Technical အပိုင်းမှာ ရှုထောင့် - TopicsExpress



          

Technical အပိုင်းမှာ ရှုထောင့် ၈ခု စံသတ်မှတ်ချက် အခု ၂၀၀ နဲ့ ရွေးချယ်ပါတယ်တဲ့... ဦးဆက်အောင် ဥပမာ ပေးတဲ့အထဲမှာတော့ ရှုထောင့် ၁ က ဈေးနှုန်းပါတဲ့... ကုမ္မဏီက ရောင်းချမယ့် Handset ဈေးနှုန်း, Sim Card ဈေးနှုန်း (အလကား ပေးမှာလား၊ မပေးရင် ဘယ်လောက်ယူမလဲ), ဖုန်းပြောတဲ့ ဈေးနှုန်း, SMS ဈေးနှုန်း, Internet Data ဈေးနှုန်း စသဖြင့်ပါတဲ့။ အသက်သာဆုံး ပေးနိုင်မယ့်သူကို အမှတ်ပိုပေးပါသတဲ့။ ရှုထောင့် ၂ - မြန်မာတစ်နိုင်ငံလုံးမှာ ဆိုင်ခွဲပေါင်း ဘယ်လောက်များများ ဖွင်မလဲ (ဝယ်ယူရတာ လွယ်ကူစေဖို့)။ နယ်မြေဒေသအလိုက် ဆိုင်ခွဲအရေအတွက်ကို တင်ပေးရတယ်လို့ ပြောပါတယ်။ ရှုထောင့် ၃ - ဖုန်းပြောရင်း ဆက်သွယ်မှု ပြတ်တောက်နိုင်တဲ့ % ကိုလဲ တင်ပေးရပါသတဲ့။ International Standard ကို အခြေခံပြီးတော့ တင်ပေးရတယ်လို့ ဆိုပါတယ်။ % အနည်းဆုံးက အမှတ်အများဆုံး ဖြစ်ပါမယ်တဲ့။ Corporate social responsibility (CSR) ဘယ်လောက်ရှိမယ်၊ မြန်မာအလုပ်သမား ဘယ်လောက် % အထိ ခန့်မှာလဲ စတဲ့ စံနှုန်းတွေနဲ့ တိုက်ရွေးချယ်ပါသတဲ့။ အဲ့ထဲမှာဆိုရင် ၅နှစ်အတွင်းမှာ မြန်မာနိုင်ငံ ဧရိယာရဲ့ ၇၅%ကို ဆယ်သွယ်နိုင်ပြီး ဖြစ်ရပါမယ်တဲ့... အဲ့မှာမှ ၅နှစ်အတွင် % များများ ပိုရလာအောင် လုပ်ပေးနိုင်မယ့် ကုမ္မဏီက အမှတ်ပိုရမယ်ပေါ့။ Technical Package မှာ ရလာတဲ့ အမှတ်တွေကို ကြည့်ပြီးတော့ ပျမ်းမျှတွက်ချက်ပြီး ပျမ်းမျှအထက်ရတဲ့ ကုမ္မဏီတွေရဲ့ Finical Package ကိုပဲ ဖွင့်ဖတ်ပါသတဲ့။ Package နှစ်ခုလုံး စစ်ဆေးပြီးတဲ့အခါမှာ အမှတ်အများဆုံးရတဲ့ ကုမ္မဏီတွေထဲကမှ ၁ နဲ့ ၂ ကို တင်ဒါအောင်အဖြစ် ရွေးတယ်။ ၃ ကို အရံထားပါတယ်တဲ့။ ရွေးချယ်တာကလဲ နိုင်ငံတကာ Consultant အဖွဲ့အစည်းကြီး တစ်ခုကို ငှားရမ်းပြီး ရွေးချယ်ကြတာပါတဲ့။
Posted on: Fri, 28 Jun 2013 10:34:31 +0000

Trending Topics



Recently Viewed Topics




© 2015