* Voice of the Day (2) * =============== ပထမဆုံး - TopicsExpress



          

* Voice of the Day (2) * =============== ပထမဆုံး စပြောရရင် ဒ်ါအောင်တန်းစုကြည်ရဲ. Public Speaking Skills ပဲ။ ဘာစာ ရွက်မှ မကြည့် ဘာ notes မှ မရှိပဲ လက်တန်းပြောသွားလိုက်တာ အကြောင်းအရာ အားလုံးကိုလည်း ခြုံငုံ လှလှပပ လည်း အဆုံးသတ်နိုင်တယ်။ အံ့သြတာက ပြောရမယ့် အချက်တွေကို မမေ့တာပဲ။ ကျနော်တို.များ presentation skills တို. public speaking တို. တက်လိုက်ရတဲ့ သင်တန်းတွေ နာရီဝက် မပြည့်တပြည့် လုပ်ရမယ့် presentation ကို အခါ ၃၀ လောက်ကျင့်တောင် အဆင်မချောဘူး။ နောက် analysis skills ပဲ။ ဒီမှာ နေတဲ့ လူတွေရဲ. သဘော ဒုက္ခကို ကောင်းကောင်ကြီး သိတယ်။ အစမှာပဲ မလာနိုင်တဲ့ သူတွေ အလုပ်လုပ်နေရသူ အကြောင်းတွေနဲ. စပြီး ဟောပြောချက် တောက်လျှောက်လုံးမှာ အပေးအယူ ဆိုတာလေးနဲ. ယူဖို.ချည်းပဲ မဟုတ်ပဲ ပေးဖို.ကိုလည်း ပြန်စဉ်စားတတ်အောင်ပြောသွားတယ်လို. မြင်တယ်။ နောက်တချက်က ဟို သောက်ရူး ၀န်ကြီးနဲ. သမတ ပြောနေကျ ဗမာပြည်ကို စင်ကာပူနဲ. တူအောင်လုပ်မယ် လို. ပြောတာကို ပုတ်သွားတာလေး သဘောကျတယ်။ "ကျမတို. ကမ္ဘာကြီးဟာ အားလုံး တပုံစံထဲ ဖြစ်ဖို. မလိုပါဘူး။ ကျမတို.နိုင်ငံပုံစံဟာ တခြားနိုင်ငံတွေနဲ. မတူတာဆိုလို. ကောင်းတဲ့ နေရာမှာ မတူတာ ဖြစ်စေချင်ပါတယ်။ ဆိုးတဲ့ နေရာမှာ မတူတာ မဖြစ်စေချင်ပါဘူး" လို. ပြောသွားတယ်။ လာဘ်ပေးလာဘ်ယူ ကိစ္စနဲ.ပတ်သတ်ပြီး ကျနော်တို. မမြင်တဲ့အချက်ကို သူပြောသွားတယ်။ "ကျနော်တို. ရဲ. စိတ်ထဲမှာ လာဘ်ပေးလာဘ်ယူ ဆိုတာ မကောင်းဘူး၊ ရှက်စရာ ကောင်းတယ်ဆိုတဲ့ စိတ်ကလေး ရှိသေးတယ်။ ဒါကြောင့် ပြုပြင်လို. ရသေးတယ်" ဆိုတဲ့ အချက်ကို ထောက်ပြသွားတယ်။ အဲ့မှာ မြင်လိုက်မိတာက သူ.မှာ စိတ်ဓါတ်ကျတာ၊ စိတ်ပျက်တာ၊ အားငယ်တာ မရှိတာဟာ သူရဲ. နှလုံးသာထဲက အဲ့လို အကြည်ဓါတ် ကြောင့်ပဲ ဖြစ်မယ်။ လိုနေတဲ့ အချက်တွေ မြင်တယ်၊ ဒါပေမဲ့ အပြစ်မတင်ဘူး။ နောက် ကောင်းတဲ့အချက်တွေ ကိုလည်း မြင်တယ်။ အဲ့တော့ သူမှာ အားပျက် စိတ်ဓါတ်ကျ မနေပဲ ရှေ.ဆက်ဖို. အားတွေ ရှိနေပုံပဲ။ အမှိုက်ပစ်တဲ့ကိစ္စ နဲ. ပတ်သက်ပြီးလည်း "ဥပဒေနဲ.တင်မက လူတွေရဲ့ စိတ်ထဲမှာ မပစ်သင့်ဘူးဆိုတာ စွဲစွဲမြဲမြဲ ဖြစ်သွားအောင် လုပ်ပေးရမယ်" လို.ပြောသွားတယ်။ သူ.တုန်းကဆို စာသင်ကျောင်းက ကျင့်ပေးလိုက်တဲ့ အကျင့်ကောင်းဟာ တသက်စာ မြဲခဲ့တဲ့ အကြောင်းပြောသွားတယ်။ ကျနော်တို.ကိုရော စာသင်ကျောင်းတွေက ကောင်းတဲ့ အကျင့်တွေ မကျင့်ပေးလိုက်ဘူးလား။ ကျင့်ပေးလိုက်တာပဲ။ တသက်စာ မစွဲမြဲဘူး။ ဘာလို.လဲ။ တချက်က ကျနော်တို.ကိုယ်တိုင်က စိတ်ဓါတ်မခိုင်မာဘူး။ အဲ့လို စိတ်ပျော့ညံ့တဲ့လူတွေက ပညာတတ်၊ အကျင့်ကောင်း၊ ရိုးသား၊ ကြိုးစားတဲ့လူဆိုတာ အရူးပါကွာ ဆိုတဲ့ ခေတ်ဆိုးကြီးထဲမှာ ကြီးပြင်းရတဲ့အခါ သုံးစားမရအောင် အကျင့်ပျက်သွားကြတော့တာပဲ။ နောက်ပြောသွားတဲ့ တချက်က က သူအခုလုပ်နေတာ သူသေတဲ့အခါ အကြွေးပါမသွားချင်ဘူးတဲ့။ အဲဒီစကား တော်တော် ထိသွားတယ်။ ဒီနှစ်ပြန်မယ်၊ နောင်နှစ် ပြန်မယ် နဲ. အချိန်ဆွဲနေတဲ့ ကျနော် မနက်ဖြန် သဘက်မှာများ ငါသေသွားခဲ့ရင် ဘာတွေလုပ်ပြီးပြီ လဲ ဆိုတဲ့ အတွေးက ရင်ပူစေတယ်။ မြစ်ဆုံ ကိစ္စနဲ. ပတ်သက်တဲ့ မေးခွန်းကို ဖြေသွားတာ နဲနဲ မှ ချွတ်ချော်တိမ်းစောင်းခြင်း မရှိ၊ ဘယ်နေရာ ဘယ်အချိန်မေးမေး ဒီအဖြေပဲ ဆိုတဲ့ အဖြေမျိုးကို ပေးသွားပါတယ်။ Transparency, responsibility, contract စတာတွေကို ခြုံငုံ ဖြေပါတယ်။ အန်တီ သမတဖြစ်ရင် မြစ်ဆုံ ဆည်ကြီး ရပ်ပေးမယ် ဆိုတဲ့ (သောက်) ရူးတွေ ပြောတဲ့ စကားမျိုးကို ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးဆီကရဖို. ယောင်လို.တောင် အိမ်မက်မက်ပါနဲ.။ ပထမဆုံး အိမ်ဖော် တွေနဲ. ပတ်သက်ပြီး ဖြေသွားရာကနေ ဖွဲ. စည်းပုံ အခြေခံ ဥပဒေ ပြင်ဖို. အထိ ပြောသွားတာကို ကြည့်ခြင်းအားဖြင့် သူဟာ ပြသနာကို micro level မကြည့် ဟိုး တနိုင်ငံလုံးစာ ခြုံကြည့်တဲ့ ဆိုတာ ပြတာပါပဲ။ တခြား အန်တီပြောသွားတဲ့ အချက်တွေ အများကြီးရှိပါသေးတယ်။ ကျနော်ကတော့ ကိုယ်နဲ. သက်ဆိုင်တယ် ထင်တဲ အချက်တွေကိုပဲ စွဲမှတ်နေလို.ပါ။ တခြား ဆရာ ဆရာမ များများ ဖြည့်ကြ ပြင်ကြ ရေးကြပါဦး။ အဆုံးပြောရရင် သူလိုလူ တမိုးအောက် တစ်ယောက်ထဲ ရှိတယ် ဆိုတာ သေချာပြီးရင်း သေချာလာတယ် လို.ပဲ ပြောပါရစေတော့။ ( Credit to Ma Yin Min Thaung ) Copied - Thanda Win
Posted on: Sun, 22 Sep 2013 16:18:18 +0000

Trending Topics



iv class="stbody" style="min-height:30px;">
FACT: Kobe Bryant and Steve Nash are going to be reaching some new
"... While Barnes’ study did not identify jet stream changes in

Recently Viewed Topics




© 2015