XF 2.2 သည် အိန္ဒိယတွင် - TopicsExpress



          

XF 2.2 သည် အိန္ဒိယတွင် ပထမဆုံးတပ်ဆင်သည့် ဂျာဂွါကားဖြစ်လာ 4.7.2013 ၂ ဒသမ ၂ လီတာဆံ့ ဆလင် ဒါလေးလုံး ဒီဇယ်မော်တာအင်ဂျင်တပ် XF 2.2 ဆီဒင်သည် အိန္ဒိယနိုင်ငံတွင် ပထမဆုံးတပ်ဆင်တည်ဆောက်သည့် ဂျာဂွါကားတစ်စီး ဖြစ်လာတော့မည် ဟု ဆိုသည်။ ယခင်က မွမ်ဘိုင်းကားပြခန်းများတွင် ဈေးနှုန်းအားဖြင့် အိန္ဒိယ ရူ ပီး ၄၆ သိန်းကျော် ရှိခဲ့သော ဂျာဂွါ XF 2.2 မှာ ၎င်း၏ပြိုင်ဘက် မာစီးဒီးစ်ဘင့်ဇ် E 250 CDI ၊ ဘီအမ်ဒဗလျူ 520 D ၊ အော်ဒီ A6 တို့ထက် ဈေးနှုန်း တွင် ရူပီး ၄ သိန်းမှ ၇ သိန်းခန့်ပိုများ နေသည်။ ဂျာဂွါ XF 2.2 ကို အိန္ဒိယတွင် တပ်ဆင်ထုတ်လုပ်ခြင်းဖြင့် ထုတ် လုပ်မှုစရိတ်လျော့ကျပြီး ရောင်းဈေး လျှော့ချနိုင်လိမ့်မည်ဟု ဂျာဂွါက ဆို သည်။ XF 2.2 ၏ အင်ဂျင်သည် လန်ဒ်ရိုဗာဖရီးလန်ဒါ 2 ၏ အင်ဂျင် နှင့် အတူတူပင်ဖြစ်ပြီး အော်တိုဂီယာ ၈ ချက်ဖြစ်သည်။မြင်းကောင်ရေ ၁၈၇ ကောင်သာ ထုတ်ပေးနိုင်သဖြင့် XF S ထက် မြင်းကောင်ရေ ၈၄ ကောင် လျော့နည်းသည်။ ဂျာဂွါ XF ဆီဒင်များကို V6 အင်ဂျင်ဖြင့်သာ ထုတ်လုပ်လေ့ရှိ သော်လည်း အိန္ဒိယဈေးကွက်အကြိုက် အင်ဂျင်ပါဝါ နည်းနည်း ၊ ဆီစားနည်း နည်းဖြစ်စေရန် ထုတ်လုပ်ခြင်း ဖြစ် သည်ဟု အိန္ဒိယ ကားဈေးကွက်လေ့ လာသူတို့က သုံးသပ်ကြသည် Auto World Journal
Posted on: Thu, 04 Jul 2013 06:29:26 +0000

Trending Topics



Recently Viewed Topics




© 2015