Watching An Avatar Can Help Woman Lose - TopicsExpress



          

Watching An Avatar Can Help Woman Lose Weight ၀ိတ်ချဖို့ ခက်သူတွေ၊ ကျန်းမာရေးနဲ့ ညီတဲ့ အကျင့်ကို ရည်ရှည် မထိန်းထား နိုင်သူတွေ အတွက် ကိုယ့်ရဲ့ကိုယ်ပွား ဇာတ် ကောင် avatar လေးတွေရဲ့ အကူအညီနဲ့ ၀ိတ်ချလို့ ရပါပြီ။ အမေရိကန် နိုင်ငံသား တွေရဲ့ သုံးပုံနှစ်ပုံ လောက်က အ၀လွန် နေကြပြီး ၀ိတ်ထိန်းဖို့လည်း ပြဿနာ ရှိနေကြ ပါတယ်။ Journal of Diabetes Science and Technology မှာ ဖော်ပြခဲ့တဲ့ လေ့လာချက် တစ်ခုအရ ကိုယ်စားပြု ဇာတ်ကောင်သုံး ၀ိတ်ချနည်းက ပေါင်အလေးချိန် တော်တော် များများကို လျော့ကျ စေမှာပါတဲ့။ သုတေသန ပညာရှင် Melissa Napolitano ဦးဆောင်တဲ့ ဒီလေ့လာချက် အရ "အချက်အလက် အမှန်ပေါ် အခြေခံတဲ့ ပုံရိပ်ယောင် စံနစ် (virtual reality) ကကျန်းမာရေးနဲ့ ညီညွတ်တဲ့ အကျင့်တွေ အမြစ်တွယ် စေနိုင်မယ့် နည်းလမ်းသစ် ဖြစ်စေမယ်လို့ ညွှန်းပါတယ်။ အကျိုးရှိတာ သေချာ သက်သေ ပြနိုင်ပြီး ရင်တော့ ဒီစနစ်ဟာ သန်းပေါင်း များစွာသော အမေရိကန် ပြည်သူတွေ အတွက် ရေရှည် ကိုယ်အလေးချိန် လျှော့ချနိုင်မယ့် အပြုအမူတွေ၊ အကျင့်ကောင်းတွေ ရရှိစေမယ့် လက်ခံ နိုင်စရာ နည်းလမ်းပါ။ ဒီသုတေသန မှာတော့ virtual reality ကသရုပ်ပြ လှုပ်ရှား လုပ်ဆောင်တာ၊ တွန်းအား ပေးတာတို့မှာ ထိရောက်တယ်လို့ ဆိုခဲ့ပါတယ်။ Napolitano နဲ့သူ့ အဖွဲ့ဟာ ဒီသရုပ်ပြ ၀ိတ်ချ အလေ့အထက အ၀လွန် အမျိုးသမီး တွေမှာရော အလုပ် ဖြစ်သလား ဆိုတာ စမ်းသပ်ချင် နေခဲ့တာပါ။ ဒါကို စမ်းဖို့ အတွက် သူတို့အဖွဲ့ဟာ အ၀လွန် အမျိုးသမီး ၁၂၈ယောက်ကို စစ်တမ်း ကောက်ပါတယ်။ အမျိုးသမီး အားလုံး နီးပါးက လွန်ခဲ့တဲ့ တစ်နှစ် အတွင်း ၀ိတ်ချဖို့ ကြိုးစားခဲ့ သူတွေပါ၊ ဒါပေမယ့် အများစု ကတော့ virtual reality နည်းကို တစ်ခါမှ မသုံးဖူး ကြပါဘူး။ စစ်တမ်းအရ သူတို့ရဲ့ ၈၈ရာခိုင်နှုန်းက ဒီအစီအစဉ် သုံးပြီး ၀ိတ်ချဖို့ကို စိတ်ဝင်တစား ရှိကြပါတယ်။ (သူတို့ရဲ့ ကိုယ်စားပြု ဇာတ်ကောင် လေးတွေက ရည်မှန်းချက် ပန်းတိုင်ကို မြင်ယောင် လာစေတယ်လို့ ယုံကြည်ရင်းပေါ့။) ဒီလို မြင်ယောင် စေခြင်းက အမူအကျင့်တွေ ပြောင်းလဲ စေဖို့ ပိုမိုလွယ်ကူ စေတယ် ဆိုတာ လေ့လာချက်က ပြသပါတယ်။လေ့လာရေး အဖွဲ့ဟာ ကိုယ်ပွား ဇာတ်ကောင်က အစစ်အမှန် နေရာ လေးခုမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အလေ့အကျင့် တွေအကြောင်း သရုပ်ပြတဲ့ ဗွီဒီယိုတွေ ဖန်တီး ပါတယ်။ ပါဝင်တဲ့ အမျိုးသမီး တိုင်းက နည်းပညာ ၀ါသနာအိုးတွေ မဟုတ်ကြတော့ သူတို့ ဇာတ်ကောင်တွေကို ပြောင်းလဲ ပြုပြင်လို့ မရဘဲ ကြည့်လို့ ရရုံပဲ စီစဉ်ထား တာပါ။ ဒါပေမယ့် ဇာတ်ကောင် တွေရဲ့ ရုပ်ရည်ပုံပန်း ကိုတော့ (သူတို့ ပိုင်ရှင် တွေရဲ့) ကိုယ်ပိုင်ရုပ်နဲ့ အနီးစပ်ဆုံး တူအောင် ဖန်တီး ထားပါတယ်။ အဲဒီနောက် မှာတော့ အမျိုးသမီး ရှစ်ဦးကို လေးပတ် စမ်းသပ် အစီအစဉ် လုပ်ပေးပါတယ်။ သူတို့ဟာ တစ်ပတ်တစ်ခါ ဆေးခန်းကိုသွား၊ ၁၅မိနစ်စာ ဗွီဒီယိုကြည့်၊ အလေးချိန် ကျရေးနဲ့ လေ့ကျင့်ခန်း ဆိုင်ရာ ပန်းတိုင်တွေချ၊ အစားအသောက်နဲ့ လေ့ကျင့်ခန်းတွေ မှတ်တမ်း တင်လို့ပေါ့။ လေးပတ် အကြာမှာတော့ အဆိုပါ အမျိုးသမီး တွေဟာပျမ်းမျှ ၃.၅ ပေါင်စီလောက် ၀ိတ်ကျသွားတာ တွေ့ပါတယ်။ ဒါဟာ ပုံမှန် စားသောက် နေသူအတွက် သိပ်မထူးခြားတဲ့ အပြောင်း အလဲပါ။ ဒါပေမယ့် လေ့လာ သူတွေ ကတော့ ရေရှည်မှာ ကိုယ်ပွား ဇာတ်ကောင် လေးတွေက တဆင့် ကျန်းမာ စေမယ့် အကျင့် ကောင်းတွေ ရစေမယ်လို့ မျှော်လင့် နေဆဲပါ။ သူတို့ရဲ့ ပဏာမ တွေ့ရှိချက်ကို ခိုင်မာစေဖို့ ကတော့ ဒီနည်းလမ်းဟာ ၀ိတ်ကျတာကို ရည်ရှည် ထိန်းနိုင် မလားဆိုတဲ့ နောက်ထပ် သုတေသနတွေ ထပ်လုပ်ဖို့ လိုပါသေးတယ်။ From: MMYC Myanmar Youth Center
Posted on: Thu, 11 Jul 2013 23:07:57 +0000

Trending Topics



Recently Viewed Topics




© 2015