Tuesday, July 23, 2013 Telenor က - TopicsExpress



          

Tuesday, July 23, 2013 Telenor က ဖုန်းဆင်းကတ်ကို မြန်မာကျပ်ငွေ ၁၅၀၀ အောက်၊ ပြောဆိုခ တစ်မိနစ်လျှင် ၂၅ ကျပ်ထက် နည်းစေရန်၊ ဆင်းကတ်ဝယ်ယူနိုင်မည့်နေရာ ၇၀၀၀၀ နီးပါးနှင့် ငွေဖြည့်ကတ်ဝယ်ယူနိုင်ရန်နေရာ နေရာပေါင်း ၉ သိန်းမှ ၁၀ သိန်းအထိ သတ်မှတ်ဆောင်ရွက်မည် Telenor Group အနေဖြင့် ဆက်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုများပေးရန်အတွက် ဝန်ဆောင်ခ နှုန်းထားများကို သတ်မှတ်ခဲ့သည်။ ပြည်တွင်း လူတိုင်းအသုံးပြုနိုင်စေရန် Sim Card ကို မြန်မာကျပ် ငွေ ၁,၅၀၀ အောက်ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။ ဖုန်းပြောဆိုခအနေဖြင့် တစ်မိနစ်လျှင် ၂၅ ကျပ်ထက် နည်းအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Telenor Myanmar ၏ အမှုဆောင်အရာရှိချုပ် (CEO) Petter Furgberg က ၂၀၁၃ ခုနှစ် ၇လ ပိုင်း ၁၇ ရက်နေ့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ Telenor Group မှ ရောင်းချသော Sim Card များအား ၀ယ်ယူနိုင်ရန် မြန်မာတစ်နိုင်ငံလုံး၌ နေရာပေါင်း ၇ သောင်းနီးပါးနှင့် ငွေဖြည့်ကတ် ဝယ်ယူနိုင်ရန် နေရာပေါင်း ၉ သိန်း မှ ၁၀ သိန်းအထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။ “ကျွန်တော်တို့ဟာ လုပ်ငန်းလိုင်စင်လက်ဝယ်ရရှိပြီးနောက် ကွန်ရက်ချိတ်ဆက်မှုကို စတင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အဲ့ဒီလို ဆောင်ရွက်တဲ့နေ ရာမှာ 2G စနစ်ရော 3G စနစ်ကိုပါ ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု Mr. Petter Furgberg က ပြောသည်။ မြန်မာတစ်နိုင်ငံလုံးအနှံ့ Telenor ၏ ဝန်ဆောင်မှုများကို အသုံးပြု၍ ရရှိအောင်ဆောင်ရွက် သွားမည်ဟု ဆိုသည်။ လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် ကောင်းမွန်သည့် ကွန်ရက်ချိတ် ဆက်မှုဖြစ်စေရန် ပထမအချက်အနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သင့်တော်သည့် ဈေးနှုန်းနှင့် လူတိုင်းအသုံးပြုနိုင်အောင် ဝန်ဆောင်မှုကို ဒုတိယအချက် အနေဖြင့် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ဆိုသည်။ တတိယအချက်အနေဖြင့် မိုဘိုင်းဆက်သွယ်ရေးဆိုင်ရာ ကုန်ပစ္စည်းများအား ဖြန့်ချိပေးသွားမည်ဖြစ်ကြောင်း သိရသည်။ “ကွန်ရက်ချိတ်ဆက်မှုက အရေးကြီးဆုံးပါပဲ။ လိုင်စင် လက်ဝယ်ရရှိပြီး ၈ လအတွင်းမှာ ကွန်ရက်ချိတ်ဆက်မှုကို ဆောင်ရွက်မှာဖြစ်ပြီး ၅ နှစ်အတွင်းမှာ တစ်နိုင်ငံလုံး အသုံးပြုနိုင်အောင် ဆောင်ရွက်မှာဖြစ်ပါတယ်” ဟု ဆက်လက်ပြောကြားသည်။ မိုဘိုင်းဖုန်းကွန်ရက်ဖြန့်ကျက်ခြင်းအပြင်အင်တာနက်ကွန်ရက် ဖြန့်ကျက်ခြင်းကိုလည်း ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ လက်ရှိ Telenor Myanmar အမှုဆာင်စီမံခန့်ခွဲမှု အဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ၎င်းခန့်အပ်မှု အားလုံးသည် မြန်မာနိုင်ငံအစိုးရ၏ အတည်ပြုမှုကို စောင့်ဆိုင်းနေ သည်ဟု ဆိုသည်။ Telenor Group အနေဖြင့် ဆက်သွယ်ရေးအော်ပရေတာ လိုင်စင် ရရှိပြီးနောက် အခြား ဆက်သွယ်ရေးအော်ပရေတာသုံးခုနှင့်အတူ မြန်မာနိုင်ငံအတွင်းရှိ ဆက်သွယ်ရေးဝန်ဆောင်မှုများအား ယှဉ်ပြိုင်ဆောင်ရွက်ရမည် ဖြစ်ကြောင်း သိရသည်။ ထွန်းထွန်း ရန်ကုန်၊ ဇူလိုင် ၁၈ Internet Journal
Posted on: Wed, 24 Jul 2013 03:49:19 +0000

Trending Topics



Recently Viewed Topics




© 2015