Telenor အကြောင်း - TopicsExpress



          

Telenor အကြောင်း တစေ့တစောင်း Pyae Phyo Naing (SQUAR Team) ဇွန်လ ၂၇ ရက်နေ့မှာတော့ အစိုးရက ကတိပေးထားတဲ့ အတိုင်း ဆက်သွယ်ရေး တင်ဒါအောင်ထားတဲ့သူတွေကိုကြော်ငြာ ခဲ့ရာမှာ နော်ဝေးအခြေစိုက် Telenor နဲ့ ကာတာအခြေစိုက် Ooredoo ကို ပင်မရွေးခြယ်ခဲ့ပြီး အရန်ကုမ္ပဏီတွေ အဖြစ် ပြင်သစ်ကုမ္ပဏီ Orange နဲ့ ဂျပန်အခြေစိုက် Marubeni ကိုရွေးခြယ်ခဲ့ပြီး အများစု ထင်ကြေးပေးခဲ့ကြတဲ့ Digicel နဲ့ Singtel တို့မပါဝင်လာခဲ့ကြပါဘူး။ Telenor ကတော့ နော်ဝေးနိုင်ငံက ကုမ္ပဏီတစ်ခုဖြစ်ပြီး နိုင်ငံမြို့တော် အော်စလိုနားက Baerum မြို့မှာ အခြေစိုက်ပါတယ်။ ၁၈၅၅ ခုနှစ်ထဲက စတင်တည်ထောင်ခဲ့တာ ဖြစ်လို့ ခိုင်မာမှု ရှိတဲ့ ကုမ္ပဏီ တစ်ခုလို့ ဆိုရမှာပါ။ Scandinavia ဒေသ၊ အရှေ့ဥရောပဒေသ နဲ့ အာရှတိုက်တို့မှာ ၀န်ဆောင်မှုအကြီးအကျယ် ပေးနေပြီး ကမ္ဘာ့အကြီးဆုံး Telecommunication ကုမ္ပဏီ တွေထဲက တစ်ခုအပါအ၀င် ဖြစ်ပါတယ်။ နိုင်ငံ ၁၂ခုရဲ့ အဓိက Network Operator အဖြစ်ရပ်တည်နေသလို နိုင်ငံပေါင်း ၃၀ကျော်မှာလည်း တစ်စိတ်တစ်ပိုင်း အနေနဲ့ ပါဝင်ဆောင်ရွက်နေပါတယ်။ Telenor ကိုအဓိက ပိုင်ဆိုင်သူကတော့ နော်ဝေးအစိုးရ ဖြစ်ပြီး ရှယ်ယာစုစုပေါင်းရဲ့ ၅၄% အထိပိုင်ဆိုင်ထားပါတယ်။ Telenor ဟာ နော်ဝေးနိုင်ငံ ရဲ့ အဓိက စတော့အိတ်ချိန်းဈေးကွက်ဖြစ်တဲ့ အော်စလိုစတော့ဈေးကွက်မှာ ထိပ်ဆုံးတန်ဖိုးအရှိဆုံး ကုမ္ပဏီ ၃ခုထဲမှာ အပါအ၀င်ဖြစ်ပါတယ်။ မေလ ၂၀၁၃ အထိ တွက်ချက်မှုအရ ကုမ္ပဏီရဲ့ တန်ဖိုးဟာ နော်ဝေးနိုင်ငံသုံးငွေကြေး kr 197 billion (1 US$= 9 kr) အထိတန်ဖိုးရှိပါတယ်။ Telenor အဓိက Telephone Operator အဖြစ်ဆောင်ရွက်နေတဲ့ နိုင်ငံတွေကတော့ ဘင်္ဂလားဒေရှ့်၊ ဘူဂေးရီးယား၊ ဒိန်းမတ်၊ ဖင်လန်၊ ဟန်ဂေရီ၊ အိန္ဒိယ၊ မလေးရှား၊ မွန်တီနီဂရိုး၊ ပါကစ္စတန်၊ ဆားဘီးယား၊ ဆွီဒင်၊ ထိုင်း၊ ယူကရိန်း၊ ရုရှား နဲ့ အီတလီတို့ပဲ ဖြစ်ပါတယ်။ အခုတော့ ကျွန်တော်တို့ မြန်မာ နိုင်ငံကိုပါ ထည့်သွင်းရတော့မှာပေါ့။ (Full Premium Now Free)
Posted on: Thu, 27 Jun 2013 15:39:30 +0000

Trending Topics



Recently Viewed Topics




© 2015