mp3 link - TopicsExpress



          

mp3 link reverbnation/play_now/19883160?utm_campaign=a_public_songs&utm_medium=facebook&utm_source=page_object_news_item ဒီသီချင်းလေးကတော့ ညီမလေး Hsu Myat ဖန်တီးထားတဲ့ သံစဉ်လေးကို ကျနော် စာသားဖြည့်သွင်းထားတဲ့ ကိုယ်ပိုင်သံစဉ် သီချင်းသစ်လေးပါ။ piano နဲ့ strings သံလေးတွေကို ညီမလေး ဆုမြတ်ကပဲ တီးခတ်ပေးထားပါတယ်။ vocal, harmony နဲ့ guitar ပိုင်းတွေကိုတော့ ကျနော်လုပ်တတ်သလောက်လေး ကြိုးစားဖန်တီးထားပါတယ်။ original သီချင်းလေးတွေ မတင်ဖြစ်တာကြာပြီမို့ ဒီသီချင်းလေးမှာ ကျနော်တို့ ဂီတမောင်နှမနှစ်ယောက် အတတ်နိုင်ဆုံးကြိုးစားထားပါတယ်။ မအားလပ်တဲ့ကြားထဲက သီချင်းလေးကို အလှပဆုံးဖြစ်အောင် တီးခတ်ပေးတဲ့ ညီမလေးဆုမြတ်နဲ့ နားဆင်အားပေးကြမယ့် သူငယ်ချင်းတွေအားလုံးကို ကျေးဇူးအထူးပဲတင်ပါတယ်ခင်ဗျာ။ သီချင်းလေးက အခုရာသီဥတုနဲ့ သိပ်မကိုက်ညီလှပေမယ့် သူငယ်ချင်းတွေအတွက် ကျေနပ်နှစ်သက်မှုလေးတစ်ခုတော့ ရရှိနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်။ :) P.S please click HD for better audio quality :) မိုးရဲ့အကြည့် Verse: ဆုံခဲ့ဖူးတဲ့ သည်မိုးတစ်နေ့ဆီ ရင်ခုန်သံရွက်လွှင့်ခဲ့ပြီ အတိတ်ဟာ သာယာငြိမ်းချမ်းလို့နေသည် ဝဿန်ရဲ့မိုးထဲ ဆုံတွေ့ခဲ့မိ အညိုရောင်မျက်ဝန်းလေးများဆီ ညှို့ငင် သာယာလွမ်းတေးကျူးနေမိ Pre: တိမ်ညိုတွေရယ်မျောလွင့်နေဆဲ သူလေဘယ်ဆီနေလဲမသိ လေနှင်ရာသူ အဝေးသို့နှင်ပြီ ဒီရင်ခွင်ကို သူမေ့ခဲ့ပြီ CHO: လွင်ပြင်ဆီမှာရွာတဲ့မိုးတွေ ရင်ကိုသွန်းဖြိုးစိုနစ်ခဲ့ပြီ တိုင်းရှစ်ခွင်အုံ့မှိုင်းမိုးသားများရယ် ညိုရီမျက်ဝန်းထိ ကံကြမ္မာကိုမလွန်ဆန်ခဲ့ပါ စေရာမင်းလေးထွက်ပြေးခဲ့ပြီ အတိတ်တို့ဟာ နင်ထားခဲ့တဲ့အတိုင်းသာ တည်နေကမ္ဘာဆုံးထိ မိုးရဲ့အကြည့် Ending: လွင်ပြင်ဆီမှာရွာတဲ့မိုးတွေ ရင်ကိုသွန်းဖြိုးစိုနစ်ခဲ့ပြီ တိုင်းရှစ်ခွင်အုံ့မှိုင်းမိုးသားများရယ် ညိုရီမျက်ဝန်းထိ ကံကြမ္မာကိုမလွန်ဆန်ခဲ့ပါ စေရာမင်းလေးထွက်ပြေးခဲ့ပြီ အမြဲတမ်းသာကြေကွဲတမ်းတလွမ်းနေ ဒါတွေသူတော့မသိ မိုးရဲ့အကြည့်
Posted on: Sun, 26 Jan 2014 08:32:16 +0000

Trending Topics



tyle="margin-left:0px; min-height:30px;"> Good morning. Ms. or Mr. M money I pay particular private all
So often we place importance on the wrong things. We teach our
✔ Whats Hot Today: Matte Dark Silver Czech Glass Cube Seed Beads
ALL THINGS ARE NEW IN CHRIST “Therefore if any man be in
Welcome to the club David Moberg Karlson. Nice link up with Sess
On the 50th anniversary of the formation of the Federation of

Recently Viewed Topics




© 2015