Stay နဲ့ Live ဘယ်လိုကွာခြားလဲ - TopicsExpress



          

Stay နဲ့ Live ဘယ်လိုကွာခြားလဲ ? သင်တန်းသူ တစ်ယောက်က မေးလာပါတယ်၊ “stay နဲ့ live ဘာကွာပါသလဲ” ဆိုတဲ့ မေးခွန်းနဲ့ အစချီပြီး “ခုသူတို့က အဆောင်မှာ နေတာပါ၊ အဲဒါကို We live in a hostel. လို့သုံးရမလား We stay in a hostel. လို့သုံးရမလား သူငယ်ချင်းတွေကြားထဲမှာ အငြင်းပွားနေလိုပါ” လို့ facebook message က မေးလာပါတယ်။ ဒါကြောင့်မို့ ပိုပြီး ပြည့်ပြည့်စုံစုံ ဖြစ်သွားအောင် stay နဲ့ live က နေသည် လို့ မြန်မာလို အဓိပ္ပာယ်ဆင်တူပေမဲ့ မတူညီတဲ့ အသုံးအနှုန်းပုံစံတွေကို ရေးသားလိုက်ပါတယ်။ Stay (v) - နေသည် - Stay until the rain has stopped. မိုးတိတ်တဲ့ အထိ နေပါလား။ - Can you stay after work to play tennis? မင်း အလုပ်ပြီးရင် တင်းနစ် ကစားဖို့ နေလို့ ရမလား။ - Stay here until I come back. ငါ ပြန်လာတဲ့အထိ ဒီမှာပဲ နေပါလား။ - I can only stay a few minutes. ငါ ခဏလေးလောက်ပဲ နေနိုင်မယ်။ Stay (v) - နေသည်၊ ထားသည်၊ ရှိသည်၊ (ဆက်ဖြစ်သည့်၊ ဆက်လုပ်သည့် အဓိပ္ပာယ် ဆောင်ပါသည်။) - The shops stay open until 9 o’ clock. ဆိုင်တွေက ၉-နာရီအထိ ဖွင့်နေသေးတယ်။ - They stay friends after their divorce. သူတို့ ကွားရှင်းပြတ်စဲ ပြီးတော့ သူငယ်ချင်း တွေ ဖြစ်နေသေးတယ်။ - Everything has stayed the same. အရာအားလုံးဟာ အရင်တိုင်းပါပဲ။ Stay (v) - ခတ္တနေသည်၊ တည်းခိုသည်။ - We stay in a hotel. ကျွန်တော်တို့ ဟော်တယ်မှာ တည်းတယ်။ - It’s late – why don’t stay in my house? နောက်ကျနေပြီ၊ အိမ်မှာပဲ အိပ်လိုက်ပါလား။ - I stayed in Mandalay for two weeks then I flew home. - ကျွန်တော် မန္တလေးမှာ ၂-ပတ်လောက် ခဏနေပြီး အိမ်ပြန်လာခဲ့တယ်။ (I fly home သည် လေယာဉ် နဲ့ ပြန်လာသည်ကို ဆိုလိုပါတယ်။) Stay (n) - အလည်အပတ် နေခြင်း၊ ညအိပ်ခြင်း - A two weeks stay with my uncle - A short/ long stay in a hotel ************************************************************** Live (v) - ရှင်သည်၊ အသက်ရှိသည်။ - He only lived a few days after the accident. မတော်တဆ ဖြစ်ပြီးတော့ တစ်ရက်/ နှစ်ရက်လောက်ပဲ သူ အသက်ရှင်ခဲ့တယ်။ - How long do elephants live? ဆင်တွေက သက်တမ်း ဘယ်လောက်ရှည်လဲ Live (v) - နေထိုင်သည်။ - I live in Yangon. ကျွန်တော် ရန်ကုန်မှာ နေပါတယ်။ - Some students live on the University campus. တစ်ချို့ကျောင်းသား/သူတွေက တက္ကသိုလ် ပရဝဏ် မှာပဲ နေကြတယ်။ (ကျောင်းထဲမှာပဲ နေကြတယ်) Live (v) - နေသည်။ - He lived and died a bachelor. သူက လူပျိုကြီးဘဝနဲ့ အရိုးထုတ်သွားခဲ့တယ်။ - As he saved the money systematically when he was young, he can live a peaceful life now. သူငယ်ငယ်တုန်းက ပိုက်ဆံကို စနစ်တကျ စုဆောင်းခဲ့လို့ ခုအချိန်မှာ အေးအေး ချမ်းချမ်း နေနိုင်တယ်။ - John and Mary got married and lived happily ever after. ဂျွန် နဲ့ မေရီ တို့ လက်ထပ်ပြီးတော့ ပျော်ပျော်ရွှင်ရွှင် ထာဝရ နေထိုင်သွားကြတယ်။ Live (v) - ရှင်သန်နေသည်။ - The memorable days will live in my heart forever. ကျွန်တော့် နှလုံးသားထဲမှာ အမှတ်တရနေ့ရက်တွေဟာ အမြဲတမ်း ရှင်သန် နေမှာပါ။ (ဘယ်တော့မှ မမေ့နိုင်သည်ကို ဆိုလိုပါတယ်။) အေင်ကိုဦး (UMK) Read more: Stay နဲ့ Live ဘယ်လိုကွာခြားလဲ ? - Myanmar Network myanmar-network.net/forum/topic
Posted on: Mon, 19 Aug 2013 14:29:02 +0000

Trending Topics



Recently Viewed Topics




© 2015