TIME မဂ္ဂဇင်းရဲ့ - TopicsExpress



          

TIME မဂ္ဂဇင်းရဲ့ ဗုဒုဒ္ဓဘာသာဝင်အားလုံး အား သိမ်းကြုံးပြောဆိုသွားသော ဆောင်းပါးအား လုံးဝကို ရှုံ့ချပါတယ် ....... Times Magazine ၏ The Face of Buddhist Terror မြန်မာဘာသာပြန် ------------------------------------------------------------------------ Zin Minn Htet ( Yeyintnge blog မှ ) The Face of Buddhist Terror ကို ကျွန်တော်ကြိုးစား ဘာသာပြန်ထားတာပါ။ ရေးသူ Hannah Beech ရုပ်တုတစ်ခုကဲ့သို့ တည်ငြိမ်အေးချမ်းနေသော မျက်နှာရှိသည့် "ဗမာဘင်လာဒင်" ဟုအမည်တွင်သည့် ဆရာတော်က သူ၏တရားဟောခြင်းကို စတင်လိုက်သည်။ သူတို့၏ နောက်ကျောတွင်ချွေးများ ကျနေသော ပရိသတ် ရာပေါင်းများစွာက လက်အုပ်ချီလျက်ရှိသည်။ ညိုမှောင်သော သင်္ကန်းကို ၀တ်ဆင်ထားသည့် ဆရာတော်နှင့်အတူ ဂါထာတော်များ ညီညာစွာ ပူဇော်ရွတ်ဆိုသံမှာ မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သော မန်းတလေးမြို့ရှိ ကျောင်းတိုက်အတွင်း ပျံနှံလျက်ရှိသည်။ ထိုမြင်ကွင်းမှာ ငြိမ်းချမ်းသောအသွင်ဆောင်နေသော်လည်း ဦးဝီရသူ၏တရားမှာ အမုန်းတရားများနှင့် ပြည့်နှက်နေသည်။ "ဒီအချိန်က ငြိမ်နေရမဲ့ အချိန်မဟုတ်တော့ဘူး' ဟု သက်တော် ၄၆ နှစ်ရှိသော ဆရာတော်က မိန့်သည်။ သူ၏ မိနစ် ၉၀ ကြာသော တရားတော်မှာ ဗုဒ္ဒဘာသာအများစုနိုင်ငံရှိ မွတ်ဆလင်လူနည်းစုကို ရှုံချမှုများနှင့် ပြည့်နေသည်။ "ခုအချိန်က ကျွန်တော်တို့သွေးတွေ ဆူပွက်ရတော့မယ် အချိန်ပဲ" မြန်မာနိုင်ငံတွင် ဗုဒ္ဒဘာသာတို့၏သွေးများ ဆူပွက်နေသည်။ ထိုနည်းတူ မွတ်ဆလင်တို့၏ သွေးများစွားလည်း မြေကျခဲ့ရသည်။ လွန်ခဲ့သည့်နှစ်မှစ ဗုဒ္ဒဘာသာလူအုပ်ကြီးများက လူနည်းစုတို့ကို ပစ်မှတ်ထားလျက်ရှိသည်။ အစိုးရ၏ အဆိုအရ မွတ်ဆလင်လူမျိုး ဒါဇင်နှင့်ချီ သေဆုံးခဲ့ရသည်ဟု ဆိုသော်လည်း နိုင်ငံတကာ လူအခွင့်အရေးအဖွဲ့များ၏ ခန့်မှန်းချက်ကတော့ သေဆုံးသူမှာ ရာပေါင်းများစွာ ရှိသည်ဟု ဆိုသည်။ ထိုအကြမ်းဖက်မှု အများစုမှာ မြန်မာနိုင်ငံ၏ အနောက်ဖျားရှိ ရိုဟင်ဂျာဟုခေါ်သော နိုင်ငံမဲ့ မွတ်ဆလင်များအပေါ် ကြူးလွန်ခဲ့ခြင်းဖြစ်သည်။ UN ကတော့ ၄င်းတို့ကို ကမ္ဘာပေါ်တွင် အဖိနှိပ်အခံရဆုံး လူမျိုးစုဟု ဆိုသည်။ ထိုအကြမ်းဖက်မှုများ မြန်မာနိုင်ငံ၏ အလည်ပိုင်းသို့ ပျံနှံလာသောအခါ ဦးဝီရသူ၏ များစွာ ပျံနှံလွယ်သော တရားဟောများလည်း စတင်လာသည်။ ထိုအစွန်းရောက် ရဟန်းက လူဦးရေ သန်း ၆၀ ခန့်ရှိသော မြန်မာနိုင်ငံရှိ ၅ ရာခိုင်နှုန်းသော မွတ်ဆလင်များက နိုင်ငံတော်နှင့် ယဉ်ကျေးမှုကို ခြိမ်းခြောက်နေသည်ဟု မြင်သည်။ " သူတို့က မွေးဖွားနှုန်း အရမ်းမြင့်တယ်။ ကျွန်တော်တို့ (မြန်မာ)အမျိုးသမီးတွေကို ခိုးယူနေတယ်။ မုဒိန်းကျင့်နေတယ်" ဟု ၄င်းကမိန့်သည်။ " သူတို့က ကျွန်တော်တို့ နိုင်ငံကို သိမ်းပိုက်ချင်နေတယ်။ ကျွန်တော်ကတော့ ဒါမျိုးအဖြစ်မခံနိုင်ဘူး။ မြန်မာနိုင်ငံကို ဗုဒ္ဒဘာသာနိုင်ငံအဖြစ် ကျွန်တော်တို့ ထိန်းသိမ်းရမယ်။ " ဒီလို အမုန်းစကားများက လူမျိုး ၁၃၅ မျိုးရှိပြီး ရာစုနှစ်ဝက်ခန့်သော စစ်အာဏာရှင်စနစ်အောက်မှ လူးလွန့်လာစနိုင်ငံ၏ နူးညံပြီး ကွဲသျှလွယ်သော နိုင်ငံရေးစနစ်ကို ခြိမ်းခြောက်နေသည်။ အစိုးရ အရာရှိအချို့ကလည်း ရိုဟင်ဂျာ အမျိုးသမီးများကို ကလေးနှစ်ယောက်ထက် ပိုမယူရန် ကန့်သတ်သည့် ဥပဒေ ပြဒါန်းရန် ကြိုးစားနေကြသည်။ ထို့အပြင် နိုင်ငံ၏ မြောက်ပိုင်းရှိ ခရစ်ယာန်အများစု ကချင်များနှင့် အစိုးရတပ်မတော်တို့ တိုက်ခိုက်မှုများမှာလည်း ဘာသာရေးပဋိပက္ခကြောင့် ပိုဆိုးခဲ့ရသည်။ အစွန်းရောက် ဗုဒ္ဒဘာသာအယူအဆများမှာ အာရှ၏ အခြားနေရာများတွင်လည်း ပျံနှံလာနေသည်။ ယခုနှစ်တွင် သိရိလင်္ကာရှိ အဆင့်မြင့်အရာရှိများပါဝင်သော ဗုဒ္ဒဘာသာ အမျိုးသားရေးအဖွဲ့များ သြဇာတက်လာပြီးနောက် ဘုန်းတော်ကြီးများက ဦးဆောင်ပြီး မွတ်ဆလင်နှင့် ခရစ်ယာန်ဘာသာဝင်တို့၏ ပိုင်ဆိုင်မှုများကို ဖျက်ဆီးလျက်ရှိသည်။ မွတ်ဆလင်သူပုန်ထမှုကြောင့် လူပေါင်း ၅၀၀၀ ခန့် အသက်ဆုံးရှုံးခဲ့ရသော ထိုင်းနိုင်ငံတောင်ပိုင်းတွင်လည်း ထိုင်းတော်ဝင်တပ်မတော်က ပြည့်သူ့စစ်များကို ဖွဲ့စည်းလက်နက်တပ်ဆင်ပေးယုံမျှမက ဘုန်းတော်ကြီးများ ဆွမ်းခံကြွလျင် စစ်သည်များက လုံခြုံရေးလိုက်ပေးနေသည်။ ထိုသို့ ဘုန်းတော်ကြီးများနှင့် စစ်သားများ ပူးတွဲနေမှုများက မွတ်ဆလင်လူနည်းစု၏ မယုံသင်္ကာဖြစ်မှုကို ပိုဆိုးစေသည်။ီနိုင်ငံတစ်နိုင်ချင်းစီရှိ အစွန်းရောက် ဗုဒ္ဒဘာသာများ ပေါ်ပေါက်လာမှုမှာ သီးခြားသမိုင်းများရှိသော်လည်း အင်တာနက်ကို ပိုမိုအသုံးပြုလာနိုင်သည်နှင့်အမျှ Facebook ပို့စ်တစ်ခုချင်း Twitter တွီတစ်ခုချင်းနှင့်အတူ ပျံနှံနေသော ကောလဟာလများ အာဂါတတရားများက မီးထိုးပေးလျက်ရှိသည်။ အကြမ်းဖက်မှုများက နိုင်ငံနယ်နမိတ်များကို အလွယ်တကူပင် ဖြတ်ကျော်ပျံနှံလျက်ရှိသည်။ ဇွန်လအတွင်းတွင် သိန်းပေါင်းများစွာသော မြန်မာလူမျိုး ရွေ့ပြောင်းလုပ်သားတို့ အလုပ်လုပ်ရာ မလေးရှားနိုင်ငံတွင် ဗုဒ္ဒဘာသာမြန်မာအများအပြား အသတ်ခံရမှုမှာ မြန်မာနိုင်ငံရှိ မွတ်ဆလင်တို့ သေဆုံးမှုအတွက် လက်စားချေခြင်း ဖြစ်နိုင်ကြောင်း မလေးရှား တာဝန်ရှိသူများက ဆိုသည်။ ဟိန္ဒူအမျိုးသားရေးဝါဒီများ၊ မွတ်ဆလင်စစ်သွေးကြွများ၊ ခရစ်ယာန်အစွန်းရောက်များ၊ အော်သိုဒေါက်ဂျူးများ အစရှိသော ဘာသာရေးအစွန်းရောက်များကို လေ့လာရာတွင် ဗုဒ္ဒဘာသာကို အများအားဖြင့် ချန်လှပ်ထားလေ့ရှိသည်။ ကမ္လာလူအများစုအတွက် ဗုဒ္ဒဘာသာမှာ ငြိမ်းချမ်းခြင်း အကြမ်းမဖက်ခြင်းတို့၏ သင်္ကေတဖြစ်သည်။ ထိုအယူအဆများကို လွန်ခဲ့သော နှစ် ၂၅၀၀ ခန့်က ပေါ်ထွန်းခဲ့သော ဂေါတမဗုဒ္ဒမြတ်စွာဘုရားက ဟောကြားတော်မူခဲ့သည်။ သို့သော် အခြားဘာသာများကဲ့သို့ပင် ဗုဒ္ဒဘာသာဝင်များနှင့် သူတို့၏ ဘုန်းတော်ကြီးများမှာလည်း နိုင်ငံရေးနှင့် အစွန်းရောက်အမျိုးသားရေးဝါဒတို့၏ လွမ်းမိုးမှုကို ခံရလေ့ရှိသည်။ အာရှသားတို့ အင်ပါယာအုပ်စိုးမှုနှင့် ဖိနှိပ်ချုပ်ချယ်မှုတို့ကို တွန်းလှန်ခဲ့စဉ်က ဗုဒ္ဒဘာသာဘုန်းတော်ကြီးများလည်း ကိုလိုနီစနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုတို့တွင် ပါဝင်ခဲ့သည်။ အချို့က အစာငတ်ခံ ဆန္ဒပြခဲ့ကြသည်။ အသားမရှိ အရိုးပေါ်အရေတင် ပုံရိပ်များက အများပြည်သူအတွက် သူတို့၏ စွန့်လွတ်မှုကို ပြနေသည်။ အထင်ရှားဆုံးပုံရိပ်မှာ လွန်ခဲ့သော နှစ် ၅၀ ခန့်က တောင်ဗီယက်နမ် အစိုးရ၏ ဖိနှိပ်မှုကို ဆန့်ကျင်သည့်အနေနှင့် မိမိကိုယ်ကို မီးရှို့ဆန္ဒပြခဲ့သော ဆရာတော် Thich Quang Duc ၏ မီးများဝါးမျိုနေလျက် ထိုင်နေသော ပုံရိပ်ပင် ဖြစ်မည်။ ၂၀၀၇ ခုနှစ်တွင်လည်း မြန်မာဘုန်းတော်ကြီးများသည် မအောင်မြင်သော ဒီမိုကရက်အုံကြွမှုတစ်ခုကို ဦးဆောင်ခဲ့သည်။ အာဏာရှင်အစိုးရကို ဆန့်ကျင်သောအားဖြင့် သပိတ်မှောက်ကိုင်ဆောင်ထားကာ ငြိမ်းချမ်းစွာ စီတန်းဆန္ဒနေသော ရဟန်းတို့၏ ပုံရိပ်မှာ ကမ္ဘာ၏ အားပေးမှုကို ရရှိခဲ့သည်။ သို့သော် ဘယ်အချိန်တွင် လူမှုရေးတက်ကြွမှုမှ နိုင်ငံရေး စစ်သွေးကြွမှုသို့ ပြောင်းလဲသွားသနည်း? မည်သည့်ဘာသာမဆို မူလအဆိုအမိန့်တို့နှင့် မကိုက်ညီသော idea များကြောင့် အဖျက်စွမ်းအားစု တစ်ခုအဖြစ်သို့ ပြောင်းလဲသွားနိုင် စမြဲဖြစ်သည်။ ယခုအခါသည် ဗုဒ္ဒဘာသာ၏ အလှည့်ပင် ဖြစ်သည်။ Credit to : ThuThu ZawMin
Posted on: Sat, 22 Jun 2013 08:07:10 +0000

Trending Topics



Recently Viewed Topics




© 2015