Viber free call & free - TopicsExpress



          

Viber free call & free massage မှာအကောင့်လျှောက် ရင် Messages တွေရောက်နေရင် သူများကိုထပ်ပို့ရမလား ? Myanmar Mobile App / သက်နိုင်စိုး / 3 hours ago Viber ဆိုတာ Free calls, text and picture sharing with anyone, anywhere! လို့ တရားဝင်ပြောထားပြီးသားဖြစ်ပါတယ်။ Viber သုံးစွဲသူအများစု ဟာ ရွှေပေလွှာ အမျိုးအစား Message တွေ Group လိုက် လက်ခံရရှိနေပါတယ်။ August ၁ ရက်နေ့က စပြီးမသုံးစွဲဘဲ Account ဖွင့်တဲ့သူတွေများလာတဲ့ အတွက်ကြောင့် SMS ပို့ရင် ပိုက်ဆံကောက်ပါတော့မယ် ဆိုပြီးတော့ပါ။ အကယ်၍ ပိုက်ဆံမပေးချင်ရင်တော့ မင်းရဲ့လိပ်စာ စာအုပ်ထဲ ကလူ ၁၀ ယောက်ကို ဒီစာကိုပိုလိုက်ပါ ဒါဆိုရင် မင်းရဲ့ Account ကို အစစ်လို့ ယုံကြည်လိုက်ပါမယ် ၉ ရက်အတွင်း မပို့ခဲ့ရင်တော့ မင်းရဲ့ Sim Card ထဲကနေ ပိုက်ဆံဖြတ်သွားမယ်လို့ ရေးထားပါတယ်။ နည်းပညာ အရ Viber ဟာ MPT က Sim Card ကို ပိုက်ဆံဖြတ်ယူလို့ မရနိုင်ပါဘူး။အကယ်၍ သူတို့သာ အမှန်တကယ် ပိုက်ဆံကောက်ချင်ရင် viber/ ဆီမှာသာ ပိုက်ဆံသွင်းရမှာဖြစ်ပါတယ်။ Viber မှာ SMS နဲ့ Viberအချင်းချင်း Call အတွက် ပိုက်ဆံသွင်းရတာ မရှိပါဘူး။ Skype တို့ Pfingoတို့သာဖုန်းတိုက်ရိုက် ခေါ်ချင်ရင် ငွေဖြည့်သွင်းရတာသာရှိပါတယ်။ ဒါကြောင့် ကိုယ့် Contacts ထဲကလူတွေ ကို Message ပို့စရာမလိုအပ်ပါဘူး ကိုယ့်ကြောင့် သူများစိတ်အနှောက်အယှက် ထပ်ဖြစ်သွားစေရုံပါဘဲ။ ခင်မင်လျှက် ညီကေး (Myanmar Mobile Users Group)
Posted on: Fri, 09 Aug 2013 10:43:09 +0000

Trending Topics



Recently Viewed Topics




© 2015