[ Voice of the Day - TopicsExpress



          

[ Voice of the Day ] ဦးဖြိုးမင်းသိန်းက မြန်မာနိုင်ငံမှ သံဃာတော်များသည် အမျိုး၊ ဘာသာ၊ သာသနာကို ထိန်းသိမ်းစောင့်ရှောက်ရန် အတွက် အစဉ်သဖြင့် ကြိုးစားခဲ့ကြသည် ဖြစ်ရာ သံဃာထု၏ လုပ်ဆောင်မှုကို ငြင်းပယ်စရာ မရှိကြောင်း၊ ယခုကဲ့သို့ လုပ်ဆောင်ရာ တွင်လည်း ဗုဒ္ဓဘာသာကို အစွန်းရောက်ဘာသာအဖြစ် မမြင်သွားစေရန် ဗုဒ္ဓဘာသာဝင် များက ကြိုးစားသွားရမည် ဖြစ်ကြောင်း ပြောသည်။ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က "လွှတ်တော် ကိုယ်စားလှယ်ဆိုတာ ပြည်သူ့ကိုယ်စားပြု ပါပဲ။ ပြည်သူ့ဆန္ဒကို ဖော်ဆောင်ရမယ့် ကိုယ်စားလှယ်တွေပါ။ ဒီဥပဒေက ပြဋ္ဌာန်းမယ်ဆို ပြဋ္ဌာန်း သင့်ပါတယ်။ တခြား ဘာသာတွေမှာ ဥပဒေထက် ပြင်းထန်တဲ့ ဘာသာရေးပြဋ္ဌာန်းချက်တွေ ရှိပြီးသား။ ဗုဒ္ဓဘာသာမှာ ဘာသာရေးပြဋ္ဌာန်းချက် ပြင်းပြင်းထန်ထန် ဘာမှမရှိဘူး။ ဒါကြောင့် ဥပဒေတစ်ခု အနေနဲ့ ပြဋ္ဌာန်းသင့်ပါတယ်" ဟု ပြောသည်။ ဇူလိုင်လ ၂ ရက်နေ့ထုတ် Flower News ဂျာနယ်ပါ “မျိုးစောင့်ဥပဒေ အမှန်တကယ် လိုအပ်ခြင်း ရှိ မရှိကို ပြည်သူများ၊ ဥပဒေပညာရှင် များနှင့် ဆွေးနွေးပြီးမှသာ လွှတ်တော်သို့ တင်ပြသင့်ဟု လွှတ်တော် အသိုင်းအဝိုင်းဆို” သတင်းမှ ကောက်နုတ်ချက်
Posted on: Wed, 10 Jul 2013 06:59:00 +0000

Trending Topics



Recently Viewed Topics




© 2015