မိဘတွေကို အပြစ်ဖို့တိုင်းလဲ မမှန်ပြန်ပါ။ ပျောက်နေပြီးမှ ပြန်ပေါ်တာလဲ ရှိတတ်တယ်။ သီချင်းဆို၊ ကဗျာရွတ်ရင် မထစ်ဘဲသာမန်စကားပြောမှ ထစ်တာကို Copied style ခေါ်တယ်။ သရုပ်ဆောင်ရင် ပီပီပြင်ပြင် ပြောနိုင်-ဆိုနိုင်တယ်။ ဘာလို့လဲဆိုတော့ ကြိုတင် သတ်မှတ်-ရွေးချယ်ပြီးသားကိုရွတ်ဆို-ပြောပြရတာမို့ပါ။ ရုပ်ရှင် အကျော်အမော်တွေထဲက မင်းသမီး Marilyn Monroe, Julia Roberts မင်းသား Bruce Willis, Hug Grant အဆိုတော် တွေထဲက Elvis Presley, Kylie Monogueတွေဟာစကားအရာမှာ ပြဿနာရှိတဲ့သူတွေပါ။ စကားပြောရင် အသံတခုဖြစ်ဖြစ်၊ စကားတလုံးထဲဖြစ်ဖြစ် စကားစုဖြစ်ဖြစ် ထပ်နေ၊ ဆွဲနေ၊ ထစ်နေတယ်။ ကြားထဲရပ်နေမယ်။ ထပ်နေတာက to-to-to-tomorrow မျိုး၊ ဆွဲနေတာက mmmmmmilk မျိုး။ လူကြား-သူကြားစကားမကြွယ်သူတွေ အထစ်အငေါ့မျိုးနဲ့တော့ မတူပါ။ စကားထစ်တာကရေပေါ်မှာပေါ်နေတဲ့ ရေခဲတုံးထိပ်နဲ့တူပြီး၊ သူ့အောက်ခြေမှာစိတ်ပိုင်းဆိုင်ရာအနုတ်သဘောဆောင်မှု ရှိနေပါတယ်။ ရှက်စိတ်၊ သိမ်ငယ်စိတ်၊ ဒေါသ၊ စိုးရိမ်မှု၊ အပြစ်လို့ ခံစားနေမှုတွေ ရှိနေနိုင်တယ်။ သူ့ကိုယ်သူဂုဏ်ငယ် လာတယ်။ ကုသတဲ့အခါ ဒါကိုဂရုစိုက်ပေးရတယ်။ စိုးရိမ်စိတ်၊ ကိုယ့်ကိုယ်ကိုအထင်မကြီးမှုတွေနဲ့ မဆိုင်ဘဲလဲ ဖြစ်ပါသေးတယ်။ စောစောကုသလေကောင်းလေ။ တခါထဲပျောက်တာမျိုးတော့ မဟုတ်ဘူး။ ဒီအဖြစ်ကိုစပါယ်ရှယ်တွေကတရက်-တခါ၊ ဒါမှမဟုတ် တပါတ် ၂ ခါ၊ စုစုပေါင်းအခါ ၂ဝ လာခိုင်းတယ်။ • Fluency shaping therapy စကားကြွယ်ကြွယ်၊ ရှည်ရှည်၊ အဆက်အစပ်ရှိရှိပြောစေနည်းပါ။ လေးလေးပင်ပင်၊ ဆွဲဆွဲငင်ငင် ပြောစရာတွေပါလို့ စကားပြောနှုံးနှေးစေမယ်။ နောက်ပိုင်းရောက်တော့ နှုံးတက်လာစေရတယ်။ • Modification therapy စကားထစ်တာကိုပုံစံပြောင်းပေးနည်။ စိုးရိမ်မှုကိုလျော့ပေးတာပါ။ - အဓိကနဲ့ သာမညအမူအယာ၊ ခံစားမှုတွေကို Identification အရင်ရှာကြည့်ရတယ်။ - နောက်တဆင့် ဒါတွေကို Desensitization ယဉ်ပါးစေအောင် ကျင့်ပေးမယ်။ - တတိယအဆင့်မှာ Modification အသွင်ပြောင်းစေမယ်။ သက်တောင့်သက်သာထစ်စေမယ်။ နားစေမယ်။ ထပ်အပြောခိုင်းမယ်။ - နောက်တဆင့်မှာ Stabilization သင်ထားတာတွေကို ပြန်လေ့ကျင့်ပြီးသူ့ဖါသာနားတာစသဖြင့် လုပ်ခိုင်းမယ်။ Electronic fluency devices ကရိယာသုံးနည်းလဲရှိတယ်။ Altered auditory feedback သူပြောခဲ့တာကိုအသံတမျိုးနဲ့ ပြန်နားထောင်စေတယ်။ တချို့တော့ တိုးတက်စေပါတယ်။ Anti-stuttering medications ဆေးပေးနည်းက ပြန်ဆန်းစစ်တဲ့အခါ မသုံးသိပ်မတည့်တာတွေ့လာရတယ်။ လူတယောက် စကားထစ်နေတာကိုရှုံ့ချတာ၊ လူညံ့လို့ ပြောတာ၊ ပျက်ရယ်ပြုတာလုံးဝမလုပ်သင့်ပါ။ ပညာရှင်အကြံမျိုး မဟုတ်တောင်မှ အားပေးသင့်တယ်။ “ဖြေးဖြေးဘဲပြောပါကွာ၊ ငါ နားထောင်နေမယ်။ မင်းစိတ်လိုလက်ရ သက်တောင့် သက်သာရှိမှ ပြော။” “မင်းအရင်ကထက် တိုးတက်လာပြီဘဲ။” ကိုယ်တိုင် ပြုပြင်နည်း ရေးပါရစေ။ ၁။ စကားကို မြန်မြန်မပြောပါနဲ့။ ၂။ အသက်ရှူတာပုံမှန်သာ ရှူပါ။ စိတ်ပူ-ကြောက်ရွံ့တဲ့အခါ “အသက်ပြင်းပြင်း ရှူလိုက်ပါ” လို့ ပေးတဲ့အကြံမျိုး ဒီနေရာမှာ လိုက်တာထက် မပိုစေပါနဲ့။ ၃။ စကားကို ညင်ညင်သာသာပြောပါ။ ၄။ ရုပ်ရှင် အနှေးပြသလိုနဲ့ စပါ။ နုတ်ခမ်း-လျှာ ဖြေးဖြေးကလေးသာလှုတ်ပါ။ ၅။ ပြောမဲ့ စကားလုံးကရှည်တယ် ဆိုပါစို့၊ ဘယ်အသံထွက်ကို ထိထိမိမိပြောရမလဲ One particular syllable ရွေးပြီး Add a bounce တမင်လုပ် ပြောပါ။ ၆။ ကိုယ်ကြိုက်တဲ့ စာ-ကဗျာကိုအသံခပ်ကျယ်ကျယ် ဖတ်ပါ။ ဖတ်နေတုံးမှာအသက်ရှူတာပုံမှန်နဲ့ သက်တောင့် သက်သာရှိပါစေ။ အစမှာပုံမှန်အသံသာ ဖြစ်ပါစေ။ ၇။ ကိုယ်ဖတ်သွားခဲ့တာကို ပြန်နားထောင်ကြည့်ပါ။ ၈။ ရှည်တဲ့ သရသံ ၅မျိုး (5 Long Vowel Sounds = long /a/ as in gate; long /e/ as in need; long /i/ as in nice; long /o/ as in yoke; long /u/ as in you) ကို အချိန်ကြာပါစေ ဖြေးဖြေးချင်းထွက်ပါ။ မြန်မာစာသင်ပုန်းကြီးမှာ “အ၊ အာ၊ အား၊” ကနေ “အံ၊ အံ့၊ အံး” အထိသရ (၂၁) လုံးရှိတယ်။ Vowel sound တွေကို Glottis ဆိုတဲ့ “အသံထွက်တဲ့ Vocal folds ၂ ခုနဲ့ ကြားကကွက်လပ်နေရာ” အပေါ်မှာလေ ဖိအားမသုံးဘဲထွက်ရတဲ့ အသံတွေကိုခေါ်ပါတယ်။ စကားထစ်သူတွေကဥာဏ်ရည် ပိုထက်တယ်လို့ ထင်တာမဟုတ်ပါ။ သူများတွေထက်တော့ ထူးပြီးညံ့မနေပါ။ လူတော်တွေ အများကြီး၊ Alices Adventures in Wonderland ဆိုတဲ့ နာမည်ကြီးပုံပြင်စာအုပ်ကိုရေးခဲ့တဲ့ Charles Lutwidge Dodgson နောက်ပြီး၊ နိုင်ငံ့ ခေါင်းဆောင်ကြီးတွေထဲမှာရိုမင်-အင်ပါယာ Claudius ဗြိတိန်-ဝန်ကြီးချုပ် Winston Churchill တို့ဟာ Stammers တွေ ဖြစ်ကြတယ်။ လက်ရှိနာမယ်ကြီးတွေထဲမှာ ဂေါက်သီးဆူပါစတား Tiger Woods အမေရိကန် ဒုသမတ Joe Baiden တို့ဟာလည်း Stutters တွေ ဖြစ်ကြပါတယ်။ မထစ်ဘဲနဲ့တော့ ထစ်ချင်မနေနဲ့။ Dr. တင့်ဆွေ ၆-၁ဝ-၂ဝ၁ဝ ၂၇-၂-၂ဝ၁၄
Posted on: Fri, 28 Feb 2014 01:46:56 +0000

Trending Topics



in-left:0px; min-height:30px;"> have known most of you from before Facebook, so I care about you
nice1 to all who shared viewed the new vid (y) over 2000 hits in 2

Recently Viewed Topics




© 2015