Thit Htoo Lwin blog 8 minutes - TopicsExpress



          

Thit Htoo Lwin blog 8 minutes ago မန္တလေးယာဉ်ထိန်းရဲတစ်ဦး အပြုံးရှင်ဆုရ မန္တလေး၊ အောက်တိုဘာ ၁ မန္တလေးတိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး ယာဉ်ထိန်းရဲ တပ်ဖွဲ့စုမှ ရဲတပ်ကြပ်ကြီး သန့်ဇော်မင်းကို မန္တလေးမြို့ အခြေစိုက် လူမှုကူညီရေးအသင်း တစ်သင်းဖြစ်သည့် လောကပါလ အသင်းက အမြဲတမ်းပြုံးနေသူ အဖြစ် အမည်ရသော (Eversmile) အပြုံးရှင်ဆု ဂုဏ်ပြုပေးအပ်ခဲ့ကြောင်း အဆိုပါဆု ချီးမြှင့်ခြင်း အခမ်းအနားအရ သိရသည်။ အဆိုပါ ရဲတပ်ကြပ်ကြီး သန့်ဇော်မင်းသည် တာဝန်ကျ လမ်းပိုင်း၌ တာဝန်ထမ်းဆောင် နေချိန်တွင် မျက်နှာအမြဲတမ်း ပြုံးရွှင်နေသည်ကို ထူးထူးခြားခြား တွေ့မြင်ရပြီး ကျန်ဝန်ထမ်း များ အားကျအတုယူစေရန် အတွက် ယင်းကဲ့သို့ ဆုချီးမြှင့်ရခြင်း ဖြစ်ကြောင်း လောကပါလ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးမြင့်သိန်း က ပြောကြားသည်။ အဆိုပါ အမြဲတမ်းပြုံးရွှင်စွာ တာဝန်ထမ်းဆောင်နေသည် ဟုဆိုသော ရဲတပ်ကြပ်ကြီး သန့်ဇော်မင်းကို မန္တလေး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းဝင်များ နှင့် UD Group မှ ဒါရိုက်တာ ဦးခင်မောင်ဝင်း၊ မန္တလေး သတင်းပုံရိပ်များအဖွဲ့ တို့က ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ရာ ဆုကြေး ငွေစုစုပေါင်း လေးသိန်းရှစ်သောင်းကျပ် ရရှိသည်။ ယင်းကဲ့သို့ ပြည်သူများကိုယ်စား ယာဉ်ထိန်းရဲတပ်ဖွဲ့ ဝင်များကို ဆုချီးမြှင့်ခြင်းသည် ထူးခြားမှုတစ်ခု ဖြစ်ပြီး ယခင်က ပြည်သူများက ယာဉ်ထိန်းရဲများ အပေါ်တွင် အထင်လွဲခဲ့ခြင်းများ ရှိခဲ့သော်လည်း ယခုအခါ ယင်းအထင်အမြင် လွဲခြင်းများ တဖြည်းဖြည်း လျော့ကျလာကြောင်း မန္တလေးတိုင်းဒေသကြီး ယာဉ်ထိန်း ရဲတပ်ဖွဲ့မှ ရဲမှူးသိန်းကိုကိုက ပြောကြားသည်။ "ပြည်သူတွေက ဒါမျိုးဆု (Eversmile) ကိုပေးတာ အရမ်းဂုဏ်ယူ ဝမ်းမြောက်မိပါတယ်။ ရှေ့ဆက်လည်း ဒါမျိုး ပြုံးပြုံးရွှင်ရွှင်နဲ့ လမ်းတွေပေါ်မှာ ဆက်လက် တာဝန်ထမ်းဆောင် သွားမှာပါ" ဟု Eversmile ဆု ချီးမြှင့်ခြင်းခံရသူ ရဲတပ်ကြပ်ကြီး သန့်ဇော်မင်းက ဆိုသည်။ "အထူးသဖြင့် စည်ပင်သာယာ ဝန်ထမ်းတွေ၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ရဲတပ်ဖွဲ့တွေ၊ အဲဒါတွေဆိုရင် အရင်က အများပြည်သူကို မောက်မောက် မာမာနဲ့ ဆက်ဆံခဲ့တာလေ။ ပြည်သူတွေပေးတဲ့ လစာကို စားနေမှတော့ ပြည်သူတွေကို ဒီလိုမျိုး ပြုံးပြုံးရွှင်ရွှင်နဲ့ ဆက်ဆံတယ် ဆိုတာ ကောင်းပါတယ်။ ပေးလည်းပေးသင့်ပါတယ်" ဟု မန္တလေးမြို့ခံ စာရေးဆရာ တစ်ဦးက သုံးသပ်ပြောဆိုသည်။ (၄၉) နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြု သောအားဖြင့် အမှတ်(၃) ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူး ဒုရဲမှူးကြီး အောင်ကိုဦးကို ဂါရဝဆု၊ အမှတ် (၁၁) ယာဉ်ထိန်းရဲတပ်ဖွဲ့ ခွဲမှူး ရဲမှူးသိန်းကိုကိုကို မန္တလာမြေမှ ဝန်ထမ်းကောင်းဆုံးဆု ချီးမြှင့် ခဲ့ကြသည်။
Posted on: Thu, 03 Oct 2013 01:10:56 +0000

Trending Topics



Recently Viewed Topics




© 2015