financeinburmese Just another WordPress - TopicsExpress



          

financeinburmese Just another WordPress siteစတော့ရှယ်ယာ Intro ၇င်းနှီးမြုပ်နှံမှူ စတော့ ဈေးကွက်ဆိုလျှုင်လူအများထင်ထားတာက ငွေအများကြီးရှိမှ ဖြစ်မယ် တစ်ချို့ ကလဲ ငါ့ မှာ ရင်းနှီးဖို့ ငွေအများကြီးမှ မရှိတာ ဘယ်လို ရင်းနှီးမြုပ်နှံပြီး စီးပွားရှာ မလဲ လို့ ဆိုတယ်။ ကမ္ဘာ့ အချမ်းသာ ဆုံးစာရင်းဝင် တစ်ယောက်ဖြစ် တဲ့  Warren E. Buffett က 1956 မှာ ငွေ 100 နဲ့ စတော့ ရှယ်ယာစတင် ခဲ့ ပြီး ယခု လက်ရှိ သူ့ ရဲ့ ပိုင်ဆိုင်မှူ က ဘီလီယံ 40 ကျော် ထိအောင်မြင်ခဲ့ တယ်။ လူဦးရေ 53 သန်းကျော်ရှိတဲ့ မြန်မာ တစ်နိုင်ငံလုံး အတိုင်းအတာ နဲ့ အကြွေးက 11ဘီလီယံ ရှိချိန်မှာ သူဋ္ဌေးတစ်ယောက် ရဲ့ တစ်ဦးတည်း ပိုင်ဆိုင်မှူ က 40 ဘီလီယံ ဆိုတာ အံသြချီးကျူးစရာ လို့ ကျွန်တော် မြင်ပါတယ်။ စတော့ ရှယ်ရာ ဈေးကွက် မှာ သဘောတရားနဲ့ နည်းပညာကို သိသူများအတွက် အနာဂတ် ဘ၀ ခိုင်လုံအောင် ငွေရှာပေးနိုင်တယ်ဆို တာ အမေရိကန် လူထုရဲ့ လူနေမှူ စတိုင်က သက်သေပြနေပါတယ်။ 2005 ရဲ့ ဆောင်းရာသီတစ်ခု မှာ Warren Buffett ကို ကျောင်းအင်တာဗျူး တစ်ခု မှာ ကျောင်းသား တစ်စု က ဘယ်လို ဈေးကွက်အခြေအနေမှာ ရင်းနှီးမြုပ်နှံဖို့ အကောင်းဆုံးလဲ လို့ မေးတော့ သူ က ” most of the time, are appropriate” လို့ ဖြေခဲ့ တယ်။ စတော့ရှယ်ယာ ဆို တာ ဈေးကွက်မှာ ကိုယ်ကြိုက်တဲ့ ကုမွဏီ ကို သဘောတွေယုံ နဲ့ ခန့် မှန်း ပြီး ၀ယ်တာမျိုးမဟုတ်ပဲ သေချာ analysis လုပ်ပြီးဝယ် ရင် undervalued stock လို့ ခေါ်တဲ့ ဈေးတန်တဲ့ စတော့ တစ်ခု တည်းနဲ့ တင် သင့် ကိုချမ်းသာအောင် လုပ်ပေးနိင်တယ် လို့ ဆိုခဲ့ တယ်။ စတော့ ရှယ်ယာမှာ လောင်းကစားလုပ်သလို ထင်ရာကို ခန့်မှန်းပြီး ၀ယ်တဲ့ ရင်းနှီးမြုပ်နှံသူများရှူံးကြတာကို ကြားဖူးမှာပါ။ အချို့ ကလဲ short term ၇ည်ရွယ်ချက်နဲ့ Risk များတဲ့ company ကို ၀ယ်ပြီး သေရင်မြေကြီး ရင်ရင် ရွေထီး လုပ်ကြတဲ့ သူ ရှိသလို long term နဲ့ သေချာ တွက်ချက်ဆုံးဖြတ် ပုံမှန်ဝင်ငွေ ရရှိပြီး တိုးတက် ကြီးပွားအောင်မြင်နေသူ ကလဲ ဒုနဲဒေးပါပဲ၊ အမှန်တစ်ကယ်တော့ ကျွန်တော့ အမြင်ပြောရရင် အချိန်အနည်းပေးပြီး လေ့လာ၊ သေချာ နည်းပညာ နဲ့ Analysis လုပ်ပြီး investment လုပ်မယ်ဆို ရင် စတော့ ရှယ်ယာ ဆိုတာ အောင်မြင်တိုးတက်လို ၊ ကြီးပွားချမ်းသာလို တဲ့ လူငယ်များအတွက် စီးပွားရေး လမ်းကြောင်းတစ်ခု ဆိုရင်မမှားပါဘူး။ စတော့ ရှယ်ရာ ရဲ့ ဈေးအတက်အကျ ဆိုတာ ကုမဏီရဲ့  fundamental အချက်အလက်တွေပေါ်မှာ အများကြီးမှူတည်နေပါတယ်။ ရှယ်ယာတစ်ခု ကိုမ၀ယ်ခင်မှာ ကုမွဏီရဲ့ performance ကို သေချာ valuation လုပ်ဖို့ လိုပါတယ်။ ထိုသို့ လုပ်ရန်ကျွန်တော် နောက်ပိုင်း မှာ သင်ပြတဲ့ နည်းပညာများက အရေးပါသလို ၊ သူများ ရောင်းရင်လိုက်ရောင်းပြီး သူများဝယ်ရင်လိုက်ဝယ် တဲ့ အများနောက်လိုက် မဖြစ်ဖို့ နဲ့ emotional မဖြစ်ဖို့  ဆိုတာလဲ အရေးကြီး ပါတယ်။ Nature Of Investing ရင်းနှီးမြုပ်နှံမှူရဲ့ သဘောသဘာဝ အခြေခံ Buy low, sell high စတော့ရှုယ်ယာရောင်းဝယ်မှူ ရဲ့ ရိုးရှင်းပြီးအခြေခံ ကျတဲ့ အချက် က buy low and sell high ဈေးချို ချို နဲ့ ဝယ် နိင်ရေးနဲ့ ဈေးမြင့် မြင့် နဲ့ ပြန်ရောင်းနိုင်ရေး ပါ။ ရိုးရှင်းတယ်လို့ ဆိုပေမယ့် လုပ်ဖို့ ခက်ခဲ တဲ့ စီးပွားရေးအခြေခံ တစ်ခု ဆိုတာ ရောင်းဝယ်ရေးလုပ်တဲ့ သူတိုင်းအသိဖြစ်ပါလိမ့်မယ်။ အောက်ပါဇယား က 1998 ကနေ 2006 Jan လ အတွင်း stock Mutual Fund ဈေးကွက် ထဲ ကို ၀င်လာတဲ့  ငွေပမာဏ နဲ့ S&P 500 လို့ ခေါ်တဲ့ စတော့ index ဈေးအတက်အကျပြ ဇယားပုံ ပါ။ 2000 ခုနှစ် index ဈေးမြင့် ချိန်မှာ ငွေအလုံးအရင်းနဲ့ 60 ဘီလီယံထိ ဈေးကွက်ထဲကိုဝင်ခဲ့ ပြီး 2003 မှာ နိုင်ငံရေး အပြောင်းအလဲ ကြောင့်သော်ဋ္ဌင်း ၊ အခြား အကြောင်းအမျိုးကြောင့် index ကျချိန်မှာ investor အများစုက သူတို့ ရဲ့  ရှယ်ယာများကို ထုတ်ရောင်းခဲ့ ကြပါတယ်။ စတော့ ရှယ်ယာ ရောင်းဝယ်ရေးမှာ ပညာဥာဏ်အရေးပါသလို စိတ်ဓတ်ကြံခိုင်ရေးနဲ့ emotional မဖြစ်ရေး တို့ ကလဲ အရေးပါတယ်ဆို တာ သက်သေပြနေပါတယ်။ The power of Compound Interest ငွေကြေးချမ်းသာမှူ ဆိုတာ အမှန်တစ်ကယ် တော့ အချိန်ယူရပါတယ်။ လူငယ် အများစု က နေ့ ချင်းညချင်း ကြီးပွား လိုစိတ်ရှိတတ်ပါတယ်။ အဲဒီလို နေ့ ချင်းညချင်းဖြစ်ဖို့ ဆိုတာ မဖြစ်နိုင်ဘူးလို့ မ ဆိုလို ပေမယ့် အဲ ဒီစိတ်ဓတ်ဟာ ကြိုးစားအားထုတ်လိုမှူ ကို ချစားပြီး လူငယ်အများစု ကိုဒုက္ခပေးတတ်ပါတယ်။ ဆိုပါစို့  အန်စာတုံး တစ်ခု ၊ မျက်နှာ စာ ခြောက်ခု ရှိရာ မှာ ငါးဘက် က (0) ဖြစ်ပြီး ကျန်တစ် ဘက် တည်း က (1) ဆိုရင် ခြောက်ကြိမ်လိမ့် ရင် (1) ကျ ဖို့ ရာခိုင်းနှန်း က တစ်ကြိမ် ပဲ ၇ှိတယ် ဆိုတာလက်ခံလိမ့်မယ် လို့ ယုံကြည်ပါတယ် ။ လူငယ်များအနေနှင့် ကြက်ကန်းဆန်အိုးတိုး ပွပေါက် မျိုး နောက်ကို မလိုက်သင့် ပဲ ဘ၀ချမ်းသာကြွယ်ဝရေးကို အခြေခံ ကျကျ အချိန်ယူပြီး ပညာဆည်းပူး စီမံခန့် ခွဲ ပြီး ၇ည်မှန်းချက်အပြည့်နဲ့ လုပ်ဆောင်မယ် ဆိုရင် သင့် ဘ၀ ချမ်းသာ အောင်မြင်ရေးဆိုတာ မြေကြီးလက်ခတ်မလွဲပါပဲ။ Compound interest ဆိုတာ စနစ်တစ်ကျ ငွေကြေးတိုးပွားလို သူများသိထားသင့် တဲ့ Theory ပိုင်းဆိုင်ရာ သဘောတရားတစ်ခု ပါ။ Compound interest မှာ အချက်သုံးချက် ပါဝင်ပါတယ်။ * Rate of return တိုးပွားနန်း * The amount of time ရင်းနှီးမြုပ်နှံမှူ အချိန်မမာဏ * The amount of money invested လက်ရှိ ငွေကြေးပမာဏ ဆိုပြီး ရှိပါတယ်။ ကျွန်တော်ဒီနေမှာ ကြားဖြစ်ပြီး စာအုပ်လေးတစ်အုပ်ကို ဖတ်ဖို့ အကြံပြု ပါရစေ။ စာအုပ်နာမည် က ” The richest man in Babylon” လို့ ခေါ်ပါတယ် ။ ဖေမြင့် ဘာသာပြန်ပြီး ” ဘေဘီလုံ မှာ အချမ်းသာဆုံး ပုဂ္ဂိုလ် ” ပါ။ စာအုပ်က ပါးတယ် ဆိုပေမယ့် ဘ၀မှာ ချမ်းသာကြွယ်ဝဖို့ အကြံကောင်းတွေအများကြီး ပါတဲ့ စာအုပ်ပါ။ အဲဒီစာအုပ်ထဲ ကအကြံပေးချက်တစ်ခု ဖြစ်တဲ့ သင့် ဝင်ငွေရဲ့  ဆယ်ရာခိုင်နန်း ကို သင် က စုမယ် ဆိုရင် အဲဒီ စုငွေ ကို ဒီအတိုင်းစုထားမလား ဒါမှမဟုတ် (6%) ခြောက် ရာခိုင်နန်း ပေးတဲ့ investment ရင်းနှီးမြုပ်နှံမှူ တစ်ခု မှာ စုထားမလားဆို ရင် သင့် အနေ နဲ 6%investment မှာ စုထားမယ် လို ဆိုမယ်။ ဘာလို့ လဲဆိုတော့  ဒီအတိုင်းထားရင် inflation လို့ ခေါ်တဲ့ ငွေဖောင်းပွမှူက သင့် စုငွေ ကို တန်ဖိုးလျော့ စေမှာမို့ ဖြစ်တယ် ။ အကယ်၍ စုငွေကို ဘယ်ရင်းနှီးမြုပ်နှံ မှူမှာ ထားမလဲ 6% လား ၊ 9% လား ၊ 12% လားဆို ရင် အားလုံးက ငွေ 3 ကျပ် လောက်ပဲ ကွာတာမို့  သင် က ဘယ်ဟာပဲ ဖြစ်ဖြစ်သိပ်မထူးပါဘူး လို့ ဆိုမယ်။ အောက်ပါဇယားကို ကြည့် ပါ။ စ စုတဲ့ ငွေ ပမာဏချင်း တူပေမယ့်  စုငွေ အကြိမ် 40 ကြာလို့ ၇လဒ်ကို ကြည့် လိုက် ရင် 6% စုငွေ က သိန်း 100 ကျော်ပြီး ၊ 12% စုငွေက သိန်း 900 ကျောင် 8ဆ လောက် ကြီးနေတာတွေပါလိမ့် မယ်။ compound interest ရဲ့ power ပါ။ ဒီအခြေခံ ကျတဲ့ အချက်လေးတစ်ချက် တည်းကပင် သင့် ရဲ့ ဝင်ငွေကို 8ဆ ကျော် အောင် လုပ်ပေးနိုင်စွမ်းရှိတယ်ဆိုတာ လက် တွေ့ တွက်ချက်ကြည့်ပါ။ Compound Interest Leads to mazing Growth NumberWith an Investment Return of: of Years6%9%12% 1$10,600$10,900$11,200 211,23611,88112,544 311,91012,95014,049 412,62514,11615,735 614,18516,77119,738 815,93819,92624,760 1220,12228,12738,960 1625,40439,70361,304 2032,07156,04496,463 2440,48979,111151,786 2851,117111,671238,839 3264,534157,633375,817 3681,473222,512591,356 40102,857314,094930,510 (Note: Annual compounding is assumed.) အမှန်တစ်ကယ်တော့  ခိုင်လုံ တဲ့ ဘ၀ နဲ့ ငွေကြေးချမ်းသာ မှူ ရဖို့ ဆိုတာ လက်ရှိ ငွေအရင်းအနှီး များများ ရှိရမယ် ဆိုတာမမှန်ကန်ပါဘူး။ အဓိကကျတဲ့ အရာက Rate of return လို့ ခေါ်တဲ့ တိုးပွားနုန်းပါ။ လက်ရှိငွေကို သင်က 6% နဲ့ တိုးပွားအောင်လုပ်နေတာလား ဒါမှမဟုတ် 12 % တိုးပွားအောင် လုပ်နေတာလား ဆိုတဲ့ အပေါ်မှာမှူတည်နေပါတယ်။ ထိုအရာများက လဲ့ သင့် ရဲ့ ကြိုးစားအားထုတ်မှူ နဲ့ လေ့လာသင်ယူမှူအပေါ်မှာ အဓိက မှူတည်နေပါတယ်။ သင့် ဘ၀ရဲ့ ငွေကြေးပြည့် ဆုံမှူ က ကံကောင်းမှ လို့ ဆိုတာထက် သင့် ရဲ့ ဆုံးဖြတ်ချက်၊ ကြိုးစားလုံလပြုမှူ ၊ တစ်ကယ်ဖြစ်ချင် တစ်ကယ်လုပ် အဟုတ်ဖြစ်၇မည် ဆိုတဲ့ စိတ်ဓတ်ပေါ်မှာ မှူတည်ကြောင်း …..။ သင့် ငွေကြေး တိုးတက်ရန် ယနေ့  လုပ်ဆောင် ရန် အချက် 4 ချက် * ယခု ပင် အကြံပေးချက် 8 ချက်အတိုင်းလုပ်ဆောင်ပါ။ သင့် မှာ လက်ရှိ ငွေ ဘယ်လောက် ၊ နောင် ဘယ်နှစ်လအတွင်း ငွေဘယ်လောက်ရအောင်ရှာမည် တိတိကျကျ အသေးစိတ် ကို သင့် ရဲ့ မှတ်စုစာအုပ်တွင် ချရေးပါ။ * သင် ဒီလ အတွက် ငွေ ဘယ်လောက်သုံးမလဲ ဘတ်ဂျက် ဆွဲပါ၊ financeinburmese မှ ကူးယူဖော်ပြသည်။
Posted on: Mon, 10 Jun 2013 18:29:09 +0000

Trending Topics



Recently Viewed Topics




© 2015