The - TopicsExpress



          

The Internship ကျနော်ဒီရက်ပိုင်းမှာ Movies လေးတွေပြန်ကြည့်ဖြစ်ပါတယ်။ ကွန်ပျူတာသမားဆိုတော့ ကွန်ပျူတာနဲ့ပတ်သက်တဲ့ကားတွေဆို ပိုပြီးစိတ်ဝင်တစားနဲ့ကြည့်ဖြစ်ပါတယ်။ The Social Network, Jobs , Internship စသဖြင့်ပေါ့။ ဒီကားတွေမှာ ရှေ့ကား ၂ကားကတော့ အိုင်တီလောကရဲ့နာမည်ကြီး၂ယောက်ရဲ့ဘ၀တွေကို ရိုက်ထားတာဖြစ်တော့ စိတ်ဝင်စားဖို့ကောင်းတဲ့အပြင် ဗဟုသုတတွေ ပြီးတော့ အိုင်တီသမားတစ်ယောက်ရဲ့ ကြိုးစားမူတွေကိုတွေ့မြင်ခံစားရမှာဖြစ်ပါတယ်။ ကျနော်အခုပြောချင်တာကတော့ Internship ဆိုတဲ့ကားလေးပါ။ ဇာတ်လမ်းလေးကတော့ သူငယ်ချင်း ၂ယောက် အလုပ်ပြုတ်သွားတဲ့နောက် Google မှာ Intern အဖြစ်ဝင်လုပ်တဲ့ကားလေးပါ။ အသက်ခပ်ကြီးကြီး သူငယ်ချင်း ၂ ယောက်အနေနဲ့ အသက် ၂၀ ကျော် ကလေးတွေနဲ့ Google မှာကြိုးစားကြပုံတွေကိုရိုက်ပြထားတာပါ။ အဲဒီမှာ Google ရဲ့ သူတို့ရဲ့ အလုပ်သမားတွေအပေါ် ဘယ်လိုဂရုစိုက်တာ အလေးထားတာတွေပါ ပြသသွားပါတယ်။ ပြီးတော့ အိုင်တီသမားတွေ အလုပ်ဘယ်လိုလုပ်သင့်လည်းဆိုတာလည်း ထောက်ပြထားပါတယ်။ ဘ၀မှာ အခက်အခဲတွေ့လာရင် မလျော့သောဇွဲနဲ့ ကြိုးစားသင့်ပုံလေးကိုလည်း ဒီကားလေးမှာတွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့် အိုင်တီပညာကိုလေ့လာလိုက်စားနေတဲ့သူတွေအတွက် အချိန်ရတယ်ဆိုရင် ဒီကားလေးကိုကြည့်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်ခင်ဗျာ။ ကြည့်မယ်ဆိုတဲ့သူတွေအတွက် ကြည့်ဖို့လင့်လေးကိုပါထည့်ပေးလိုက်ပါတယ် ခင်ဗျာ။ viooz.co/movies/19780-the-internship-2013.html IT4M Admin Team friendszone75.blogspot/2013/10/the-internship.html
Posted on: Sun, 27 Oct 2013 09:29:37 +0000

Trending Topics



Recently Viewed Topics




© 2015