Threshold အမည်ရှိ Windows - TopicsExpress



          

MM

Threshold အမည်ရှိ Windows ဗားရှင်းသစ်နှင့်စပ်လျဉ်း၍ ဆွေးနွေးမှုများပြုလုပ်မည် Wednesday, January 15, 2014 Microsoft ကုမ္ပဏီသည် ဧပြီလတွင် ပြုလုပ်မည့် BUILD ဆွေးနွေးပွဲတွင် Threshold ဟု အမည်ဝှက် ပေးထားသော Windows ဗားရှင်းသစ်နှင့်စပ်လျဉ်း၍ ဆွေးနွေးမှုများပြုလုပ်သွားမည်ဖြစ်သည်ဟု Windows လေ့လာစောင့်ကြည့်သူ ပူလ်သာရော့က ပြောကြားသည်။ အဆိုပါဗားရှင်းသစ် Windows 9 ကို တစ်နှစ်အကြာတွင် ဖြန့်ချိသွားမည်ဖြစ်သည်ဟု သာရော့က ပြောသည်။ Threshold နှင့်စပ်လျဉ်း၍ အသေးစိတ်ပြောကြားခြင်းမရှိသော်လည်း အကြောင်းအရာအနည်းငယ်ကိုမူ ပြောကြားလျက်ရှိ သည်။BUILD ဆွေးနွေးပွဲတွင်လည်း ဗားရှင်းသစ်နှင့်စပ်လျဉ်း၍ အသေးစိတ်ပြော ကြားသွားမည်မဟုတ်ကြောင်းနှင့် ဗားရှင်းသစ်ကို ဧပြီလအထိ ထုတ်လုပ်မှုစတင်နိုင်မည်မဟုတ်ကြောင်း သာရော့က ပြောကြားသည်။ ကုမ္ပဏီအနေဖြင့် ဗာရှင်းသစ်ကို အကြမ်းဖျင်းဖော်ပြသွားမည်ဖြစ်ပြီး Threshold တွင် မည်သည့်အရာများပါဝင်မည်နှင့် စပ်လျဉ်း၍လည်း ဆွေးနွေးမှုများ လုပ်ဆောင်သွား မည်ဖြစ်သည်။ Microsoft ကုမ္ပဏီသည် Longhorn စီမံကိန်း၏ ပွင့်လင်းမြင်သာမှုနှင့် မျှဝေမှုတို့အကြား အလယ်အ လတ်အဆင့်ရောက်ရှိရန် ကြိုးပမ်းလျက်ရှိပြီး Windows 7 နှင့် Windows 8 တို့၏ လျှို့ဝှက်ချက်သည် ကုမ္ပဏီကို စတီဗင်ဆီနိုဗ်စကီ တာဝန်ယူလုပ်ကိုင်မှု၏ ၀ိသေသလက္ခဏာဖြစ်ခဲ့သည်။ ဗားရှင်းသစ်သည် အသုံးပြုသူများ ပိုမိုသဘောပေါက်လက်ခံလွယ်သောအရာများကို လုပ်ဆောင်နိုင် မည်ဟု မျှော်မှန်းထားသည်။Windows 8 ၏ ပြဿနာများဖြစ်သော ရှေ့နောက်မညီသောချဉ်းကပ်မှု၊ သင်ကြားမှုကင်းမဲ့ခြင်း၊Windows 8 နှင့် Win-dows RT အကြား ပြတ်ပြတ်သားသားကွဲခြားနိုင်မှုမရှိခြင်း စသည့်ပြဿနာများကို Windows 8ထုတ်လုပ်စဉ်က Microsoft ကုမ္ပဏီအတွင်းနှင့် ပြင်ပတွင်ပါသိရှိ ခဲ့ပြီးဖြစ်သည်။ Windows 8ကို ဖြန့်ချိစဉ်က ပြဿနာများရှိခဲ့ကြောင်း၊ Windows 8.1 သည် ယင်း ပြဿနာများကို အနည်းငယ်ဖြေရှင်းခဲ့သော်လည်း လုံလောက်မှုမရှိခြင်း ဖြစ်ကောင်း ဖြစ်နိုင်သည်။ အဆိုပါဗားရှင်းသစ်ကြေညာမှုနှင့်အတူ Microsoft ကုမ္ပဏီသည် Windows များအပေါ် စိတ်ဝင်စားမှုများ မြှင့်တင်ရန်မျှော်မှန်းထားသည်။Longhorn စီမံကိန်းသည် Microsoft ကုမ္ပဏီက သီအိုရီအတွင်း ဖြေရှင်း ရန်ခက်ခဲသောအရာများကို ကတိပြုခဲ့ခြင်း ဖြစ်သည်။ ယင်းပြဿနာများသည် လေ့ကျင့်မှုကို ဖြေရှင်းရာ တွင် တစ်သမတ်တည်းဖြစ်စေခဲ့ခြင်းကြောင့် Microsoft ကုမ္ပဏီက ကတိပြုထားသော software များ မပေးပို့နိုင်ခြင်းသည် အနည်းငယ်သာ အံ့သြဖွယ်ဖြစ်ခဲ့သည်။Thershold ကြေညာမှုသည် သုံးစွဲသူများ အား အမှန်တကယ်စိတ်ဝင်စားမှုများ ဖြစ်ပေါ်စေမည်ဖြစ်သည်။ Microsoft အစီအစဉ်များသည် သမိုင်းမှတ်ကျောက်တင်မည့် တည်ဆောက်မှုသုံးခု ဖြစ်လာမည်ဖြစ် သော်လည်း မည်သည့်အစီအစဉ်ကို လူသိရှင်ကြားပြုလုပ်သွားမည်နှင့် စပ်လျဉ်း၍ မသိရှိသေးကြောင်း သာရော့က ပြောကြားသည်။ Mizzima - News in Burmese
Posted on: Wed, 15 Jan 2014 05:58:47 +0000

Trending Topics



Recently Viewed Topics




© 2015