Yangon Media Group ဗုံးဖောက်ခွဲမှု - TopicsExpress



          

Yangon Media Group ဗုံးဖောက်ခွဲမှု နှင့် ပတ်သက်၍ KNU က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေ ======================================== လင်းအောင် ======================================== ရန်ကုန် ၊ အောက်တိုဘာ ၁၈။ ။ ယခု လအတွင်း ရန်ကုန်နှင့် အခြားမြို့ ကြီးများ တွင် ဗုံးဖောက်ခွဲသူများ အဖြစ် စွပ်စွဲခြင်းခံထားရသူများ မှာ ကရင်အမျိုးသားများဖြစ်၍ ကရင်အမျိုးသားအစည်းအရုံး KNU/KNLA တွင်တာဝန်ရှိ သည်ဟုခံယူသဖြင့် စုံစမ်းစစ်ဆေး မှုများ စတင်နေ ပြီဖြစ်ကြောင်း ဗဟိုအလုပ် အမှုဆောင်ကော်မ တီဝင်ဖဒိုမန်းငြိမ်းမောင် က ရန် ကုန်တိုင်းမ်သို့ပြောကြားသည်။ ဖဒိုမန်းငြိမ်းမောင်ကဒီ ကိစ္စနဲ့ပတ်သက်ပြီး လေ့လာစုံ စမ်းဆဲပဲ ရှိသေးတယ်။ KNU အဖွဲ့ကမဟုတ်ရင်တောင် ကရင် အမျိုးသားတစ်ယောက်၊ ကရင် တိုင်းရင်းသားတစ်ယောက်ဖြစ် တဲ့အတွက် KNU မှာတာဝန် ရှိတယ်လို့မှတ်ယူတယ်ဟုပြော ဆိုသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ အဖြစ်မှန်ပေါ်ပေါက်ရေးအတွက် အစိုးရနှင့် လက်တွဲ၍စုံစမ်းဖော် ထုတ်သွားမည်ဖြစ်ကြောင်း ယင်း ကဆက်လက်ပြော ဆိုသည်။
Posted on: Sat, 19 Oct 2013 05:26:39 +0000

Trending Topics



Recently Viewed Topics




© 2015