WYTU Vs UM 2 27th october 2013 4pm @ thuwanna - TopicsExpress



          

WYTU Vs UM 2 27th october 2013 4pm @ thuwanna stadium..... ပထမဦးစွာ သူတို့ဟာ ဥက္ကဌကြီး sponsor ပေးထားတဲ့အသင်းပါ.. အုပ်စုပွဲစဉ် ပွဲတိုင်းနိုင်ခဲ့သလို. ကွာတား ဆီမီးပွဲစဉ်တွေမှာလည်း နိုင်ပွဲရခဲ့ပြီး ရာနှုန်းပြည့်နိုင်ပွဲရရှိထားပါတယ်.. ကစားပုံသုံးသပ်ရမယ်ဆိုရင် တိုက်စစ်ပိုင်းမှာ ၉ နဲ့ ၁၀ ဟာ ကစားပုံမဆိုးပေမယ့် ပထမပွဲစဉ်တွေမှာ တွေ့ခဲ့တဲ့ ( သွာဆေး မှ ၄.. မှော်ဘီမှ ၉.. မကွေးမှ ၇ ) တို့ထက် အားပျော့ပါတယ်... ကွင်းလယ်ပိုင်းကတော့ အကောင်းဆုံးပုံစံမှာရှိနေပြီး.. အဖက်ဖက်ကကောင်းမွန်တာတွေ့ရပါတယ်.. နောက်တန်းကစားပုံမှာ အနည်းငယ်ကျစ်လစ်ပေမယ့် လစ်ဘရိုကစားတဲ့ ၇ နဲ့ ၁၉ တို့ဟာ အဓိကဖြစ်ပြီး ကျန်ကစားသမားတွေကတော့ ပုံမှန်ခြေစွမ်းလောက်သာရှိပါတယ်.. ဘယ်တောင်ပံက ကြက်ဖကြီး(နံပတ် ၂၇) ကတော့ အနည်းငယ် ကစားပုံကောင်းမွန်ပြီး တိုက်စစ်ကိုပါပံ့ပိုးနိုင်ပါတယ်.. ဂိုးသမားပိုင်းမှာတော့ သာမန်ထက်မပိုတဲ့လက်စွမ်းမျိုးသာရှိပါတယ်.. အဓိကသတိထားရမှာကတော့ ၇ ဟာ လစ်ဘရိုမှာကစားပေမယ့် လိုအပ်ရင် ရှေ့ထိတက်ပြီး တိုက်စစ်ကိုလိုက်ကစားလေ့ရှိပါတယ်.. သူတက်ရင် ၁၉က လစ်ဘရိုဆင်းပါတယ်... ၇ တက်လာရင်တိုက်စစ်ပိုင်း အလွန်ကောင်းပါတယ်.... နောက် တစ်ချက်က ၈ ရဲ့ဖြတ်တင်ဘောတွေပဲဖြစ်ပြီး ကောင်းမွန် သေသပ်တာကိုတွေ့ရပါတယ်... ကျန်တာအထွေအထူးပြောစရာမရှိပါဘူး... ၂ သင်းနှိုင်းယှဉ်ရမယ်ဆိုရင်.. နေရာအလိုက် ကွာခြားချက်ကျဉ်းမြောင်းပါတယ်.. ဂိုးသမားနေရာမှာတော့ ဆေး ၂ အသင်းကသာနေပါတယ်.. နောက်တန်းကစားပုံ မတိမ်းမယိမ်းရှိပေမယ့် လစ်ဘရို ကစားသူတွေပါတာကြောင့် သူတို့သာ ဂိုးအရင် ရသွားရင် ထိုးဖောက်ရမလွယ်မယ့်သဘောပါ.. ကွင်းလယ်ချင်းယှဉ်ရင်လည်း သူမသာကိုယ်မသာပါပဲ.. ကိုယ်တွေဘက်က သော်ကြီး( ၁၉ ) ဝင်လာချိန်မှာ အသာရနိုင်ပါတယ်.. တိုက်စစ်ပိုင်းမှာ တိုက်ကြီး ဖြိုးဝေ ဆရာလေး မဲကြီး တို့က တိုးအားပိုကောင်းသယောင်ရှိပေမယ့် ၂ပွဲဆက် အလုပ်မဖြစ်ခဲ့တာ သတိပြုရပါမယ်.... နောက်ဆုံးယှဉ်ရမယ့် ၁၂ ယောက်မြောက် ကစားသမားနေရာမှာလည်း ကွာဟမှုမရှိပါဘူး... ပရိသတ် အလွန်များပြားသလို အချိန်ပြည့် အားပေးလေ့ရှိကြပါတယ်.... ခြုံပြောရမယ်ဆိုရင် နေရာအလိုက် ကစားပုံ ကွာခြားမှုနည်းပြီး ပရိသတ်ချင်းလည်း တူတူလောက်ရှိနေတဲ့ ၂ သင်းတွေ့ဆုံမှုကတော့ အနည်းငယ် စိတ်လှုပ်ရှားစရာကောင်းနေပါလိမ့်မယ်... အဓိကစကားပြောမှာက စိတ်ဓါတ်ပိုင်းပဲဖြစ်ပြီး... ကံတရားကလည်း စကားပြောလာပါလိမ့်မယ်... ဘာပဲပြောပြော နည်းပညာ ကိုယ်စားပြု WYTU နဲ့ ကျန်းမာရေးကိုယ်စားပြု UM2 တို့ပွဲကတော့ ပွဲကောင်းတစ်ပွဲဖြစ်လာပြီး ပရိသတ်တွေအနေနဲ့ နောက်ဆုံးအချိန်ထိ ရင်ခုန်စွာအားပေးရမယ့်ပွဲလို့မြင်မိပါတယ်... MRTV 4 or MNTV က တိုက်ရိုက်ထုတ်လွင့်ပြသမယ့်ဒီပွဲကို တစ်နိုင်ငံလုံးကစောင့်ကြည့်ကြမယ့်အချိန်မှာ. အင်ဂျင်နီယာလောင်းတွေပဲ အောင်ပွဲခံသွားမလား.. ဆရာဝန်လောင်းတွေကပဲ အနိုင်ရသွားမလားဆိုတာ ဘာမှပြောမရတဲ့ အခြေအနေမှာရှိနေပါပြီ... ဟုတ်ကဲ့ ဆေးတက္ကသိုလ် ၂ မှ ဘောလုံးချစ်မြတ်နိုင်သူများခင်ဗျာ.. ဒီတစ်ပတ် SUPER SUNDAY ရဲ့ အစောဆုံးပွဲစဉ်ဖြစ်တဲ့ သုဝဏ္ဏမှတိုက်ပွဲမှာ မြွေဖြူတွေနဲ့အတူရင်ခုန်စွာ စောင့်ကြည့်ကြပါစို့.......... *JB*
Posted on: Fri, 25 Oct 2013 15:18:35 +0000

Trending Topics



Recently Viewed Topics




© 2015